Monday, July 19, 2010

ဘာလိုမလဲ မလိုဘူးလေ

ငါတို့လာခဲ့တာ
အဲဒါတွေအတွက်မဟုတ်
အဲဒါတွေအတွက်ဆိုငါတို့အစကတည်းကမလာခဲ့ဘူး။
ငါဘာမှမရခဲ့တာအတွက်လဲ
ဘယ်တော့မှနောင်တရနေလိမ့်မှာမဟုတ်
အဲဒီဘာမှအကောင်အထည်ပြလို့မရတဲ့အရာတွေအတွက်
ငါဘာကြောင့်များဂုဏ်ယူနေပါလိမ့်
ဘာနဲ့မှမလဲနိုင်ဘူး
အဲဒါတွေဆိုတာတွေအတွက်
အစောကြီးကတည်းကတောင်မှ အားမထုတ်ခဲ့တာ
အခုမှငါကဘာများသွားမက်မောနေရဦးမှာလဲ
လူတော်တော်များများတန်ဖိုးထားနေတာတွေ
ငါဘာကြောင့်များတန်ဘိုးထားလို့မရနိုင်ပါလိမ့်
ငါတန်ဖိုးထားနေတာတွေ ဒီလူတွေဘာကြောင့်များတန်ဘိုးမထားနိုင်ကြပါလိမ့်
ကျနော်အခန်းကျဉ်းကျဉ်းထဲမှာပဲ ကျနော်တန်ဖိုးထားတာတွေ
တမြတ်တနိုး နေရာပေးထားပါ့မယ်
ကျနော်ဆိုတာ ဒီအနှစ်တွေရှိမှရှိမယ်
ဒီအနှစ်တွေမရှိရင် ကျနော်ဆိုတာမရှိဘူး
ဒါပေမဲ့ဗျာ
ကျနော်မလိုချင်တာတွေကို ကျနော်လုပ်ရပါ့ဦးမယ်
ဘ၀ဟာ တကယ့်ကိုမချိတင်ကဲကြီးပါလားဗျာ။

ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment