Self Motivation မိမိကိုယ်မိမိလုပ်ချင်ကိုင်ချင်စိတ်ရှိအောင် စိတ်ဓါတ်တက်ကြွနေအောင်ဘယ်လိုလှုံ့ဆော်ထားမလဲဆိုတာနဲ့ပတ်သက်ပီး ဒီတပတ်တင်မဲ့ပို့စ်အသစ်မှာ ရေးချင်စိတ်ပေါက်လာပါတယ် စာလာဖတ်တဲ့သူတွေလည်း ဖတ်ပြီးအကျိုးရှိကာအသုံးချနိုင်အောင်ပေါ့။ လူတိုင်းလူတိုင်းဟာ အခါခပ်သိမ်းအမြဲတန်းလုပ်ချင်ကိုင်ချင်စိတ်ရှိနေကြတာမဟုတ်ဘူး။ တခါတလေ ဘာလုပ်ရမှန်းဘာလုပ်ချင်မှန်းကိုယ့်ဖာသာကိုယ်ပြန်ပေးနေရတယ် လုပ်ချင်တဲ့အရာရှိသည့်တိုင် လုပ်ဖို့စိတ်တက်ကြွနေဦးမှမဟုတ်လား လုပ်ချင်စိတ်လေးရှိနေတာကိုမဆိုးပါဘူး ဒါပေမဲ့တခါတလေမှာ ဘာမှလုပ်ချင်စိတ်မရှိတော့တာလဲဖြစ်သွားတတ်ပါတယ် အဲဒါတွေကိုကျော်လွှားနိုင်ဖို့ကျနော်လေ့လာတင်ပြကြည့်တာပါ။ အဲဒီ self motivation ရှိနေဖို့ဆိုတာကိုတင်ပြထားတဲ့ပညာရှင်တွေအများကြီးရှိပါတယ် အဲဒီအထဲက ကျနော်သဘောကျတာလေးလက်တွေ့လည်းအကောင်အထည်ဖေါ်လို့လွယ်တာလေးတခုတင်ပြလိုက်ပါတယ် အဲဒီမှာ ၇ ချက်ပါတာတွေ့တယ်
၁။ Be health conscious ယေဘူယျပြောရလျှင်ကျန်းမာရွှင်လန်းအောင်နေပါလို့ဆိုနိုင်ပါတယ်။ လူတယောက်ဟာ အိပ်ရေးဝမယ်။ လိုအပ်တဲ့ ဗီတာမင်ဓါတ်တွေစားးမယ်။ ပုံမှန်လေ့ကျင့်ခန်းတွေလုပ်မယ်ဆိုရင် motivation လုပ်ချင်ကိုင်ချင်စိတ်ရှိမှုစိတ်ဓါတ်တက်ကြွနေမှု (နောင် motivation လို့ပဲသုံးသွားမယ်။) မြင့်နေမယ်လို့ဆိုပါတယ်။ အကယ်၍လူတယောက်ရဲ့ခံစားမှုဟာ စွမ်းအင်ပြည့်ဝတယ်လို့ခံစားနေရမယ်ဆိုရင်ကျန်းကျန်းမာမာရှိနေမယ်လို့ခံစားနေရမယ်ဆိုရင် ဒီလူဟာသူ့ရဲ့အလုပ်တွေကို လုပ်ကိုင်ဆောင်ရွက်ရတာလွယ်ကူမှာပါတဲ့ခင်ဗျား။
၂။ Make your plan of action မိတ်ဆွေဆောင်ရွက်မဲ့ လုပ်ဆောင်မှုများအတွက် အစီအစဉ် plan ပြုလုပ်ပါတဲ့။ ခင်ဗျားဆောင်ရွက်ချင်တဲ့အရာများကို ချရေးဖို့အတွက် အချိန်တချို့ကိုအသုံးပြုပါတဲ့၊ခင်ဗျားဆက်တိုက်စီးရီးအလိုက်ဆောင်ရွက်မဲ့ဆောင်ရွက်ချက်များ အစီအစဉ်ကို သတ်မှတ်ပါတဲ့ Set your course of actions. ပြီးတော့အရေးကြီးဆုံးဘယ်ဟာဖြစ်တယ်ဆိုတာကို ဦးစားပေးအဆင့်သတ်မှတ်ပါတဲ့ခင်ဗျား။
၃။ Practice the 15-minute time rule ၁၅ မိနစ်အချိန်တာတခုကိုသတ်မှတ်ကာ အလုပ်လက်တွေ့လုပ်ခြင်းကိုလေ့ကျင့်ပါတဲ့။ အချိန်တိုင်းကိရိယာ timer တခုမှာ (ကိုယ့်နာရီကိုယ်ကြည့်ဆောင်ရွက်လျှင်လည်းဖြစ်နိုင်ပါသည်။) ၁၅ မိနစ်သတ်မှတ်ပီးကိုယ့်ရဲ့အလုပ်တခုကိုလုပ်ကြည့်ပါ။ အချိန်တိုင်းစက်က အချိန်ကုန်ပြီလို့ပြောတဲ့အချိန်မှာ ခင်ဗျားမှာ အလုပ်ကိုရပ်ဖို့ရွေးချယ်ပိုင်ခွင့်ရှိပါတယ်၊ တဖြည်းဖြည်းနဲ့ အဲဒီလိုလုပ်လိုက်တာကို အချိန်ကုန်သွားတာနဲ့အမျှ ခင်ဗျားမှာ ခင်ဗျားရဲ့ အလုပ်အပေါ်မှာစိတ်ပါဝင်စားမှုတွေတိုးတက်အောင်မြှင့်တင်သွားနိုင်တယ်ဆိုတာကို ကိုယ့်ဖာသာကိုယ်သဘောပေါက်နားလည်လာမှာပါ။
၎။ Discover your peak hour ခင်ဗျားရဲ့စွမ်းဆောင်ရည်အမြင့်ဆုံးအချိန်ကို ရှာဖွေထားပါတဲ့။ ကိုယ့်ဖာသာမေးပါတဲ့။ ကိုယ့်ဟာ မနက်ပိုင်းမှာပိုမိုစွမ်းဆောင်ရည်ရှိသူလား နေ့လည်ပိုင်းမှာပိုမိုစွမ်းဆောင်ရည်ရှိသူလားဆိုတာကိုတဲ့။ ခင်ဗျားမှာ စွမ်းအားအမြင့်ဆုံးရှိတဲ့ နေ့တနေ့ရဲ့အချိန်ကိုရှာဖွေထားပါ။ ခင်ဗျားမှာမနက်ပိုင်းစွမ်းအင်တွေအများဆုံးရှိနေသလား။ အဲဒီလိုဖြစ်တယ်ဆိုရင်တော့ဖြင့် စွမ်းအင်အများဆုံးအသုံးပြုပြီးလုပ်ရမဲ့အလုပ်ကို မနက်ပိုင်းမှာလုပ်ဖို့အကြံပေးပါတယ်တဲ့ခင်ဗျား။ နေ့လည်ခင်းနာရီများကိုတော့ နည်းနည်းပါးပါးသာတွေးတောစဉ်းစားဖို့လိုတဲ့ အလုပ်တွေအတွက် အရံနာရီများအဖြစ်ထားရှိသင့်ပါတယ်တဲ့ခင်ဗျား။ အကယ်၍ခင်ဗျားဟာ နေ့လည်နေ့ခင်းတွေမှာ ပို၍စွမ်းအင်ပြည့်ဝသူလို့ကိုယ့်ဖာသာကိုယ်သိမယ်ယုံကြည်မယ်ဆိုရင်တော့ဖြင့် ခင်ဗျားရဲ့ အဲဒီလိုစိတ်ဓါတ်တက်ကြွမှုနဲ့လိုက်ဖက်တဲ့ အကျိုးရှိမဲ့အလုပ်တွေကို နေ့လည်နေ့ခင်းမှာလုပ်ဆောင်ပါတဲ့။၅။ Stop being a perfecionist ပြီးပြည့်စုံစွာဆောင်ရွက်နိုင်သူဖြစ်ခြင်းဆိုတာကို ရပ်တံ့လိုက်ပါတဲ့။ လုပ်ဆောင်အောင်မြင်ပြီးစီးခြင်းကိုသာရည်ရွယ်ချက်ထားပြီး အားလုံးပြီးပြည့်စုံရမယ်ဆိုတာကို ရည်ရွယ်ချက်မထားပါနဲ့တဲ့။ အားလုံးပြီးပြည့်စုံရမယ်ဆိုတာကို မျှော်လင့်ချက်ထားလုပ်ဆောင်ခြင်းဟာ အချိန်နှောင့်နှေးကြန့်ကြာခြင်း အီးရောအီးရောလုပ်ခြင်းကိုရှေ့ရှုသွားစေနိုင်ပါတယ်တဲ့။ ပြီးပြည့်စုံစွာကောင်းမှလုပ်မယ် အဲလိုမဟုတ်ရင်မလုပ်ဘူးဆိုတဲ့ခံစားမှုမှာ ခင်ဗျားမှာထားရှိထားမယ်ဆိုရင်အဲဒီလိုထားရှိထားတဲ့အတွက်ကြောင့် ခင်ဗျားအလုပ်တခုခုကိုမလုပ်ချလိုက်သူအဖြစ်ကိုဦးတည်သွားစေနိုင်ပါတယ်တဲ့။ဘယ်သူမှပြီးပြည့်စုံသူမဟုတ်ဘူးဆိုတာကိုခင်ဗျားလက်ခံထားမယ်ဆိုရင်အဲဒီလိုလက်ခံထားခြင်းက ခင်ဗျားကို motivation ဖြစ်စေနိုင်ပါတယ်တဲ့ခင်ဗျား။
၆။Break down the task into smaller components ခင်ဗျားရဲ့အလုပ်တွေကို ပို၍သေးငယ်တဲ့ ပါဝင်ဘက်လုပ်ငန်းငယ်လေးများဖြစ်အောင်ခွဲခြမ်းစိတ်ဖြာပါတဲ့။ အချိန်တချိန်မှာ လုပ်ငန်းအဆင့်တခုကို ခင်ဗျားပြီးစီးအောင်ဆောင်ရွက်လိုက်ပါက အဲဒီလိုဆောင်ရွက်ပြီးစီးသွားမှုက ခင်ဗျားကို motivation ဖြစ်စေပါတယ်တဲ့ခင်ဗျား။
၇။ At all times, see to it that you always pump yourself up. အမြဲတန်းအချိန်မရွေးမှာ ခင်ဗျားဟာ ခင်ဗျားကိုယ်ခင်ဗျားမြင့်တင်နိုင်သူအဖြစ် မြင်ကြည့်ပါတဲ့။ ခင်ဗျားကိုယ်ခင်ဗျား motivation လုပ်နိုင်အောင် လုံလောက်တဲ့အချိန်ကို ခင်ဗျားကိုယ်ခင်ဗျားပြန်ပေးပါတဲ့။ ခင်ဗျားဟာခင်ဗျားရဲ့ရည်ရွယ်ချက်တွေကို အောင်မြင်ပြီးစီးအောင်ဆောင်ရွက်နိုင်သူဖြစ်မယ်ဆိုတဲ့အပေါ်မှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင်အားပေးပါတဲ့။ ခင်ဗျားအကြောင်းကိုခင်ဗျား အပေါင်းလက္ခဏာဆောင်စွာ အပြုသဘောဆောင်စွာစဉ်းစားဖို့အမြဲတန်းအရေးကြီးနေပါတယ်တဲ့ခင်ဗျား။
(အခုကျနော်လည်းဒီပို့စ်အသစ်လေးကို ပြီးစီးအောင်ဘာသာပြန်ရေးသားခြင်းဆိုတဲ့အလုပ်တခုကို လုပ်ဆောင်ပြီး motivation ပြုလုပ်လိုက်ပါပြီ။ ဒီစာကိုဖတ်မိတဲ့သူတွေဟာလည်း မိမိကိုယ်မိမိ motivation လုပ်နိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။)
Jeff Cohen ရဲ့ရေးသားချက်ကို ဆီလျော်သလိုဘာသာပြန်ရေးသားမျှဝေလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျား။
No comments:
Post a Comment