Sunday, July 22, 2012

ပရ အတ္တ နဲ့ အတ္တ ပရ အပြန်အလှန်သွားနေပါလား

ကျနော်တို့ရဲ့လုပ်ချင်ကိုင်ချင်စိတ် motivation လို့ခေါ်တဲ့ လုပ်ချင်ကိုင်ချင်စိတ်တွေဟာ ဘာကြောင့်ကျနော်တို့မှာပေါ်ထွက်နိုင်သလဲ။ ဘယ်လိုအခြေအနေမျိုးမှာ ကျနော်တို့လုပ်ချင်ကိုင်ချင်စိတ်တွေ ပျောက်သွားတာလဲ ဒါမှမဟုတ် ပေါ်မလာတာလဲ ဆိုတာ ကျနော်တခါတော့ ရေးသားတင်ပြခဲ့မိဖူးတယ်လို့မှတ်မိပါတယ်။ တကယ်ပါပဲ လူ့တယောက်အတွက်လုပ်ချင်ကိုင်ချင်စိတ်တွေပေါ်ပေါက်ဖို့ ဆိုတဲ့ကိစ္စဟာ တော်တော်ပဲအရေးကြီးတယ်ဆိုတာ ဘ၀အချိုးအကွေ့အမျိုးမျိုးကိုဖြတ်သန်းရင်းနဲ့ သိလာရတယ်။ ကျနော် ကျနော့်ကိုယ်ကို သတိထားမိသလောက် ကိုယ့်အတွက်ပဲလုပ်ရမယ်ဆို လုပ်ချင်ကိုင်ချင်စိတ်တွေ ကျကျသွားတတ်ပါတယ်။ အများအတွက် အလုပ်လုပ်ရမယ်ဆိုရင် လုပ်ချင်ကိုင်ချင်စိတ်တွေရှိနေတတ်ပါတယ်။ ကျနော်ကိုယ်ကိုကျနော် အတ္တကြီးအောင်မမွေးမြူတတ်ဘူး။ ဥပမာအားဖြင့် ကျနော့တယောက်အတွက်ပဲ ထမင်းချက်စားရမယ်ဆိုရင် မချက်ချင်ဘူး။ ဖြစ်သလိုစားလိုက်မယ်ဆိုတဲ့စိတ်ပဲ ပေါက်တယ်။ ဒါပေမဲ့ အလုပ်ဝင်ကာစ သမီးလေးတယောက်နဲ့ပဲ အိမ်မှာခနချန်နေတုန်းမှာ သမီးအလုပ်ပြန်လာရင် သမီးလေးလည်းစားဖို့ ကျနော်လည်းစားဖို့ဆိုတဲ့ စိတ်နဲ့ဆိုကျနော်ချက်မယ်။ အခုကျနော်တို့နေနေတဲ့ နော်ဝေ နိုင်ငံကတော်တော်အေးတော့ တခုခုကို ကိုယ်ကာယအားဖြင့် တက်တက်ကြွကြွနဲ့ အလုပ်ထလုပ်ဖို့ဆိုတာ တော်တော်အရှိန်ယူရပါတယ်။ မနက်မိုးလင်းဆိုရင် ကော်ဖီတခွက်သောက်ပီး လန်းဆန်းအောင်လုပ်ကာ တနေ့တာကိုဖြတ်သန်းဖို့ အားယူရပါတယ်။ မနက်စာကို ကျနော်တို့ထိုင်းနယ်စပ်မှာနေသလို ထမင်းမစားနိုင်ဘူး။ ညနေစာမှပဲ ထမင်းချက်စားတယ်။ ထိုင်းနယ်စပ်နဲ့ သိတ်မကြာသေးမီကမြန်မာပြည်ကလာတဲ့ လူတချို့ကတော့ မနက်စာကို ထမင်းဆက်စားနေတဲ့လူတွေလည်းရှိပါတယ်း ကျနော်ဆိုရင် မနက်စာကို ထမင်းသာစားလိုက်လို့ကတော့ အဲဒီနေ့မှာ တနေ့လုံးလေးလံနေပါတယ်။ ဘယ်လိုမှမသွက်ဘူး။ မနက်စာကို ကော်ဖီသောက် ပေါင်မုန့်ကင်နဲ့ ယိုသုတ်စား။ ဒီလိုပဲဖြတ်သန်းရပါတယ်။ လုပ်ချင်ကိုင်ချင်စိတ် အကြောင်းစကားပြန်ကောက်ရမယ်ဆိုရင် စိတ်ရုပ် ၂ ခုစလုံးနဲ့အကြုံးဝင်နေတာသွားတွေ့၇ပါတယ်။ စားတာက ကစီဓါတ်များ အဆီဓါတ်များရင် လုပ်ချင်ကိုင်ချင်စိတ်ပျောက်ကာ မှေးနေချင်စိတ်ပဲပေါက်နေမယ်။ ဒါက ရုပ်ပိုင်း။ နောက်စိတ်ပိုင်းကတော့ ကျနော်ခုနက တင်ပြခဲ့တဲ့ ပရစိတ် အများအတွက် အလုပ်လုပ်ပေးမယ်။ ဆာ့ဗစ်စ် တတ်နိုင်သလောက်ပေးမယ်ဆိုတဲ့ စိတ်။ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့စိတ်ရှိရင် လုပ်ချင်ကိုင်ချင်စိတ်ပေါက်လာတယ်။ ဒေါ်စုဘာဂင်လာတုန်းက လူငယ်တယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်အား motivation ရအောင်ဘယ်လိုလုပ်သလဲမေးတော့ ဒေါ်စုက motivation ကို တွန်းအားလို့ဘာသာပြန်ကာ အဲဒီတွန်းအားရအောင်ဒေါ်စုဘာလုပ်သလဲ ဆိုတာပြန်ဖြေ၇ာမှာ ကျနော်မှတ်မိသလောက် ဒေါ်စုပြောတာက ငါပြည်သူအတွက်အလုပ်လုပ်မယ်ဆိုတဲ့စိတ်က သူမကို တွန်းအားအလိုလိုဖြစ်လာစေတယ်လို့ဆိုပါတယ်။ အဖိုးအိုသရက်ပင်စိုက်တာ သူ့အတွက်မဟုတ်ဘူး နောင်လာမဲ့မျိုးဆက်တွေအတွက် အဖိုးအိုရဲ့မော်တီဗေးရှင်းက နောင်လာမဲ့မျိုးဆက်တွေအတွက် ဆိုတဲ့အရာကနေလာတာ။ ငါစားရဖို့ ငါဒီသရက်ပင် သရက်သီးသီးရင် ရောင်းစားပြီးငွေတွေများများ၇ဖို့ဆိုတာက လာတာမဟုတ်ဘူး။ ကျနော်မဟာဗျူဟာစာအုပ်ကိုဖတ်ဖူးတော့ ကိစ္စတော်တော်များများကို တိုက်ရိုက်မချဉ်းကပ်ပါနဲ့တဲ့ သွယ်ဝိုက်ချဉ်းကပ်ပါတဲ့။ indirect approach ကိုယ့်အတွက်လိုချင်တဲ့ မော်တီဗေးရှင်းကို အများစိတ်ဆိုတာနဲ့ စတင်ရယူနိုင်တယ် ဆိုတာကိုယ်တွေ့ပါပဲ၊ ကိုယ့်နဲ့အနီးကပ်ဆုံးလူက ကိုယ့်နဲ့အတူတူနေရတဲ့ အတွက် စိတ်မဆင်းရဲဘူး။ ကိုယ့်ကြောင့်သူ့မှာ အကူအညီဖြစ်တယ်ဆိုတဲ့ စိတ်ခံစားမှုရတယ်။ ဆိုရင် ကိုယ်ဟာဒီလောကကြီးထဲမှာနေပျော်ပါတယ်။ ကိုယ်ဟာဒီလောကကြီးထဲမှာ တထောင့်တနေရာက အသုံးဝင်နေတယ်ဆိုတဲ့အသိ ကိုယ့်မှာရှိနေရင် ကိုယ်နေပျော်တယ်။ ကျနော်ထိုင်းနယ်စပ်မှာနေတုန်းက ကျနော်အိုပီအီး နဲ့ အိုင်အိုအယ်မ်မှာ ဘာသာပြန်လုပ်တုန်းက ရတဲ့ဝင်ငွေလေးနဲ့ ဒုက္ခသည်မိသားစုဘ၀ကို တတိယနိုင်ငံဖြစ်တဲ့ ဒီနော်ဝေရောက်တဲ့အထိ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေ တခါတလေထောက်ပံ့ပေးတာလဲပါတာပေါ့လေ။ အခုဒီမှာက ကျနော်ထိုင်းမှာလုပ်တဲ့ အလုပ်မျိုးသမီးကြီးကလုပ်နေရပီ။ ကျနော်က အလုပ်ရှာဖို့ခက်နေသေးတဲ့ တပိုင်းတစကျောင်းသားဘ၀။ ဒီတော့ အလုပ်သွားလုပ်ရတဲ့ သမီးက ပင်ပန်းတော့ ပြန်လာရင် ညနေစာ စားနိုင်အောင်ကျနော်ချက်ပြုပေးပါတယ် သမိးလည်းတတ်နိုင်သလောက်ပြန်ကူရှာပါတယ်။ အော် ငါ့ဘ၀က ဒီရောက်တော့ ပြောင်းပြန်ဖြစ်သွားပြီလို့။ ဒီလူ့လောကက လိုအပ်နေတဲ့ အလုပ်တခုကို သွားလုပ်နေတဲ့သမီး ပြန်ရင် ညနေစာစားနိုင်အောင်အလုပ်ပြန်ရင် ထပ်မချက်နိုင်တော့တဲ့ အလုပ်လုပ်တဲ့လူတယောက်ကို အလုပ်ကောင်းကောင်းလုပ်နိုင်အောင်ကူညီရတာလည်း မွန်မြတ်တဲ့ အလုပ်ပဲဆိုကာ ကျနော်ထမင်းကို ကြေကြေနပ်နပ်ချက်နေတတ်ပါတယ် အဲဒီလိုချက်ချင်စိတ်ရှိအောင်လဲ မွေးမြူရပါတယ် တချိန်တုန်းက ကျနော်အလုပ်လုပ်ကြွေးလာတဲ့ သားသမီးတွေက အလုပ်တွေသွားလို့ ကျနော့်မှာက အိမ်မှာပဲနေရင်းနဲ့ အလုပ်လုပ်သွားတဲ့ သမီးပြန်လာရင် အဆင်သင့်စားနိုင်အောင် ချက်ပြုတ်ပေးမယ်ဆိုတဲ့ စိတ်ကို ဒီနော်ဝေလိုနိုင်ငံမျိုးမှာ မွေးမြူရတာဟာ ခက်ခဲတဲ့ကြားကာ ရအောင်အဲဒီစိတ် ကိုမွေးမြူလိုက်တော့ ကျနော် လုပ်ချင်ကိုင်ချင်စိတ်တွေအများကြီးပေါ်ပေါက်လာပါတယ်။ သမီးဆီက ဘာမှကျနော်မလိုချင်ဘူး ကျနော် လိုချင်တဲ့ motivation လုပ်ချင်ကိုင်ချင်စိတ်တွေရလိုက်တယ် ကျနော်နဲ့သမီးကြီးအိမ်မှာကျန်နေခဲ့တုန်းမှာ ကျနော်အမြတ်ထုတ်လိုက်တာ။ သမီးကြီးကတော့ ဒီနှစ်အီတလီသွားလည်မယ်တဲ့။ နောင်နှစ်ကျရင် တူရကီသွားလည်မယ်တဲ့။ သူ့ရဲ့မဟာစီမံကိန်းတွေအကြောင်းတော့ပြောနေပါတယ်။ အဖေကတော့ လောလောဆယ်တော့ဘယ်မှမလယ်ဖြစ်သေးဘူးသမီးရယ်။ အဖေ မိသားစု စီးမဲ့ကားကို မောင်းနိုင်ဖို့ ကားမောင်လိုင်စင်ရဖို့ ကျင့်လိုက်ဦးမယ် ကားစာမေးပွဲဖြေလိုက်ဦးမယ်လို့။ နောင်ကျနော်ညီအစ်ကိုမောင်နှမ ရဲဘော်ရဲဘက် ကျနော်အများကြီးကြိုးစားရဦးမယ် အဲဒီအရာတွေအားလုံးလုပ်နိုင်ဖို့ ကျနော့်အတွက်လည်းကြိုးစားဖို့လိုနေပြန်တယ် ကျနော် နော်ဝေစာအင်ဂျင်နီယာကျောင်းဝင်ခွင့်ရအောင်ဒီတနှစ်အတွင်းအပြီးလုပ်ပြီး နောင်တနှစ်တက်ခွင့်ရဖို့ ငါဘွဲ့ရဖို့ ငါဘွဲ့ရရင် ပညာရရင် ၀င်ငွေရရင် အများအတွက်ပြန်အကျိုးပြုမယ်ဆိုတဲ့ စိတ်နဲ့ ငါ့အတွက်ငါကြိုးစားရဦးမယ်။ အတ္တ ပရ။ ပရ အတ္တ အပြန်အလှန်သွားနေပါလား။ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

1 comment:

  1. တကယ်တော့ ယူရတာထက် ပေးရတာက လူတွေအတွက် စိတ်အရသာ ပိုရှိတယ်ဆိုတာ ပေးဖူးတဲ့သူတွေသာ သိကြတာပါ။ အဲဒီလိုလူတွေအတွက်တော့ အစ်ကိုပြောပြသွားသလို "အများအတွက်" ဆိုတဲ့စိတ်က ပိုပြီး တွန်းအားတွေ ဖြစ်စေနိုင်မှာပါ။ တန်ဖိုးရှိတဲ့ ပို့စ်တစ်ခုပါ အစ်ကို...

    ReplyDelete