နူကလီးယားဗုံးမှာ တန်ခိုးရှိတယ်ဆိုရင်
သောက်လို့ရတဲ့သောက်ရေ
စားလို့ရတဲ့စားစရာတွေ
ဖန်ဆင်းပေးပါလား။
စွမ်းအားကြီးတဲ့ တန်ခိုးရှင်လက်နက်တွေထက်
တို့ပြည်သူတွေစားစရာပိုလိုတယ်
ရင်ကိုချမ်းမြေ့သွားစေတဲ့
သောက်ရေအေးလေးတခွက်လိုချင်တယ်
အနာဂါတ်မျိုးဆက်သစ်တွေ
ကွန်းခိုဖို့အတွက်
နူကလီးယားပလဲန်တွေထက်
ပညာရေစို့သောက်ရာ
္က္က္က္က္က္ကဉာဏဗိမ္မာန်တွေ ပိုမိုထုဆစ်တည်ဆောက်ရမယ်
နူအတတ်တွေထက်
နာဂစ်တွေထပ်မဖြစ်အောင်
ဂေဟစနစ်ကို
ဘယ်လိုထိန်းကျောင်းရမလဲဆိုတဲ့
အမြော်အမြင်ရှိတဲ့ပညာတွေ
ပိုလိုနေတယ်
မောင်သန်းရွှေရေလိုပဲပြောပါရစေ။
ကျွဲပါးစောင်းတီး
အသိခေါက်ခက်အ၀င်နက်
စကောလောက်မှစောက်မနက်တဲ့
စစ်သွက်ချာပါဒတွေကြောင့်တော့
တို့ပြည်သူတွေခက်ပြီးရင်းခက်နေရောပဲ
မဟုတ်ပါလား။
(ခံစားမိတာကိုရေးတတ်သလိုရေးဖွဲ့ထားခြင်းသာဖြစ်ပါတယ်။စာဖတ်သူများနားလည်စေချင်ပါတယ်ခင်ဗျား။)
ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ
No comments:
Post a Comment