Tuesday, May 18, 2010
နော်ဝေအမျိုးသားနေ့အတွေ့အကြုံ
မနေ့က မေလ ၁၇ ရက်နေ့သည် ဆော့တဲမိုင်ခေါ် နော်ဝေအမျိုးသားနေ့ဖြစ်သည်။ မနှစ်ကကျနော်တို့ရောက်စကတခါဘာဂင်မြို့ကိုသွားပီး ကြည့်ဖူးသည်။ သို့သော်မနှစ်က ကျနော်တို့သွားသည်က နောက်ကျသည်။ စောစောသွားရကောင်းမှန်းလည်းမသိ။ သွားချင်ခဲ့လည်း ကားက မနက် ၁၀ နာရီခွဲလောက်မှ ရပီး ဘာဂင်မြို့ကို ၁၁ နာရီခွဲလောကိမှ အစောဆုံးရောက်ခဲ့မည်ဆိုတော့ တွန့် ခေါ် စီတန်းလှည့်လည်ချိန်စတင်သည့်အချိန်တည့်တည့်ကိုရောက်ခဲ့သည့်တိုင်အောင် နေရာက မရသဖြင့် စီတန်းလှည့်လည်မည်ကို ကြည့်ခဲ့ရမည်မဟုတ်ပေ။ အချိန်ဇယားက အတူတူပဲဆိုတော့ ဒီနှစ်လည်း ဒီအတိုင်းပဲထပ်ဖြစ်ဖို့ကိန်းဆိုက်နေချိန်တွင် ကျနော့ဇနီး၏ ဒုက္ခသည်ဂိုက်က သူမကားဖြင့်မနက် ၈ နာရီခွဲလာခေါ်မည်။ ပြင်ထားပြီးတော့ snarveien ကို လမ်းတိုဖြစ်သည့် သင်္ဘောဖြင့် ဖြတ်သွားမည့်လမ်းကြောင်းဖြင့်သွားမည်ဟုဆိုသည်။ သို့သော်သင်္ဘောခကိုတော့ ကျနော်တို့က ကျခံရမည်။ ကျနော်တို့က ရပါသည်။ သို့သော် အသွားကိုသင်္ဘောဖြင့်သွားပီး အပြန်ကို ဘတ်စ်ကားဖြင့်ပြန်မည်ဟု ကျနော်တို့က ပြောရာသူမကလက်ခံသည်။ ဘာပဲဖြစ်ဖြစ်ကျနော်တို့မိသားစုကိုယ်စားကျနော့်ဇနီးရသော ဒုက္ခသည်ဂိုက်မှာ အလွန်ပင်ကောင်းပါသည်။ ကျနော်တို့ကို ဟားလ်နီး ခေါ် မနက်ရှစ်နာရီခွဲတွင်လာကြိုသည်။ နော်ဝေဘာသာစကားတခုသာရှိမည်ထင်ပါသည်။ ရှစ်နာရီခွဲတို့ ရှစ်နာရီခွဲဖို့ ၅ မိနစ်အလိုတို့ ရှစ်နာရီခွဲပီး ၅ မိနစ်ဆိုတာတို့ကို တနာရီကျော်ပြီး ၉ ဂဏန်းဖြင့်ပြောသည်။ ဥပမာ အထက်ကပြောသလို ရှစ်နာရီခွဲဆိုလျှင် ဟားလ်နီး။ ဟားလ်ဆိုတာက တ၀က် နီး ဆိုတာက ၉။ တကယ်လို့ရှစ်နာရီခွဲဖို့ ၅ မိနစ်လိုဆိုလျှင် ဖဲမ်ပေါဟားလ်နီး ဖဲမ် ဆိုတာက ၅၊ ပေါ ဆိုတာက လိုတာကိုဆိုတာ ဟားလ်နီးဆိုတာက ရှစ်နာရီခွဲ။ ရှစ်နာရီခွဲပီး ၅ မိနစ်ဆိုလျှင် ဖဲမ်အိုဗာဟားလ်နီး အိုဗာဆိုတာက အကျော်အလွန်၊ ဒါကြောင့် ဖဲမ်ပေါလ်ဟားနီးဆိုတကာက ရှစ်နာရီခွဲပြီး ၅ မိနစ်။ နော်ဝေဘာသာစကားတွင် အထူးဆန်းဆုံးအသုံးအနှုန်းတခု ဖြစ်သည်ဟု ယင်းနာရီအခေါ်အဝေါ်ကို တခြားဘာသာစကားများနှင့်နှိုင်းယှဉ်သည့်အခါသတိပြုမိသည်။ အဲနော်ဝေအမျိုးသားနေ့အကြောင်းဆက်ရလျှင် သူတို့က စီတန်းလှည့်လည်မှုကို မနက်၁၁ နာရီခွဲခန့်တွင်စသည်။ ကျနော်တို့က အနီးကပ်ကြည့်နိုင်ရန် နေရာကောင်းတခုကို စောစောစီးစီးယူထားရသည်။ ၁၀ နာရီခွဲခန့်ကတည်းက။ စီတန်းလှည့်လည်သောအခါ ဘလောစတိုင်း ခေါ် ကျောက်တုံးပြာရှိသည့် ရှည်မျောမျောဘလောက်တခုကို ပတ်သည်။ ဘလော့စတိုင်းခေါ်ကျောက်တုံးပြာသည် လူထုလှုပ်ရှားမှုတခုခုပြုလုပ်သည့်အခါ လူစုသည့်နေရာဖြစ်သည်။ မနှစ်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည့်က မတရားဖမ်းဆီးချုပ်နှောင်ပီး မတရားတရားစီရင်ကာထောင်ချရန် နအဖစစ်အစိုးရက ကြိုးစားနေသည်။ ထိုကြောင့်လွှတ်ပေးရန် တောင်းဆိုဆန္ဒပြသည်ကို ထိုဘလောစတိုင်းနေရာမှပင်စခဲ့သည်။ ယခု နော်ဝေအမျိုးသားနေ့တွင် စီတန်းလှည့်လည်မှုကို တွေ့ရသောအခါ ပထမဆုံးအနေဖြင့် ပေါ်လတီခေါ်ရဲတပ်ဖွဲ့ နောက် ဘရားန် ခေါ်မီးသတ်တပ်ဖွဲ့ အဲဒီနောက်မှာမှ နိုင်ငံရေးအဖွဲ့ နောက်တေးဂီတအဖွဲ့ ၊ အားကစားအဖွဲ့၊ စစ်သားများအဖွဲ့၊ ကုန်သွယ်ရေးအဖွဲ့ ၊ ဆေးအဖွဲ့၊ အဖွဲ့ပေါင်းများစွာ နောက်ဆုံးမှာတော့ ဗီသရယ်ဂေါ်ဒယ် videregående ခေါ် နော်ဝေတက္ကသိုလ်ဝင်တန်း ကျောင်းသားများမှ နောက်ဆုံးနှစ်(တတိယနှစ်)ကျောင်းသားများက သူတို့၏တချို့စာတန်းနှင့် အရုပ်များပါသောဘောင်းဘီအနီရောင်နှင့် အင်္ကျီအဖြူရောင်ကို ၀တ်ဆင်လျက် ထုနှင့်ထည်နှင့် သီချင်းများအော်ဆို၍ စီတန်းလှည့်လည်ကာ သူတို့၏စီတန်းလှည့်လည်မှုအစီအစဉ်၏အရေးအကြီးဆုံးဖြစ်သော ဘလော့စတိုင်း ၀န်းကျင်အားပတ်သွားသည့်အစီအစဉ်ကို ကျော်လွန်ပြီးမြောက်သွားစေခဲ့ပေသည်။ ဆော့တဲမိုင်း ခေါ် အမျိုးသားနေ့ဝတ်စုံကို ဘွန်းန (bunad)ဟုခေါ်ပေသည်။ အမျိုးသားသီချင်းမှာ Ja, vi elsker. ဟုတ်ပါတယ် ကျနော်တို့ချစ်တယ် ဟု အဓိပ္ပါယ်ရပေသည်။ ဒီနှစ်တိုက်တိုက်ဆိုင်ဆိုင် နော်ဝေမျိုးသားသီချင်းကို ရေးခဲ့သူ Bjørrnstjerne Bjørnson ဘရော့စ်ရှားနဲဘရော့န်ဆဲန် ကွယ်လွန်ခဲ့သည့် နှစ်တရာတိတိပြည့်မြောက်ခဲ့သည့်နှစ်ဖြစ်ပေသည်။ နော်ဝေရဲ့ ရွှေတိုင်ညွန့် ပေါ့ဗျာ။ နော်ဝေဟာ ဒိန်းမတ်ထံကနေ ဆွီဒင်နှင့်အတူ ၁၈၁၄ ခုနှစ်တွင်ခွဲထွက်ခဲ့ပြီး ၁၉၀၅ ခုနှစ်တွင် ဆွီဒင်ထံမှတခါ ထပ်မံခွဲထွက်ကာ လွတ်လပ်သောနိုင်ငံဖြစ်လာခဲ့ပေသည်။ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment