Friday, July 23, 2010

ရေနံယိုဖိတ်မှုရဲ့သဘာဝပါတ်ဝန်းကျင်အပေါ်ရိုက်ခတ်မှု ၁

(မှတ်ချက်-ဒီဆောင်းပါးကတော့ မက္ကဆီကိုပင်လယ်ကွေ့က ရေနံယိုဖိတ်မှုစတင်ဖြစ်ပေါ်လာပြီး အခုသိတ်မကြာသေးမီက၇၅တန်လေးတဲ့အဖုံးကြီးမပိတ်မီရေးခဲ့တဲ့ဆောင်းပါးတပုဒ်ပါ။ ဒါပေမဲ့သဘာဝပတ်ဝန်းကျင်အပေါ်ရိုက်ခတ်မှုကိုကျနော်တို့လေ့လာနိုင်အောင်ကျနော်ဘာသာပြန်ရေးသားတင
်ပြခြင်းဖြစ်ပါတယ်။)
ဘီပီကုမ္ပဏီရဲ့ရေနံယိုဖိတ်မှုဟာ အရင်ကယိုဖိတ်ခဲ့မှုတွေထက် ပို၍ကြီးမားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာခြိမ်းခြောက်မှုကိုဖြစ်စေတယ်ဆိုတာ မှန်ပါသလား အဲလိုဖြစ်တယ်ဆိုရင်လဲဘာကြောင့်လဲ ဆိုတဲ့မေးခွန်းနဲ့စတင်ထားတဲ့ ဒီဆောင်းပါးဟာ ကျနော်တို့လိုကျနော်တို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ ကျနော်တို့နိုင်ငံက သဘာဝဓါတ်ငွေ့တွေစစ်အစိုးရကထုတ်ရောင်းနေတဲ့ နိုင်ငံလိုမျိုးနိုင်ငံတနိုင်ငံမှာနေထိုင်နေရတဲ့လူတွေအနေနဲ့သိထား
သင့်တဲ့ဗဟုသုတတခုလို့ထင်မိပါတယ်။ အဲဒီဆောင်းပါးကိုဆက်ဖတ်ကြည့်တဲ့အခါ-
ဆက်လက်ဖြစ်ပွားနေတဲ့မက္ကဆီကိုပင်လယ်ကွေ့က ရေနံယိုဖိတ်မှုဘေးဒဏ်ဟာ ပင်လယ်နက်ရဲ့သဘာဝသတ္တဗေဒ(ဂေဟစနစ်)ကို ဘယ်လိုဆိုးကျိုးသက်ရောက်စေနိုင်သလဲဆိုတာ ဘယ်သူမှအသေအချာမပြောနိုင်သေးပေမဲ့ သိပ္ပံပညာရှင်တွေကတော့ အကောင်းမမြင်ကြပါဘူး။ အခုအချိန်မှာပြန်ကြည့်ရင်ဒုတိယအကြီးဆုံးရေနံယိုဖိတ်မှုလို့ပြောလို့ရတဲ့ ၁၉၈၉ ခုနှစ် အက်ခ်စ်ဆိုဗားဒက်စ် Exxon Valdez ယိုဖိတ်မှုက ၁၁၀၀၀ စတုရန်းမိုင်ခန့်အကျယ်ရှိပြီး ၁၃၀၀ မိုင်အရှည်အလျားရှိတဲ့ သန့်ရှင်းသန့်ပြန့်သောအလပ်စကာကမ်းရိုးတန်းတလျှောက်မှာစီးမျောနေခဲ့ကာ သိန်းချီသောငှက်များ ရေနေ နို့တိုက်သတ္တ၀ါများ မရေတွက်နိုင်သောငါးများ ငါးဥများကို သေကျေပျက်စီးဆုံးရှူံးစေခဲ့ပါတယ်။ ယခုဆက်လက်ဖြစ်ပွားနေသောရေအနက်လည်းရှိတဲ့မျက်နှာပြင်ကျယ်ယိုဖိတ်မှုက ခုနကဖေါ်ပြခဲ့တဲ့ယိုဖိတ်မှုထက်စာရင် ပို၍ဆိုးဝါးသောအကျိုးဆက်ကိုပေးမှာဖြစ်ပြီး ယင်းယိုဖိတ်မှုဟာပင်လယ်ရေမျက်နှာပြင်သာမက ရေစီးကြောင်းများအတွင်းမှာဖြစ်ပွားနေတာဖြစ်ပါတယ်။ အမျိုးသားသမုဒ္ဒရာနှင့်လေထုဆိုင်ရာစီမံခန့်ခွဲရေးဌာ National Oceanic and Atmospheric Administration မှသုတေသီများက မကြာသေးမီကမှ ရေအနက်ထဲတွင် ၃၀ မိုင်ရှည်လျား၍ ၇ မိုင်ကျယ်ကာ ပေရာချီ၍ထူထပ်သည့် ရေပန်းပုံသဏ္ဍန်ဖြင့်ယိုဖိတ်စင်ထွက်နေသည့် ရေနံများကို သတိပြုရှာဖွေတွေ့ရှိခဲ့ကြသည်။ မည်သည့်အတွက်ကြောင့်ရေအောက်ရေနံယိုဖိတ်မှုက ပို၍ဆိုးရွားစေပါသလဲ။ အကျိုးဆက်တခုကတော့ ယခင်ကတည်းကမက္ကဆီကိုပင်လယ်ကွေ့ကို ဒုက္ခပေးထားပြီးဖြစ်တဲ့ မစ္စစပီမြစ်ဘက်မှလာတဲ့စိုက်ပျိုးရေးဆိုင်ရာဖိတ်စင်မှုများနှင့် စက်မှုလုပ်ငန်းဆိုင်ရာကြောင့်ဖြစ်သောလေထုညစ်ညမ်းမှုများကြောင့်ဖြစ်သော ရာသီအလိုက်ဖြစ်သော သေစေသောဇုံ dead zone ဆိုသည်ကို အချိန်ပို၍ရှည်ကြာသွားစေခြင်းနှင့် အရွယ်အစားအရ ပို၍ကျယ်ပြန့်ကြီးမားသွားစေခြင်းပင်ဖြစ်သည်။ ကြီးမားသောမက္ကဆီကိုပင်လယ်ကွေ့မှပွင့်လန်းလာသောရေညှိရေမှော်များကအနောက်အလယ်ပိုင်းဒေသစက်ရုံများမှထုတ်လွှတ်လိုက်သောအငွေ့များနှင့် အသုံးပြုပြီးရာမှစွန့်ထုတ်လိုက်သော ဓါတ်မြေသြဇာအညစ်အကြေးများကို သဘာဝအားဖြင့်သန့်စင်စေနိုင်ခဲ့သော်လည်း ထိုဖြစ်စဉ်သည် သဘာဝဂေဟစနစ်အား မည်သည့်ထိခိုက်နာကျင်မှုများမဖြစ်စေပဲလျက် ဖြစ်မလာပါ။ နွေဦးရာသီတိုင်းတွင် လျင်မြန်စွာရှင်သန်ကြီးထွားသောရေညှိရေမှော်ပင်များက ထိုနေရာတွင်တခြားသတ္တ၀ါများအသက်ရှင်ရန်လိုအပ်သော အောက်ဆီဂျင်ဖြစ်ရှိမှုဆိုင်ရာပင်လယ်ကွေ့ရေစီးကြောင်းများ၏ကြီးမားသောအပိုင်းများကို တဖြည်းဖြည်းကုန်ခန်းစေပေသည်။ ထိုအခြေအနေကို ဟိုင်ပိုဆီးယား hypoxia လိုခေါ်ပေသည်။ ဘီပီရေနံဖိတ်စင်မှုသည် ထိုပြဿနာကိုပို၍ဆိုးဝါးသွားစေခဲ့ပေသည်။ ပင်လယ်ရေအောက်ဆီပန်းပွားများပေါ်တွင်စုပြုံတိုးဝှေ့သွားလာနေသော အလွန်သေးငယ်သောသဘာဝအားဖြင့်ဆီစားသည့်ဇီဝပိုးမွှာများက ဟိုင်ပိုဆီးယားဆိုင်ရာအခြေအနေကို ထပ်ပေါင်းဖြစ်ပေါ်စေပေသည်။ သို့တည်းမဟုတ် ဖွေးဖွေးလှုပ်များပြားလှသော ၄င်းအကောင်အငယ်လေးများပင်လယ်ကွေ့တွင်တခွင်တပြင်လုံးရှိနေလိမ့်မည်ဖြစ်သည်။ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment