ကျနော်မြန်မာပြည်နိုင်ငံရေးကို စိတ်ဝင်စားပါတယ်
ဒါပေမဲ့ ဒီရွေးကောက်ပွဲကို ပရီးမီယာလိဂ်က
လီဗာပူးလ်နဲ့ ချဲဆီးပွဲလောက်စိတ်မ၀င်စားနိုင်တာ
ကျနော့အပြစ်လား။
အဟုတ်ပါဘဲ မြန်မာပြည်ထဲက ရွေးကောက်ပွဲသတင်းတွေထက်
လီဗာပူးလ် ချှဲဆ၊ီးပွဲကိုပဲ မဲမဲသဲသဲ စိတ်ဝင်တစားကြည့်နေဖြစ်ခဲ့တယ်။
ကျနော်မဖေါက်ပြန်ပါဘူး
နီညိုညိုဝိုင်အရက်တခွက်ကို တခုတ်တရ
မော့သောက်လို့
ယာဉ်ပါးနေပြီဖြစ်တဲ့ သူ့အနံ့
ကျနော်တို့နဲ့
အချမ်းဒဏ် အအေးဒဏ်ခံဘက်
သိုးသားဟင်းကိုမြည်းလို့
အလာစောတဲ့ နိုဝင်ဘာနှင်းတွေဖုံးလွှမ်းနေတဲ့
ကမ္ဘာ့မြောက်ဖျားက တောင်တွေကို
ရီဝေေ၀ငေးမောလို့
အီကွေတာ ပူနွေးနွေးညနေခင်းကို
လွမ်းမောနေမိတာ
ကျနော့အပြစ်လား။
ဘ၀ဆိုတာ
အပြောင်းအလဲသိတ်များတယ်
လို့ပြောမဲ့အစား
ပူလိုက်အေးလိုက်ကြီးပါလားလို့
ပြောချင်နေမိတာ
ကျနော့အပြစ်လား။
ဒီမိုကရေစီကို မြန်မာပြည်မှာရအောင်
ကျနော်တို့ မျိုးဆက်တွေမလုပ်ပေးနိုင်သေးတာ
ကျနော်တို့အပြစ်လား။
ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ
No comments:
Post a Comment