Tuesday, November 16, 2010

အမေ့ခွင့်လွှတ်အပြုံးချို

ထပ်ကျော့ပွဲတွေနဲ့
မမောစေချင်တော့ဘူးအမေ
မိုက်သူကတော့ ထပ်မမိုက်ရဲစရာ
အကြောင်းမရှိ။

လက်လျှော့စကား
သားတို့ဆိုတာမဟုတ်
ဒါပေမဲ့
ဆင်ရိုင်းကို ချွန်းနဲ့အုပ်မဲ့အတတ်
အမေ့မှာရှိတယ်လို့
သားတို့ယုံ။

ကျုံးထဲရောက်ဖို့
အမေ့ဥာဏ်အမြင် ပင်လယ်ပြင်ကို
အမေ့လောကဓံအထုအတောင်းနဲ့
နှိုင်းယှဉ် အသုံးတင်ကာ
နန်းဝင်လိမ့်မယ်လို့
သားတို့မျှော်။

ခွင့်လွှတ်စကားဆို
အမေ့အပြုံးချိုဟာ
ဒီကနေ့ပြည်ရွာကို
ငြိမ်းချမ်းစေလိမ့်မယ်
အနာဂါတ်ပြည်မြန်မာကို
တရားလမ်းသာစေ့မယ်။

ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment