Saturday, December 29, 2012

နော်ဝေမှခက်ခဲသောကားလိုင်စင်

နော်ဝေနိုင်ငံတွင် ကားလိုင်စင်လုပ်ရတာ အရမ်းခက်ခဲတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ကျနော်ရဲ့အတွေ့အကြုံတချို့ကို မျှဝေရင်း ကားလိုင်စင်ရအောင်ကြိုးစားနေကြသော မြန်မာနိုင်ငံသားများအား တတ်နိုင်သမျှ ကူညီပါရစေ။ တချို့သောကားလိုင်စင်ပြုလုပ်ရေးအတွက်သီအိုရီဆိုင်ရာများမေးခွန်းများကို မြန်မာဘာသာပြန်ထားတာရှိသော်ငြားလည်းပဲ နော်ဝေနိုင်ငံ၏ လမ်းဌာန၏ တရားဝင်ခွင့်ပြုချက်မရဘဲနှင့် ကျနော်အများသို့ဝေငှရန်အခက်အခဲရှိနေပါတယ်။ ဒီနော်ဝေနိုင်ငံမှာက ဘာမဆို (Det får lov...)ဒက်ဖေါလော လား ဒက်ဖေါအီးကဲလော (Det får ikke lov...)လားဆိုပီး လုပ်ခွင့်ရှိမရှိဆိုတာက အရမ်းအရေးကြီးတဲ့အတွက် ကျနော်ပြန်တာမှန်တာမှားတာက နောက်မှ ကျနော့မှာ အဲလိုဘာသာပြန်ပြီးအများကို ဖြန့်ဝေခွင့်ရှိမရှိဆိုတာက အရင်ဖြစ်တဲ့အတွက် ကျနော့အနေနဲ့ဘာသာပြန်ထားတာတချို့ရှိတာတွေကို မျှဝေပေးချင်သော်လည်း မျှဝေပေးဖို့အခက်အခဲရှိနေပါတယ်။ တကယ်လို့ လူပုဂ္ဂိုလ်အလိုက်တဦးချင်းအနေဖြင့်ကျနော့်အား ပေးဖတ်ရန် ပန်ကြားလာပါက အခမဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်။ ကျနော်ဟာ ကားသီအိုရီကို လွန်ခဲ့တဲ့ ၂နှစ်ခန့်က ခရစ်စမတ်ဟောလီးဒေး (နော်ဝေအခ်ါအားဖြင့်ဆိုလျှင် ယူးလယ်ဖယ်ရီယာ jule ferie) www.prove.no မှာ မေးခွန်းတွေကို တယ်လီဖုန်းက တဆင့်ငွေပေးချေ၍ တလတာအတွက် ၂၉၉ ခရိုနာပေးကာ ၀ယ်ယူကာ မေးခွန်းများကို ဖြေကြားခြင်းကို အပြန်ပြန်အလှန်လှန် လေ့ကျင့်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကတည်းက အဲဒီ www.prove.no ကပေးတဲ့ အခမဲ့မေးခွန်း ၁၀၀ ကျော်ကျော်ခန့်အား ဖြေဆိုလေ့ကျင့်ခဲ့ပြီးမှ အဲဒီ၂၀၁၀ ခုနှစ်ဒီဇင်ဘာလတွင် တလတာ ၀ယ်ယူကာလေ့ကျင့်ပီး ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ၂၅ ရက်နေ့မှာ နော်ဝေနိုင်ငံ ဘာဂင်မြိ့က လမ်းဌာန (Statenvegvesen, Bergen) ၀င်ဖြေကာ မေးခွန်း ၄၅ ခုအနက် ၃၉ ခုမှန် ၆ ခုမှားကာတကြိမ်တည်းနဲ့ အောင်မြင်ခဲ့ပါတယ်။ သီအိုရီက တကြိမ်တည်းနဲ့အောင်မြင်ခဲ့တယ်ဆိုပီး အထင်မကြီးလိုက်ပါနဲ့။ လက်တွေ့ကို ကျနော် ၄ ကြိမ်တောင်ဖြေခဲ့ရပီးမှ အောင်မြင်ခဲ့ပါတယ်။ အဓိက အခက်အခဲကတော့ ကျနော်က အသက် ၄၃ နှစ်မှ ကားစမောင်းပီး ကျနော် oppkjøring ခေါ်လက်တွေ့ဖြေတဲ့အချိန်မှာတော့ အသက် ၄၅ တောင်ကျော်နေပီ။ အဲဒီတော့ traffic situation ခေါ် ယာဉ်သွားလာနေမှုအခြေအနေကို အကဲဖြတ်တဲ့နေရာမှာ လူငယ်တွေလောက်သွက်လက်အောင်ဘာသာပြန်နားလည်မယူနိုင်တော့တာပါပဲ။ ဒါကြောင့်ကျနော်က ဒီနော်ဝေနိုင်ငံမှာ ကားလိုင်စင်လုပ်မယ်လို့ရည်ရွယ်ချက်ရှိသူများ ဖြစ်နိုင်မယ်ဆိုရင် စောစောမောင်းသင်တာကောင်းပါတယ်။ ကျနော့်ရဲ့ ကားမောင်းသင်ပေးတဲ့ဆရာပြောတာကလည်းပဲ အရွယ်ငယ်ရင် ခုနကပြောတဲ့ traffic situation ကိုနားလည်ယူတဲ့နေရာမှာ ပိုပီးသွက်လက်မြန်ဆန်ပီးတော့ ဆုံးဖြတ်ချက်ချ လက်တွေ့လုပ်ဆောင်ဆိုတဲ့ (sense,perceive,assess and decide,manoeuvre) နော်ဝေလိုဆိုရင်တော့ (sanse,oppfatte,vurdre, beslutte og å manøvrere) ဆိုတာကို ဆောင်ရွက်တဲ့ နေရာမှာ လူငယ်က လူကြီးထက်ပိုမိုအချိန်ကိုက်အရည်အသွေးရှိရှိဆောင်ရွက်နိုင်တယ်ဆိုတာပါပဲ။ ဒါကြောင့် သင်ဖို့ရည်ရွယ်ချက်ရှိရင်ရင် စောစောသင်ကြစေချင်ပါတယ်။ ခုနက အပြည့်အစုံပြောရင် အချက် ၅ ချက်ပါတဲ့ ဖြစ်စဉ်ကို ယာဉ်မောင်းဖြစ်စဉ် (driving process)(kjøreprosessen) လို့ခေါ်ပါတယ်။ မြန်မာလိုပြန်ပြောရရင် (ယာဉ်သွားလာနေမှုအခြေအနေကိုသိရှိခံစားနားလည်အကဲဖြတ်ဆုံးဖြတ်ချက်ချလက်တွေ့လိမ်မာပါးနပ်စွာလုပ်ဆောင်) လို့အဓိပ္ပါယ်ရပါတယ်။ နောက်တခုကျနော်ပြောချင်တာက ကျနော် လက်တွေ့မောင်းဖြေတာ ၄ ကြိမ်တောင်ဖြေခဲ့ရတော့ ကျနော်ကျခဲ့တဲ့အကြိမ်တွေမှာဘာတွေမှားခဲ့ပါသလဲ။ အဓိက ကျနော်မှားခဲ့တာတွေကတော့ အ၀ိုင်း (Rundkjøring)တွေမှာ plassering ခေါ်နေရာချမှားတာပါပဲ။ ၃ ကြိမ်စလုံးလိုလိုမှာ အဲဒီအမှားတွေချည်းပဲထပ်ခါထပ်ခါဖြစ်ခဲ့တော့ အ၀ိုင်းမောင်းခြင်းသင်ခန်းစာ ကို သီအိုရီအောင်ထားပီးခဲ့သော်ငြားလည်း အထပ်ထပ်အခါခါပြန်ဖတ်ကာ လက်တွေ့ပြန်မောင်းကျင့်သင်ကာ အောင်အောင်ဖြေခဲ့ရပါတယ်။ မောင်းသင်ခြင်းဖြစ်စဉ်ကို ဖြတ်သန်းနေစဉ်မှာလည်း မိမိကိုယ်မိမိ ပိုမတွက်ဖို့ (overvurdering)မလုပ်ဖို့နဲ့ လျှော့တွက်ခြင်း (undervurdering)မလုပ်ဖို့လဲလိုပါတယ်။ အရှိကိုအရှိအတိုင်း အမှန်ကို အမှန်အတိုင်း အကဲဖြတ် (realistic assessment)လုပ်ဖို့လိုပါတယ်။ ကျနော့်ရဲ့ တင်ပြမှုများမှာ အင်္ဂလိပ်လိုနဲ့ နော်ဝေလိုရောထွေးပါနေသော်လည်း တင်ပြတဲ့ နော်ဝေ စကားလုံး အင်္ဂလိပ်စကားလုံးအားလုံးကို မြန်မာလိုပြန်ပေးထားတဲ့အတွက် စာဖတ်သူများ နားလည်ယူနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။ အမိမြန်မာနိုင်ငံမှနော်ဝေတွင်အခြေချလာရောက်နေထိုင်ပီး ယာဉ်မောင်းလိုင်စင်ဖြေဆိုသူများအားလုံး ယာဉ်မောင်းလိုင်စင်အောင်မြင်စွာဖြေဆိုရရှိနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ အကြံပြုဆွေးနွေးလိုသူများဖိတ်ခေါ်အပ်ပါတယ်။ အီးမေးလ် kyawhtin08@gmail.com tel 99251988 skype kyaw.htin (နောက်တကြိမ်အမြန်ဆုံးတင်ပြပေးနိုင်အောင်ကြိုးစားပါ့မယ်ခင်ဗျား) ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment