Thursday, November 17, 2011

အသိအမှတ်ပြုပြု မပြုပြု

တောဒဏ်ဗရပွနဲ့
ခိုင်းမကောင်းတော့တဲ့ အကျငနွား
ဈေးကွက်မှာအစွံထုတ်ရတာ ခက်ရချည်ရဲ့
စကောစကဘ၀များ။

အပြစ်တွေအတင်ခံရဖို့
ဘ၀တွေဆက်နေရတာများလား
သူများတကာကို အပြစ်တွေများဖို့ ခဲ့မိလို့
ဝဋ်တွေလည်နေလေတာများလား
အတ္တမဲ့မြစ်ထဲစီးဆင်းခဲ့တဲ့နေ့ များ
မှားများမှားခဲ့လေပြီလား။

အကြမ်းရေးခြစ်ပြီးသားစာရွက်တရွက်လို
အပြစ်ထုတ်ခံလိုက်ရတော့မလား
အခက်အခဲဆုံးအပိုင်းတွေကို
အချိန်နဲ့တပြေးညီထုတ်လုပ်ထားတဲ့
ဦးနှောက်ရဲ့အရည်အသွေးများ
ကုတ်ခြစ်ရာများလို ကိုယ်စားပြုထားတာ
လက်ရေးလှလှလေးတွေနဲ့
ဘ၀ပြောင်းပေးကြပါပေါ့လား။

မမှားဘူးဆိုတဲ့အသိ
ရှေ့ဆက်ရမဲ့အသိ
မရှုပ်ထွေးစေချင်ပေမဲ့
အဖြည်ခက်နေတဲ့ အထုံးများ
ဆက်ထုံးဖြစ်နေပြီလား
ပရသင်တန်းကျောင်းဆင်းတယောက်
အတ္တလောကမှာ နေရာပျောက်ခဲ့ရတာ
မဆန်းတာမမှား။ ကျုပ်တို့တွေ ဗီယက်နမ်ပြန်များလား။ ။

ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment