Sunday, August 25, 2013

ကျနော်လှန်လှောကြည့်မိသောအင်္ဂလိပ်စကားလုံးများ (၂)

ဒီတပတ်ကျနော်လှန်လှောကြည့်မိသောအင်္ဂလိပ်စကားလုံးများတွင်တော့ invaluable နဲ့ priceless ဆိုတဲ့ ဝေါဟာရ ၂ လုံးအကြောင်းစတင်တင်ပြပါရစေ။ ထိုစကားလုံး ၂ လုံး ၏ အဓိပ္ပါယ်ကို ယေဘူယျ အကြမ်းဖျဉ်း ကျနော်တို့ တခြားစကားလုံးများကြားညှပ်ဖတ်သွားရင်းနဲ့ အဓိပ္ပါယ်ပြန်ဖြစ်နိုင်ပါက တန်ဖိုးမရှိသော ဟူ၍ ပြန်ဖြစ်ကောင်းပြန်ဖြစ်နိုင်ပါသည်။ သို့သော် ထိုစကားလုံး နှစ်လုံး၏ အဓိပ္ပါယ်သည် ထိုကျနော်ပြန်ဖြစ်နိုင်သည့် အဓိပ္ပါယ်နှင့် လုံးဝပြောင်းပြန်ဖြစ်နေသည်ကို သိရှိရသည့်အတွက် ထိုစကားလုံး ၂လုံးအားဖေါ်ပြပေးလိုက်ခြင်းဖြစ်ပါသည်။
invaluable ကို Oxford dictionary တွင် အောက်ပါအတိုင်း အဓိပ္ပါယ်ပြန်ဆိုထားသည်ကို တွေ့ရှိရပါသည်။
extremely useful အလွန်အမင်းတန်ဖိုးရှိသော ဟု အဓိပ္ပါယ်ရပါသည်။  very valuable and useful ဟုလည်းအဓိပ္ပါယ်ရပါသည်။ valuable ၏ ဆန့်ကျင်ဘက်အဓိပ္ပါယ်ထွက်သည့် စကားလုံးမှာ valueless သို့မဟုတ် worthless ဖြစ်ပါသည်။ invaluable ၏ အသုံးအနှုန်းကို invaluable help/ information/ support အလွန်တန်ဖိုးရှိသော အကူအညီ/ သတင်း/ထောက်ပံ့မူ စသဖြင့် သုံးနှုန်းသည်ကို တွေ့ရှိရပါသည်။ ထိုနည်းတူစွာပင်
priceless  ဆိုသော ဝေါဟာရသည်လည်း ကျနော်တို့ထင်နိုင်သလို အနှုတ်သဘောဆောင်သည့် အဓိပ္ပါယ်ထွက်မည့်အစား အလွန်အပေါင်းလက္ခဏာဆောင်သည့် အဓိပ္ပါယ်ထွက်သည်ကို တွေ့ရှိရပါသည်။
priceless ကို Oxford dictionary တွင် extremely valuable or important ဟု အဓိပ္ပါယ်ပြန်ထားပါသည်။ အလွန်အမင်းတန်ဖိုးရှိသော သို့မဟုတ်အလွန်အမင်းအရေးကြီးသော ဟု အဓိပ္ပါယ်ရပါသည်။ ၄င်း၏ အသုံးအနှုန်းကို a priceless collection of antiques (အလွန်အမင်းတန်ဖိုးရှိသော ရှေးဟောင်းပစ္စည်းများစုဆောင်းမှုတခု) /priceless information အလွန်အမင်းတန်ဖိုးရှိသော သတင်းအချက်အလက်  အစသဖြင့် တွေ့ရှိရပါသည်။
priceless ၏ တခြားအဓိပ္ပါယ်တခုမှာ (informal) extremely amusing အလွန်အမင်းရယ်စရာကောင်းသောဟု အဓိပ္ပါယ်ရပါသည်။ You should have seen his face..... it was priceless! (မင်းသူ့မျက်နှာကို တွေ့ပြီးပြီလား။ အရမ်းရယ်စရာကောင်းတယ်။   ဟု အဓိပ္ပါယ်ရပါသည်။
price ၏ နောက် Idiom အသုံးအနှုန်းတခုကိုလည်း တင်ပြလိုပါသည်။ ယင်းမှာ at any price (whatever the cost or the difficulties may be) ဘယ်လောက်ပဲကုန်ကျပါစေ။ ဘယ်လောက်ပဲအခက်အခဲရှိပါစေ။ ဘာပဲဖြစ်နေဖြစ်နေ ရအောင်လုပ်မှာပဲ ဆိုသည့် အဓိပ္ပါယ်ရပါသည်။ အသုံးဝါကျလေးကို လေ့လာကြည့်ပါ။ We want peace at any price. ဘယ်လောက်ပဲအခက်အခဲရှိပါစေ ငါတို့ ငြိမ်းချမ်းရေးကို လိုချင်တယ်ဟူ၍ အဓိပ္ပါယ်ရပါသည်။
နောက်တပတ်ပြန်ဆုံပါမည်။
ထားမည့်စာကိုဒီနေရာမှာရေးပါ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment