Sunday, September 19, 2010

ခြေညောင်းတယ်

မသေချာသရွေ့ကုပ်ထား
သေချာမှနဲနဲလွှတ်
အရပ်ပဲဖြစ်ဖြစ် စစ်ပဲဖြစ်ဖြစ်
တို့လူတွေရဖို့။
တို့တအုပ်စာကောင်းစားရေး
ဟာအဓိက
ပြည်သူတွေဆိုတာ
ဖိထားရင်ပိတယ်
ဒါဟာစစ်အုပ်စုရဲ့
ဒဿန
ဗိုလ်နေ၀င်းလက်ထက်ကတည်းက
စခဲ့တာ။
ရွေးကောက်ပွဲ
အင်္ကျီလဲရုံပဲဆို
မဲရုံသွားတာခြေညောင်းတာထက်
ဘာပိုသလဲ။

No comments:

Post a Comment