Friday, May 11, 2012

စံပြိုည

စံပြိုည


ယုံကြည်ဘောင်များ ရိုက်ခတ်ခံရ
ကျုပ်တကယ်မှ ရှိခဲ့ပါရဲ့လား
တကယ်မတည်ရှိသေးသူများ ၀ိုးတ၀ါးညများ ဖြတ်သန်းဆဲ။

ဒိုင်းမင်းရှင်းတွေထဲအသားမကျ
လူးလွန့်စနေခြည်မှာ အတွေးဖြာသူများ
ကောင်းကင်ဘုံမှာ နိဗ္ဗာန်မရှိဘူးဆိုတာ
မဟာပထ၀ီမြေကြီးအောက်မှာ ငရဲမရှိဘူးဆိုတာ
အတည်ပြုဖို့
မေးခွန်းတွေ ထုတ်ခဲ့ကြလေပြီလား။

အဖြေရှိပါသည်....သို့သော်....သို့သော်....သို့သော်။

No comments:

Post a Comment