Friday, August 2, 2013

ကျနော်လှန်လှောကြည့်မိသောအင်္ဂလိပ်စကားလုံးများ (၁)

ကျနော် အင်္ဂလိပ်အဘိဓာန်လှန်လှောကြည့်ရင်းခံစားမိတတ်သည့် ခံစားချက်များအကြောင်း ကျနော်ကျက်စားရာ ခေါင်းစဉ်ဖြင့် တကြိမ်ရေးသား တင်ပြဖူးပါသည်။ ယခုအခါတွင်တော့ ကျနော်အင်္ဂလိပ်အီဒီယံများအကြောင်းဖတ်ရင်း မသိသေးသည့် အင်္ဂလိပ်ဝေါဟာရများ ကိုလှန်လှောရင်းဖြင့် ဘ၀တွင်လိုအပ်သည့် ဖီလော်ဆိုဖီများကိုလည်း ဖတ်မိရာ တခြားသူများကိုအင်္ဂလိပ်စာနှင့် ထိုဘ၀ဒဿနများကို ဝေငှချင်စိတ်ပေါက်လာသဖြင့် ဤခေါင်းစဉ်ဖြစ်သည့် ကျနော်လှန်လှောကြည့်မိသောအင်္ဂလိပ်စကားလုံးများကို နံပါတ် စဉ်ထိုးကာ ရေးသားတင်ပြလိုက်ပါသည်။ စာဖတ်သူများအနေဖြင့် ကျနော့်ထက်အင်္ဂလိပ်စာတော်သူများလည်းရှိချင်ရှိ ပါမည်။ သို့သော်လည်း မဖတ်မိသေးတာဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဘာပဲဖြစ်ဖြစ်ယူသော် ရနိုင်ပါသည်။  ယနေ့ကျနော်ဖတ်မိသော အင်္ဂလိပ်အီဒီယံတခုမှာ in bad sorts  ဟူ၍ဖြစ်ပြီး အဓိပ္ပါယ်မှာ in bad humour စိတ်ခံစားမှုမကောင်းသောအနေအထား အခြေအနေ လို့အဓိပ္ပါယ်ရပါတယ်။ အဲဒီအီဒီယံကို လက်တွေ့သုံးထားတဲ့ စာကြောင်းနှစ်ကြောင်းကို ဆက်လက်ဖတ်ကြည့်ရာပထမ စာကြောင်းကတော့ Bill is in bad sorts today. He's very grouchy. ဘီလ်ဟာဒီနေ့သိတ်မပျော်ဘူး။ တနေ့လုံးသူဆင်ခြေတက်နေတယ်။ လို့ အဓိပ္ပါယ်ရပြီး ဒုတိယစာကြောင်းကတော့ ကျနော်နှစ်သက်တဲ့စာကြောင်း ကျနော်ဝေငှချင်တဲ့ စာကြောင်းဖြစ်ပါတယ်။ ဘ၀အတွက် ဒဿနတခုလို့မြင်မိပါတယ်။ ဆက်ဖတ်ကြည့်ပါ စာရူသူ။  I try to be extra nice when I'm in bad sorts. ကျနော် စိတ်ခံစားချက်မကောင်းတဲ့အခြေအနေတွေမှာ (ရှင်းရှင်းပြောရရင် ကျနော်မပျော်တဲ့အချိန်မှာ )သူများအပေါ်မှာ အပိုကောင်းကောင်းလေးတွေ ကြိုးစားပြီး လုပ်ပေးတယ်လို့ အဓိပ္ပါယ်ရပါတယ်။   အဲဒီလိုလုပ်တဲ့သူဟာ တခြားသူတွေစိတ်ချမ်းသာအောင်လုပ်တဲ့သူဟာ သူ့မှာ ဒီနေ့ခံစားနေရတဲ့ မပျော်ရွှင်တဲ့အခြေအနေတွေဟာ နောင်အနာဂါတ်ကာလတွေမှာ နည်းသထက်နည်းသွားနိုင်ပါတယ်။ ဘ၀အတွက် အရေးကြီးတဲ့ဒဿနတခုလို့မြင်မိပါတယ်။
နောက်အီဒီယံတခု အဲဒါက ကျနော်ဖတ်ထားတာကြာပြီ ဒါပေမဲ့ ကျနော်မဝေငှဖြစ်သေးဘူး။ အဲဒါကြောင့် ဒီကနေ့ ဝေငှလိုက်ပါတယ်။ ဖတ်မိဖူးထားသူများရှိရင်လည်း ပိုသတိထားမိသွားတာပေါ့။ ဖတ်ကြည့်ပါမိတ်ဆွေ ဘ၀အတွက် အားရှိသွားမယ်။ When you are getting old, your things will be better organized. မင်း အသက်အရွယ်ရလာတဲ့အခါ မင်းရဲ့အရည်အချင်းတွေဟာ ပိုလို့တခုနဲ့တခုအဆက်အစပ်ရှိရှိစုစုရုံးရုံးစည်းစည်းရုံးရုံး ရှိလာမယ် လို့အဓိပ္ပါယ်ရပါတယ်။ အသက်အရွယ်ကြီးရင့်လာတိုင်းအားငယ်စရာမဟုတ်။ ကိုယ့်ရဲ့အတွေ့အကြုံတွေကို ပိုလို့ အဆက်အစပ်ရှိစွာ အသုံးပြုလာနိုင်မယ်။ ဒါတကယ်လည်းဟုတ်ပါတယ်။ ကျနော် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်အရွယ်က ကျနော့် ၇ဲ့ကိုယ်တွေ့အတွေ့အကြုံတွေအပေါ် ကိုယ့်ရဲ့လေ့လာချက်တွေအပေါ်စာပြန်ရေးနိုင်တာထက် အခု စာပြန်ရေးနိုင်တာ ပိုလို့သွက်လက်လာတယ်လို့ထင်တယ်။ ပိုရေးလာနိုင်တယ်လို့ထင်တယ်။ အတွေ့အကြုံတွေကို ပိုလို့အသုံးချနိုင်စွမ်းရှိလာတယ်လို့မြင်ပါတယ်။ ဒီတပါတ်တော့ ကျနော်လှန်လှောကြည့်မိသောအင်္ဂလိပ်စကားလုံးများ ကိုတော့ ဒီနေရာမှာပဲနားလိုက်ပါရစေ ခင်ဗျား။

 ဖော်ထားမည့်စာကိုဒီနေရာမှာရေးပါ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment