Friday, March 2, 2012

ကြိုတင်ချဲလိုက်ပါရစေ။

ဘာတွေများအလုပ်များနေလို့
ကြိုတင်မဲတွေထည့်ခဲ့ကြပါလိမ့်
ဒီတခါတော့ အဲဒီလူတွေ
အလုပ်မများစေချင်ဘူး

ဘယ်လောက်အထိများ
အရေးကြီးတဲ့ အလုပ်တွေလုပ်နေရလို့
ကိုယ်တိုင်မဲမထည့်နိုင်ခဲ့ကြပါလိမ့်
အော်တိုင်းရေးပြည်ရေးပဲဖြစ်မှာပါ

အားလပ်ရက်အပန်းဖြေခရီးများ
ထွက်ခဲ့ကြတာလား
သူတို့အတွက်စဉ်းစားကြည့်ပေးတာပါ
နောက်တခါ
ကိုယ်တိုင်မဲထည့်နိုင်အောင်လို့

ဒီတခါတော့
အပန်းဖြေခရီးလဲ မထွက်နဲ့ဦးဗျာ
တခြားအရေးကြီးတာကိုလဲ
ခနဘေးဖယ်ထားလိုက်ဦးဗျာ
ကိုယ်တိုင်ပဲ
မဲပေးဖြစ်အောင်ပေးလိုက်ကြပါ

ဒါမှမဟုတ် ခင်ဗျားတို့မပေးချင်လဲ
မပေးကြနဲ့တော့ဗျာ
ကြိုတင်မဲနဲ့ ကြိုတင်မလှဲဖို့
ကြိုတင်ချဲလိုက်ပါရစေဗျာ။

class="fullpost">ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment