Friday, May 21, 2010

စီးပွားရေးဗဟုသုတအကြောင်းစပ်မိစပ်ရာ

ယနေ့တော့ စီးပွားရေးဗဟုသုတတချို့ကိုမျှဝေကြည့်ဖို့စိတ်ကူးရပါတယ် ပညာရှင်တွေရေးသားတာတွေအများကြီးရှိနေပြီဖြစ်မှာပါ ဒါပေမဲ့ ကျနော့ဘလော့ကို ဘယ်သူဖတ်သည်ဖြစ်စေ ဖတ်မိသူတွေကျနော်လေ့လာမိတာကို သိဖို့ပဲမျှဝေလိုက်တာပါ ပိုသိချင်ရင်တော့ ပညာရှင်တွေရေးတဲ့စာတန်းတွေဆောင်းပါးတွေရှာဖတ်ရလိမ့်မှာပေါ့ နောက်များလည်းကျနော်ကြုံလို့လေ့လာမိရင်ထပ်မံမျှဝေပါ့မယ်အဲဒါတွေကတော့
Dow Jones ပျမ်းမျှညွှန်ကိန်းဆိုတာကပါလဲ ရေဒီယိုမှာ မီဒီယာမှာ တောထဲမှာနေခဲ့စဉ်ကတည်းကလည်း ခဏခဏကြားတယ် အခုတီဗွီမှာ စီးပွားရေးသတင်းလို့ပြောလိုက်ရင် သူတို့မပါရင်မပီးဖြစ်နေလို့လေ့လာမိတာကိုရေးသားတင်ပြမိတာပါ
ဒေါင်းဂျုံးဆိုတာကတော့ the Dow Jones (industrial )average - an index (= a system for comparing values) of the prices of shares in the 30 most important companies on the New York Stock Exchange. နယူယောက် စတော့အိတ်ခ်ဆ်ချိန်း စတော့ရှယ်ယာရောင်းဝယ်ရေးဈေးကွက်မှာရှိတဲ့ အရေးကြီးဆုံးကုမ္ပဏီ ၃၀ ရဲ့ ရှယ်ယာဈေးနှုန်းတွေကို နှိုင်းယှဉ်ရကာနေရလာတဲ့ကိန်းဂဏန်းညွှန်းကိန်းဖြစ်ပါတယ်တဲ့ခင်ဗျား ဘယ်ကုမ္ပဏီတွေပါသလဲ ဘယ်လိုမျိုးနှိုင်းယှဉ်သလဲ ယင်းကိန်းအတက်အကျက ဘာကိုဖေါ်ပြသလဲဆိုတာတွေဟာ အရေးကြီးလိမ့်မယ်ထင်ပါတယ် ကျနော်လဲမသိသေးပါ လေ့လာပီး အလျဉ်းသင့်ရင်တင်ပြပါ့မယ် နောက် အဲဒီဒေါင်းဂျုံးကိန်းနဲ့ ယှဉ်ပီးလေ့လာသင့်တာကတော့ FTSE100 ညွှန်းကိန်းလို့ဆိုပါတယ် အဲဒါက အင်္ဂလန်နိုင်ငံမှာရှိတဲ့ အရေးကြီးဆုံးကုမ္ပဏီ ၁၀၀ ရဲ့ ရှယ်ယာဈေးနှုန်းတွေကိုနှိုင်းယှဉ်ရာကနေရလာတဲ့ကိန်းဖြစ်ပြီး Nikkei နစ်ကေးပျမ်းမျှညွှန်ကိန်းကျတော့ ဂျပန်နိုင်ငံမှာရှိတဲ့ အရေးအကြီးဆုံးကုမ္ပဏီများရဲ့ ခုနက အမေရိကန်နဲ့အင်္ဂလန်လိုပဲ ရှယ်ယာဈေးနှုန်းတွေကို နှိုင်းယှဉ်ရာကနေရလာတဲ့ရလာဒ်လို့ဆိုပါတယ် ရှယ်ယာဈေးနှုန်းတွေဟာ တနေရာနဲ့တနေရာမတူတတ်လို့ အဲဒီလိုမတူတာကို အခွင့်ကောင်းယူအသုံးချနိုင်တဲ့စီးပွားရေးသမားတွေလည်းပေါ်လာပါတယ် arbitrage ဆိုတဲ့စာလုံးရဲ့အဓိပ္ပါယ်ကိုလေ့လာကြည့်ပါ arbitrage - the method on the stock exchange of buying something in one place and selling it in another place at the same time, in order to make a profit from the difference in price the two places. အဲဒီစာလုံးရဲ့အဓိပ္ပါယ်ကတော့ အချိန်တချိန်တည်းမှာ နေရာတနေရာမှာ ရှယ်ယာတခုရဲ့တန်ဖိုးဟာဈေးကျနေပေမဲ့ အဲဒီရှယ်ယာပဲတခြားတနေရာမှာ ဈေးနဲနဲမြင့်နေတယ်ဆိုရင် ဈေးနဲတဲ့နေရာမှာဝယ်ပီး ဈေးများတဲ့နေရာမှာပြန်သွားရောင်းပီးအမြတ်ရှာသွားတာကိုဆိုလိုတာပါပဲ အခုက ကမ္ဘာကြီးရဲ့တောင်ဝင်ရိုးစွန်းမှာဈေးကျပီး မြောက်ဝင်ရိုးစွန်းမှာဈေးမြင့်နေတယ်ဆိုရင် အရင်းအနှီးရှိသူတွေက ကိုယ့်အိမ်ကနေပဲ အင်တာနက်မှာ တောင်ဝင်ရိုးစွန်းမှာ ၀ယ်ပီးမြောက်ဝင်ရိုးစွန်းမှာ မိနစ်ပိုင်းစက္ကန့်ပိုင်းအတွင်းရောင်းပြီးအမြတ်ရနေကြတယ်မဟုတ်လား အဲဒီလိုစီးပွားရှာတဲ့သူတွေကို arbitrageur လို့ခေါ်ပါတယ် ကျနော်စီးပွားရှာဖို့ဒီအကြောင်းစိတ်ဝင်စားပီးရေးတယ်မထင်လိုက်ပါနဲ့ဦးနော် သဘောပဲသိတာပါဗျာ လက်တွေ့မလုပ်တတ်ပါဘူး လုပ်ရင်လည်းရှူံးမှာသေချာတယ် ဒါပေမဲ့ဒီနေ့ကမ္ဘာကြီးဘယ်လိုလည်ပတ်နေတယ်ဆိုတာကို ကျနော်တို့မအဘဲသိနေဖို့ အရေးကြီးတယ်မဟုတ်ပါလားခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment