Thursday, February 21, 2013

ဟာ့ဒ်တော့က်

လမ်းလျှောက်တတ်တဲ့သစ်ပင်တပင် ကျုပ်မြင်ချင်လိုက်တာလို့ ယောင်ယမ်းစကားဆိုမိတော့ ဘယ်ကပေါက်ချလာမှန်းမသိတဲ့ခင်ဗျားက ကျုပ်သစ်ပင်တော့မဟုတ်ဘူး ဒါပေမဲ့လမ်းလျှောက်တတ်တဲ့---လို့ ခင်ဗျားကပြန်ဖြေ။ လမ်းကတော့လျှောက်တတ်ပါပီ ဘယ်ဆီများလျှောက်မလုပ်တုန်းလို့မေးတော့ အိမ်မရှိလို့ လမ်းလျှောက်နေရတယ်လို့ ပြန်ဖြေပြန်ရော။ ဒါဆိုရင်ရောက်ချင်ရာရောက် ခြေဦးတက်ရာပေါ့။ ဘယ်မှမရောက်လဲ အရင်နေရာပဲပြန်လာနေထားမှာပေါ့ဗျ။ ခင်ဗျားထွက်သွားချိန်နဲ့ ပြန်လာချိန်ကြားမှာ သူများအိမ်တလုံးလာဆောက်ထားတယ်ဗျ အရင်တကယ့်နေရာတဲ့တဲ့တော့ပျောက်နေပီ ဘေးနေရာအဖီနေရာတွေတော့ရှိသေးတယ်။ဒါပေမဲ့ ကြပ်နေပီဗျ။ နေရာပြောင်းဖို့များစိတ်မကူးဘူးလား ကျုပ်ကိုပေးထားတဲ့နေရာတော့ရှိပါတယ် ကျုပ်ကမှသွားမနေချင်တာ ဘာဖြစ်လို့လဲ ပျင်းစရာကောင်းတယ် ကိုယ့်အလုပ်ပဲကိုယ်လုပ်နေရတယိကိုယ့်အလုပ်ကိုယ်လုပ်တာမကောင်းဘူးလား သူများလေးစားတာပေါ့ ကိုယ့်အိမ်ကိုယ့်ရာလေးမှာ တည်တည်တံ့တံ့သန့်သန့်ခံ့ခံ့လေးပေါ့ မဟုတ်ဘူး ကျုပ်ကသစ်ပင်လိုမဖြစ်ချင်ဘူး လမ်းလျှောက်တတ်တဲ့---ပဲ ဖြစ်ချင်တာ။ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment