Monday, May 28, 2012

ထူးပါတယ်

ထူးပါတယ် ကိုသာမောင် တယောက် ဘကြီးဖြိုး တို့ လဘက်ရည်ကြမ်းဝိုင်းသို့မရောက်တာ အတော်ကြာနှင့်ခဲ့ပြီ။ မနှစ်မိုးရာသီတုန်းက ရွာအ၀င်လမ်းပျက်ပြင်ဖို့အတွက် လဘက်ရည် ကြမ်းဝိုင်းထိုင်ကာ ဆွေးနွေးကြအလုပ်တာဝန်ခွဲကြ ၀ိုင်းပြင်ကြ လုပ်ကြတာတွေ လုပ်ပြီးက တည်း က မရောက်ဖြစ်တော့။ အခုဆို လေးငါး ရှစ်လ လောက်တောင်ရှိရော့ပေါ့။ ကိုယ်မသွားလဲ တခြားလူတွေ ရှိနေတာပဲ။ သူ့ဟာသူ ဖြစ်သွားမှာပါ။ ကိစ္စရှိလို့သူတို့ခေါ်လာ ရင်လဲ ခင်ဗျားတို့ပဲ ဆွေးနွေးထားနှင့်ကြ။ ခင်ဗျားတို့ ဆုံးဖြတ်တာ အားလုံးသဘောတူတယ်။ လိုတာရှိရင်ဝိုင်းလုပ်ပေးဖို့ ပြော။ ကျနော် တတ်နိုင်သလောက်လာလုပ်ပေးမယ်ဟုသာပြောပြီး လဘက်ရည်ကြမ်းဝိုင်းဆွေးနွေးပွဲများသို့ သွားရောက်ရန် ကိုသာမောင် မသိမသာ ရှောင်နေ ခဲ့ပါသည်။ တခါတခါလည်း သူ့ကို ဘာလုပ်ပေးပါ ဆိုတာ ငယ်သူငယ်ချင်း ဖိုးကျော် က လဘက်ရည်ကြမ်းဝိုင်းက သူ့အားကိုသာမောင်ထံ သတင်းစကားပါးပေး ရန်ပြောခိုင်း သည်များကို သူငယ်ချင်းဖိုးကျော့က ပြောပြလာပါက ကိုသာမောင် တတ်နိုင်သလောက်တော့ သွားလုပ်ပေးပါသည်။ သို့သော် အခါတိုင်းတော့မဟုတ်။ ကိုသာမောင် သူ့ဘာသာသူသိနေ သည်။ ရွာ့အရေးအရာကိစ္စတွေမှာ သူလျော့လျော့လာနေသည်ဟု၊။မပြောမဆိုပင် ဖိုးကျော် တယောက်ပေါက်ချလာပါသည်။ "ဟေ့သာမောင်ရေ နေကောင်းလား` `ကောင်းပါတယ်ကွာ။ မင်းကောဘဲနှယ်လဲ` `ကောင်းပါတယ်ကွာ မကောင်းတာက ငါတို့ရွာအ၀င်က တံတားပဲကွာ` မနေ့ကနဲ့ ပီးခဲ့တဲ့ အပတ်တပတ်လုံး မေလ နှောင်းပိုင်း မိုးရာသီစ၀င်တယ်လို့ ဆိုနိုင်ပီးကတည်းက မင်းသိတဲ့အတိုင်း ရွာလိုက်တဲ့ မိုးတွေကြောင့် အဲဒီရွာအ၀င်တံတားဟာ ပျက်သွားတယ်ကွာ ငါတို့ရွာကို ဆန်တွေပို့မဲ့ ကားဝင်လို့မရဘူးဖြစ်နေတယ်` အဲဒါငါတို့တတွေ ၀ိုင်းလုပ်ကြမှာဖြစ်မယ်နဲ့တူတယ်။ လက်ရှိရွာသူကြီး ကိုထူးမောင် က ပြောတယ် ခင်ဗျားတို့ တတွေ ဒီကိစ္စ ရွာအစည်းအဝေးခန်းမမှာ လာပီး ပြောကြ ဆိုကြလဲရတယ်။ ဒါမှမဟုတ် ခင်ဗျားတို့ လဘက်ရည်ကြမ်းဝိုင်းလုပ်တဲ့ ဘကြီးဖြိုးတို့အိမ်ကို ကျနော်လာပီးတော့ လဘက်ရည်ကြမ်းဝိုင်းထိုင်ပြီး ပြောကြဆိုကြ ဆွေးနွေး အဖြေရှာကြ တာဝန်ခွဲဝေကြ လုပ်ကြကိုင်ကြ ရင်လဲ ရတယ် ဆိုတော့ ငါတို့ က ဘကြီးဖြိုးတို့အိမ်မှာ ဆုံမယ် ဆိုပီးပြောလိုက်တော့ သူတို့ သူကြီးအပါအ၀င် ရွာ့တာဝန်ထမ်းဆောင်နေတဲ့လူတွေလဲလာမယ် ငါတို့ တတွေနဲ့လူငယ်ခြေတက်တွေလဲ သွားကြမယ်ကွာ အဲဒါငါ မင်းကို ၀င်ပြောတာ ညနေ ငါတို့ ထမင်းစားပြီးလောက် ညနေ ၅ နာရီလောက် ဘကြီးဖြိုးတို့အိမ်မှာ ဆုံကြမယ်ကွာ မင်းဖြစ်အောင်လာပါကွာ` ဖိုးကျော်က သူ၏ စကားကို အကျိုးအကြောင်းဆက်စပ်မှုရှိအောင် တဆက်တည်းပြောသွားပြီး ခဏရပ်ကာ ကျနော် ပေးလာမည့် အဖြေကိုငဲ့စောင့်နေပါသည်။ ကျနော်စဉ်းစားနေပါသည်။ အိမ်မှာ ဆန် ဘယ်လောက်ကျန်သေးလဲ။ ညနေအလုပ်ပြန်ချိန်က ၄ နာရီ။ ကြားမှာ အစည်းအဝေး မစခင် တနာရီလောက်တော့ရသည်။ သွားဖို့ပြင်ဆင်ချိန်ရသည်။ ဒီတနေ့တော့ ဘာပဲဖြစ်ဖြစ် အချိန်ယူသွားလိုက်မည်ဟု။ ချစ်ဇနီးကို ဖိုးကျော်ပြောလာသည့်အချက်အလက်များအပါအ၀င် အစည်းအဝေးသွားတက် မည် ဆိုသည့်အကြောင်းကို စကားလှမ်းစပြောလိုက်ပါသည်။ `အေးမေရေ ငါ ညနေ ဘကြီးဖြိုးတို့အိမ်ဘက် သွားပီး လဘက်ရည်ကြမ်းလေးဘာလေး သွားသောက် စကားလေးဘာလေး ပြောလိုက်ဦးမယ် ရွာတံတားပြင်ဖို့ကိစ္စ။ ဆန်ကားဝင်လို့ရအောင်လို့။` အော် အေးအေး ကိုမောင် သွားတာတော့ သွားပေါ့ ကိုသာမောင်ရယ် စကားလေးဘာလေးတော့ ကြည့်ပြောပေါ့။ တော်ကြာအစည်းအဝေးမှာ ဟိုလူနဲ့စကားများဒီလူနဲ့စကားများ မျက်နှာနာစရာတွေမဖြစ်စေနဲ့နော်။ တော်ကြာ ရှင်ပဲ မှန်တယ်ထင်တာတွေ ပြောပြီး နောက်တော့ အိမ်မှာ စိတ်မကောင်းလာဖြစ်မနေနဲ့။ ချစ်ဇနီးအေးမေက ကိုသာမောင်အား အစည်းအဝေးသွားတက်ဖို့ သဘောတူကြောင်း သတိပေးစကားလေးနဲ့ ပြန်ကြားလိုက်ပါသည်။ ကိုသာမောင်ထင်တာတော့ ဒီတခါတော့ မတက်ရင်ကို မဖြစ်ဟု သူ့အလိုလို နားလည်နေပါသည်။ “ဖိုးကျော်ရေ အိမ်ပေါ်ခန တက်ဦးလေကွာ““မတက်တော့ပါဘူး သာမောင်ရာ… ညနေမှပဲ လဘက်ရည်ကြမ်းလေး ၀ိုင်းထိုင်သောက်ရင်း စကားပြောကြတာပေါ့“ “အေး ငါသွားနှင့်လိုက်ဦးမယ်“ သာမောင်က ပြောပြောဆိုဆိုနှင့် ရွာအရှေ့ဘက် ရွာအ၀င်လမ်း ရှိရာဆီသို့ ထွက်ခွာသွားနှင့်မလို့ စတင်ခြေဦးလှည့်လိုက်ပါသည်။ “အေးမင်းဘယ်လဲ“ ကိုသာမောင်က သူငယ်ချင်းဖိုးကျော်အားလှမ်းမေးလိုက်ပါသည်။ “အေး သာမောင်ရေ ငါ့အလုပ်က ရွာမြောက်ဘက်က လယ်ကွင်းမှာ ရှိပေမဲ့ ငါ ရွာအရှေ့က တံတားဆီသွားကြည့်ပီးမှ အလုပ်ဆီလှည့်သွားလိုက်မယ်ကွာ“ ငါက တံတားပျက်သွားတယ်လို့ ကြားပဲကြားခဲ့တာ ဘယ်လိုဖြစ်နေတယ် ဆိုတာ သွားကြည့်လိုက်ဦးမယ်ကွာ ပီးမှ ခဏတဖြုတ်ကြည့်ပီး ငါ့အလုပ်ဆီသွားလိုက်မလို့“ ငါ့မှာက လယ်သမားဆိုတော့ ဆန်အတွက်တော့ အများကြီးမရှိပေမဲ့ တပတ်ဆယ်ရက်လောက်စားဖို့လောက်တော့ ရှိတော့ ဆန်အတွက်ပူစရာမရှိပေမဲ့ တခြား စားစရာ အသီးအရွက် သားငါးတွေလဲ ဒီလမ်းကပဲလာတာမဟုတ်လား ဒါကြောင့်ငါ့ခေါင်းထဲက ဒီတံတားကိစ္စက မနက်အစောကြီးကတည်းက ၀င်လာတာမထွက်တော့တာ ငါသွားကြည့်လိုက်မှပဲ အေးသွားတော့မယ် သာမောင်ရေ အဲဒါကြောင့်ငါသွားကြည့်လိုက်မလို့“ မင်းကောလိုက်မလား“ ကျနော့အလုပ်က ရွာလယ်က စက်ဘီးပြင်ဆိုင်ဆိုတော့ ခန သွားပီး ပြန်ဝင်လာရင်လဲ ရတယ်ဆိုတော့ ကျနော်ချီတုံချတုံ စဉ်းစားလိုက်ပီး အေးအေး ငါ လဲ လိုက်ခဲ့မယ်ကွာ ဟု ပြောကာ ကမန်းကတန်း နီးရာ အင်္ကျီကို လဲဝတ်လိုက်ပီး ဇနီးသည်အေးမေအား “အေးမေရေ အစ်ကိုတော့ သွားနှင့်ပီး ဖိုးကျော်နဲ့အတူ တံတားသွားကြည့်ရင်း အလုပ်ပါတခါတည်းသွားလိုက်တော့မယ်“ “ကောင်းပီကောင်းပီး အစ်ကိုရေသွားနှင့်တော့...ကျမ လုပ်စရာရှိတာလုပ်ထားနှင့်တော့မယ်။ “ ဤသို့ဖြင့် ကိုသာမောင်နှင့် ဖိုးကျော်တို့ စကားတပြောပြောဖြင့် ရွာအေ၇ှ့ဘက်ဆီသို့ တရွေ့ရွေ့ ထွက်ခွာလာခဲ့ကြပါသည်။ (နောက်တပတ်ဆက်ဖတ်ရန်)

No comments:

Post a Comment