Tuesday, June 1, 2010
ပညာရေးနှင့်လူ့လွတ်လပ်မှု
ယနေ့ဇွန်လ ၁ ရက်နေ့ဆိုလျှင်မြန်မာနိုင်ငံမှာကျောင်းတွေဖွင့်ပေတော့မည်။ ဒါကြောင့်ဒီတပတ်တွင်တော့ ပညာရေးနှင့်ပတ်သက်၍တစုံတရာတင်ပြရလျှင်ကောင်းမည်ဟု ယူဆပါသဖြင့် ကမ္ဘာ့ကုလသမဂ္ဂ၏စီးပွားရေးလူမှုရေးယဉ်ကျေးမှုအခွင့်အရေးများနှင့်ပတ်သက်သည့်နိုင်ငံတကာသဘောတူညီချက် United Naitons International Convention on Economic, Social and Cultural Rights စာချုပ်ပါ အချက် ၁၃ တွင်ပါရှိသော ပညာရေးနှင့်ပတ်သက်သည့် အချက်များကို တင်ပြသွားပါမည်။ ယင်းစာချုပ်အချက် ၁၃ အပိုဒ် ၁ တွင် ဤစာချုပ်ကိုသဘောတူလက်မှတ်ရေးထိုးထားသောနိုင်ငံများသည် လူတိုင်းလူတိုင်း၏ပညာသင်ကြားပိုင်ခွင့်အခွင့်အရေးကို အသိအမှတ်ပြုရမည်။ ပညာရေးဆိုသည်က လူတယောက်၏ပုဂ္ဂိုလ်ရေးဆိုင်ရာအရည်အသွေးများ၊ ဂုဏ်သိက္ခာနှင့်အညီပြည့်ဝစွာဖွံ့ဖြိုးတိုးတက်မှုများကို ဦးတည်လမ်းညွှန်ရမည်ဖြစ်ပြီး လူ့အခွင့်အရေးများနှင့်လူ့အခြေခံလွတ်လပ်မှုများကို လေးစားမှုများအား ခွန်အားဖြစ်ထွန်းစေသောပညာရေးဖြစ်ရမည်ဟုဆိုသော ပညာရေးအဓိပ္ပါယ်ကို ထိုအဖွဲ့ဝင်နိုင်ငံများအားလုံးက သဘောတူညီကြသည်ဟုဆိုပေသည်။ They agree that educationa shall be directed to the full development of the human personality and the sense of dignity,and shall strengthen the respect for the human rights and fundamental freedom. ကျနော်တို့ယနေ့ကမ္ဘာလူ့အသိုက်အမြုံကြီးက နားလည်လက်ခံထားသော ယင်းပညာရေးဆိုင်ရာအဓိပ္ပါယ်နှင့်ရည်ရွယ်ချက်များနှင့်အညီ ကျနော်တို့မြန်မာနိုင်ငံမှ ကျောင်းသားများပညာသင်ကြားခွင့်ရနေကြပြီလား။ ကျနော်တို့စဉ်းစားကြရပေမည်။ လွတ်လပ်မှုတို့ လူ့အခွင့်အရေးတို့ကို ပြောသောကျောင်းသားများကို ၄င်းတို့ကို ဆန့်ကျင်သူပုန်ထသူများအဖြစ်သာ သဘောထားသော ဤနအဖ စစ်အစိုးရလက်အောက်တွင် ဤသို့သော ပညာရေး၏အဓိပ္ပါယ်နှင့် ရည်ရွယ်ချက်များပေါက်မြောက်အောင်လည်း မသင်ကြားကြရ။ အတတ်ပညာနည်းပညာအရရော ဘွဲ့ရပြီးလျှင်တတ်မြောက်လာကြသလားမေးလျှင် ဘာမှမယ်မယ်ရရအတတ်မြောက်လာခဲ့ကြတာ ဘွဲ့ရပညာတတ်အချို့ပြည်ပသို့ရောက်ရှိလာပြီးစကားပြောကြည့်တော့သိရတော့ မြန်မာပြည်ပညာရေးမှာ အလားအလာမကောင်းပေ။ မည်သို့ပင်ဆိုစေ စစ်အာဏာရှင်လက်အောက်တွင်တော့ထိုသို့သာရှိပေမည်။ ကျနော်တို့ဒီမိုကရေစီပညာရေးစနစ်အတွက်ပြင်ဆင်သင့်သည်မှာ လူ့အခွင့်အရေးနှင့် လူ့အခြေခံလွတ်လပ်ခွင့်များကို အခြေခံသောပညာရေး လေးစားတန်ဘိုးထားသော ပညာရေး ယင်းတို့ကိုမည်သို့ကျင့်ကြံလုပ်ဆောင်ရေး အသုံးပြုရန်သင်ကြားပေးသောပညာရေး စသည်တို့ကို မည်ကဲံ့သို့ပြုစုပျိုးထောင်ယူမည်နည်းဟူ၍သာ စဉ်းစားလုပ်ဆောင်ကြရန်ရှိပေသည်။ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment