Friday, June 4, 2010

အားလုံးငါ့ဟာ

အားလုံးငါ့ဟာ

ပါးစပ်ထဲမှာလဲ ပလုပ်ပလောင်း
လက်နှစ်ဖက်မှာလဲအထုပ်အသောင်းနဲ့
တွေ့ရာမြင်ရာလဲငါ့ဟာငါ့ဟာလို့
ပြောနေလေရဲ့။
တခြားသူတွေခြေချစရာနေရာ
တဖ၀ါးမှမရှိ အတ္တတွေသာကိုယ်စီထုပ်ပိုးလို့
ပရခရီးဆက်နေကြလေရဲ့။
ပေဖြစ်တုန်းတော့ခံဦးပေါ့ကွာလို့
အံခဲရပေါင်းလဲမနည်းတော့ဘူး
ဒါပေမဲ့တူဖြစ်ဖို့တော့မဟုတ်ပါဘူး
ပင်လယ်ရေမျက်နှာပြင်ဖြစ်ဖို့ပါ။
အကြွင်းမဲ့အာဏာဟာအကြွင်းမဲ့လူကို
ပျက်စီးစေတတ်၏တဲ့
ပျက်စီးဖို့အတွက်အကြွင်းမဲ့အာဏာရဖို့
သူတို့ကြိုးစားနေတယ်ဆိုရင်
ကျနော်တို့မြန်မြန်ပေးလိုက်ကြပါစို့။
ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment