ကြိုငြင်းထားမယ်
ခင်ဗျားကမ်းလှမ်းမဲ့ရွှေခွက်
သမုဒ္ဒရာဆန္ဒ
တစက်ချင်းဖြည့်မတဲ့လား
အနန္တခရီးဆိုတော်သေး
တကယ်မပြေးတဲ့
ဘ၇ိတ်ဒန်းကကွက်
ဘယ်သူလိုက်ကသတုန်း။
စကားလုံးတွေကခုန်တဲ့ည
ကဗျာတွေနဲ့ပရောဂျက်မဆွဲဘူး
နုနယ်ပျိုမြစ်တဲ့ ရွှေရောင်နေ့ရက်တွေ
ပရမြစ်ထဲ
မုန်တိုင်းတိုက်သလို
ဝေါကနဲဝေါကနဲခုန်ဆင်း
ဖလှယ်ခြင်းတန်ဖိုးတွေဘယ်သူလာတွက်မလဲ
ဒစ်ဂျစ်တယ်တွေ မျက်ရည်ပေါက်ပေါက်ကျတဲ့ည
မလဲနိုင်တာတွေ လဲနေကြ
ွှအဇ္ဈတ္တတွေသင်တဲ့တက္ကသိုလ်
လျှောက်လွှာမတင်ဘဲ
ပီအိတ်ခ်ျဒီရခဲ့
ခင်ဗျားတို့တတွေတက်ကြပါ
တပြားမှမပေးရဘူး
တန်ဘိုးအနဂ္ဃထိုက်တန်တယ်
မြန်မာပြည်ကြီး ပြောင်းလဲသွားလိမ့်မယ်။ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ
No comments:
Post a Comment