Monday, July 29, 2013

တပိုတိုက်ပွဲအတွေ့အကြုံ အပိုင်း ၁

ကျနော် အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်သားဘ၀ ဖြတ်သန်းစဉ်ကာ လ ဗဟိုစစ်ရေးဌာနတွင် စစ်ရေးဌာနအတွင်းရေးမှူး အထိတာဝန်ထမ်းဆောင်ခဲ့ဖူးသော်လည်း တိုက်ပွဲအတွေ့အကြုံမှာ အနည်းငယ်သာရှိပေသည်။ ထိုတိုက်ပွဲအတွေ့အကြုံများမှာ ကော့မူးရာဝမ်းခစခန်း တိုက်ပွဲအတွေ့အကြုံ ဥူးသုထ တိုက်ပွဲအတွေ့အကြံ နဲ့ တပို တိုက် အပွဲအတွေ့အကြုံတို့ဖြစ်ပါတယ်။ ကျနော်အနေဖြင့် ပထမတိုက်ပွဲ၂ ခုဖြစ်တဲ့ ကော့မူးရာဝမ်းခနဲ့ ဥူးသုထ တိုက်ပွဲအတွေ့ အကြုံများကို ရေးသားမှတ်တမ်းတင်ခဲ့ပီးဖြစ် ပါတယ်။ ဒီတခါ တော့ ကျနော် ရေးမယ်လို့ အချိန်အတော် အကြာကတည်းက ရည်ရွယ်ထားခဲံတဲ့ တပိုတိုက်ပွဲအတွေ့အကြုံကို တင်ပြသွားပါ့မယ်။ ကျနော့်အတိုက်အပွဲအတွေ့အကြုံ ဆိုတာကလည်း ရန်သူနဲ့ နှစ်ဘက် မျက်နှာချင်းဆိုင် သူပစ်ကိုယ်ပစ် အနေအထားမျိုးအထိ ကျနော် တကြိမ်တခါမှ မကြုံဆုံခဲ့ဖူးပါ။ သို့သော်လည်း လက်နက်တွေနဲ့ ပစ်ခတ်နေတဲ့ အသံတွေကြားနေရတယ် ဒီပစ်ခတ်တဲ့ လက်နက်တွေရဲ့ ထိရောက်တဲ့ ဧရိယာအ၀န်းအ၀ိုင်းအတွင်းမှာ ကျနော်ရှိနေတယ် ယခု နောက်ဆုံးတင်ပြမဲ့ တပိုတိုက်ပွဲမှာ တော့ ဘယ်လိုရန်သူကို တုန့်ပြန်တိုက်ခိုက်သင့်တယ်လို့ ဆုံးဖြတ်ချက်ချတဲ့ အ၀န်းအ၀ိုင်းတွင်မှာပါဝင်ခဲ့တယ် စတဲ့ အခြေအနေတွေအပေါ်မှာ မူတည်ရေးသားထားတဲ့ တိုက်ပွဲအတွေ့အကြုံတွေပဲဖြစ်ပါတယ်။ တပိုဆိုတဲ့ နေရာကတော့ မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်းပုလောမြို့နယ် ပုလောနဲ့ မြိတ်အကြားက ရွာလေးတရွာပဲဖြစ်ပါတယ်။ ကျနော်ပါဝင်ခဲ့တဲ့ အဲဒီတပိုတိုက်ပွဲက တော့ ပထမဆုံးအဲဒီရွာမှာဖြစ်တဲ့တိုက်ပွဲတော့မဟုတ်ဘူး။ အဲဒီအကြိမ်မတိုင်ခင်ကလည်း ကျောင်းသားတပ်မတော် နဲ့ အဲဒီအချိန်က န၀တ စစ်အစိုးရ၇ဲ့ တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ဖူးရာမှာ တပိုရွာကစေတီးအနီးဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ကျောင်းသား တပ်မတော်က တပ်စုမှူး ဇော်နိုင်အောင် (ထားဝယ်ကောလိပ် ပထမနှစ်သို့မဟုတ် ဒုတိယနှစ်ကျောင်းသား) ထားဝယ် ကျဆုံးခဲ့ဖူးပါတယ်။ ကျနော်ပါဝင်ပီးဖြစ်ပွားခဲ့တာက ဒုတိယကြိမ်ဖြစ်ပါတယ်။ အစက အဲဒီရွာမှာ တိုက်ပွဲဖြစ်မယ်လို့ ထင်မထားခဲ့ပါ။ အချိန်က ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့ဖြစ်ပါတယ်။ စတင်ဖြစ်ပွားချိန်က မနက် ၁၀ နာရီကျော်ကျော်လောက်မှာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမဖြစ်ပွားခင်အခြေအနေလေးတွေကို အရင်ရေးသားတင်ပြရင် ပိုပီးသင့်တော်မယ်ထင်လို့ အဲဒီတိုက်ပွဲမတိုင်မီက နောက်ခံအခြေအနေလေးတွေကို ပြန်လည်တင်ပြပါရစေ။ ၁၉၉၂ မှာ မကဒတ (ABSDF)ကွဲပြီးစကာလ မှာ မြန်မာပြည်တောင်ပိုင်း ကေအန်ယူ တပ်မဟာ ၄ ဒေသ မြိတ်ထားဝယ်ခရိုင်မှာ အခြေစိုက်နေတဲ့ ကျောင်းသားတပ်မတော် တပ်ဖွဲ့တွေမှာ တပ်ဦးမကွဲခင်က တပ်ရင်း ၂၀၁ မင်းသမီးစခန်းတပ်ဖွဲ့နဲ့ တပ်ရင်း ၂၀၃ မို့တောင်စခန်းတပ်ဖွဲ့ ၂ ခုသာရှိပေမဲ့ တပ်ရင်း ၅ ခုအထိဖြစ်လာပါတယ်။ ၂၀၁ က ၃ခု ဖြစ်လာပါတယ်။ အကြမ်းအားဖြင့် ခေါ်မယ်ဆိုရင်တော့ ၂၀၁ (နိုင်) ကျနော်တို့ ၂၀၁ (မိုး) ကိုကျော်ယျ တို့နဲ့ ၂၀၁ ဘက်မလိုက် ကိုဝင်းထိန်(ထက်အောင်ကျော်)တို့ဖြစ်ပြီး ၂၀၃ (နိုင်) ကိုသောင်းထွန်း တို့နဲ့ ၂၀၃ (မိုး) ကိုထိန်လင်း တို့ဖြစ်ပါတယ်။ ၂၀၁ (မိုး) ကိုကျော်ယျတို့က ၂၀၂ အနေနဲ့ရပ်တည်ဖို့အတော်ကိုကြိုးစားခဲ့ပါသေးတယ်။ တပ်မဟာမှူး ဗိုလ်မှူးကြီး အော်လီဗာက တပ်ရင်းအသစ်နံပါတ်နဲ့တော့ မလုပ်ပါနဲ့ အကြံပေးလို့ဆက်လုပ်ဖြစ်သလား မလုပ်ဖြစ်သလား ဆိုတာ ကျနော်လဲ မမှတ်မိတော့ပါ။ ဒါပေမဲ့ ဒီအေဘီ စစ်ဆင်ရေးအစည်းအဝေးတွေမှာ တပ်မဟာမှူးကပဲ အကြံပေးလို့ ကျနော်တို့ဆိုရင် ၂၀၁ (ဇင်ယော်) ဘက်မလိုက်ဆိုရင် ၂၀၁ (လင်းယုန်) လားမသိဘူးဖြစ်ပါတယ်။ ၂၀၃ နှစ်ရင်းကတော့ ၂၀၃ ဂျိုးသန်းနဲ့ ၂၀၃ စွန်ရဲ ဆိုပီး လူပုဂ္ဂိုလ်နာမည်တွေအစား ငှက်နာမည်များနဲ့ တပ်ဖွဲ့များကို ခွဲခြားသတ်မှတ်ခဲ့ကြပါတယ်။ န၀တ ကလည်း တချိန်တည်းမှာ အမျိုးသားညီလာခံကို ကျင်းပဖို့စိုင်းပြင်းလာနေပါတယ်။ ပီးတော့ ကျနော်တို့ ဒီအေဘီစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ရာမှာ တပ်မဟာမှူးက စစ်ဆင်ရေးမှူးတာဝန်နဲ့ ကျနော်တို့တတွေက စစ်ဆင်ရေးအဖွဲ့ဝင်တာဝန်များကို ခွဲဝေတာဝန်ယူကြပါတယ်။ အဲဒီအချိန်က ဒီအေဘီစစ်ဆင်ရေးအဖွဲ့ဝင်တွေက ကျနော်တို့ ၂၀၁ (ဇင်ယော်)မှ ကျနော် (ရဲဘော်ကျော်ထင်) ၂၀၁ လင်းယုန်မှ ရဲဘော်ဝင်းထိန် (ကိုထက်အောင်ကျော်) ၂၀၃ ဂျိုးသိန်းမှ ရဲဘော်အောင်သန်း နဲ့ ၂၀၃ စွန်ရဲမှ ရဲဘော်ထိန်လင်း တို့ဖြစ်ကြပါတယ်။ အဲဒီအချိန်က တပ်ရင်းမှူးတွေကတော့ ၂၀၁ ဇင်ယော်တွင် ရဲဘော်ဇော်သန်း။ ၂၀၁ လင်းယုန်တွင် ရဲဘော် သောင်းညွှန့်(ခ )လေဘေး ၊ ၂၀၃ ဂျိုးသိန်းတွင် ၇ဲဘော် ၂၀၃ စွန်ရဲတွင် ရဲဘော်ထိန်လင်းနဲ့ ၂၀၂ သို့မဟုတ် ၂၀၁ (မိုး)တွင် ရဲဘော်ကျော်ယျ တို့ဖြစ်ကြပါတယ်။ အဲဒီအချိန်က ကျနော်က ဒီအေဘီစစ်ဆင်ရေးတာဝန်နဲ့ တပ်ရင်းရဲ့ ထောက်လှမ်းရေးတာဝန် ကို တာဝန်ယူရပါတယ်။ ကျနော်က ဒီအေဘီ စစ်ကြောင်း ၃ နဲ့အတူ လိုက်ပါဖို့ တာဝန်ကြပါတယ်။ ဒီအေဘီ စစ်ကြောင်း ၃ ဟာ တောင်ပိုင်း ဒေသမှာ အဲဒီအချိန်က အင်အားအတောင့်တင်းဆုံးလို့ဆိုရင်မမှားပါဘူး။ ဒုတိယပိုင်းကို မကြာမီ ဆက်လက်တင်ပြပါမည်။ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment