Saturday, May 15, 2010

နော်ဝေအစိုးရကောင်းပါသည် သို့သော်

နော်ဝေအစိုးရ ဟာကျနော်တို့ တွေအတွက်အများကြီး ကောင်းခဲ့ပါတယ်။ ဥပမာအားဖြင့် အမေရိကန်ကို အခြေချတဲ့သူတွေဆိုရင် လေယာဉ်စရိတ်ပြန်ဆပ်ရတယ် ရောက်ပြီး အများဆုံးရှစ်လ လောက်ထောက်ပံ့ပြီးရင် ကိုယ့်ဟာကိုယ် ရုန်းရတယ် အစသဖြင့်ပေါ့ နော်ဝေမှာ ကတော့ အကြမ်းအားဖြင့် ပြောရလျှင် ၃ နှစ်လောက်က အစိုးရက ထောက်ပံ့ ထားတယ်လို့ ပြောလို့ရပါတယ်လေယာဉ်စရိတ်ဆိုတာလည်းပြန်ဆပ်စရာမလိုဘူးကျနော်တို့အတွက်နော်ဝေအစိုးရက ကောင်းတာတွေအများကြီးပါ ကျေးဇူးလည်းတင်တယ် ဒါပေမဲ့ တခါတလေကျရင် တချို့နော်ဝေပြည်သူတွေရဲ့ဆက်ဆံပုံက အခံရခက်ပါတယ် ဥပမာအားဖြင့် အဖြစ်အပျက်လေးတခုနှစ်ခုကိုပြောပါရစေ တကယ်လို့ နော်ဝေမှာရှိတဲ့ မြန်မာတွေ ကျနော့ပို့စ်ကို ဖတ်မိရင် ကျနော်မှားတာရှိရင် ဝေဖန်နိုင်ပါတယ် ၀မ်းမြောက်ဝမ်းသာကြိဆိုလျက်ပါ ဒီနေ့မနက်အဖြစ်အပျက်လေး တခုကိုပြောပါရစေ နော်ဝေမှာ ဒီအချိန်အခါဆိုရင် နိုင်ငံရဲ့ အမျိုးသားနေ့ လည်းနီးလာတာနဲ့အမျှ နေရာတကာမှာ သန့်ရှင်းရေးတွေ လုပ်ကြ ပတ်ဝန်းကျင်ကို သန့်ရှင်းကြပါတယ် ကျနော်တို့လည်းကျနော်တို့ရပ်ကွက်မှာ မေ ၅ ရက်နေ့က လုပ်အားပေးလုပ်တာသွားမလို့ပါဘဲ ဒါပေမဲ့ ကြက်ခြေနီအဖွဲ့က ကျနော့ဇနီးဂိုက်ကိစ္စခေါ်လို့မသွားဖြစ်လိုက်ပါ အဲဒီအကြောင်းလည်း သူတို့ဆီကို အီးမေးလ်ပို့ပြီး အကြောင်းကြား ခဲ့ပါတယ် ဒီနေ့မနက်ကျနော် လမ်းလျှောက် ပြီးပြန်လာတော့ ကျနော့ အိမ်ရှေ့ကလမ်းပေါ်မှာကလေး ၅ ယောက်ခန့် ဆေးရောင်စုံမြေဖြူတွေ ထည့်ထားတဲ့ ပုံးတပုံးစီလမ်းမပေါ်မှ ကိုယ်စီချလို့ ပုံတွေဆွဲနေပါတယ် ကလေးဆိုတော့ဗျာ တွေ့ကရာခြစ်တာပေါ့။

အဲဒီကလေးတွေကို ကားတစီးကရပ်ပီး နော်ဝေမိန်းမတယောက်က ကားပေါ်ကနေ ကလေးတွေထဲက တယောက်ကို စကားပြောနေပါတယ်။ ပုံတွေက အတော်ဆွဲထားခြစ်ထားပီးပီ ကျနော်က ပြောတယ်ဒါမင်းကလေးလားလို့ သူကပြောတယ် ကျနော်ညွန်ပြတဲ့ကလေးကိုတော့ သူကလေးမဟုတ်ဘူး ဒါပေမဲ့ သူပြောနေတဲ့ ကလေးကိုတော့ သူကလေးလိုမျိုးရည်ညွန်းဟန်ပြပါတယ်။ ကျနော်ကပြောတယ် သူတို့ဆွဲတာအများကြီး ပြီးရင်ညစ်ပတ်သွားတယ် ငါတို့အိမ်ရှေ့တည့်တည့်မှာညစ်ပတ်ပြီးကျန်ခဲ့တယ်။ သူမက ပြန်ပြောတယ် အဲဒါအားလုံးက ပိုင်တဲ့လမ်းပါတဲ့ ။အားလုံးက ပိုင်တဲ့လမ်းတွေမှာ တခြားအိမ်ရှေ့က လမ်းတွေမှာ ဘာလို့ မရေးကြလဲ ငါတို့အိမ်ရှေ့မှာမှ လာရေးကြလဲလို့ ကျနော်ကမေးပါတယ်။ မင်းတို့ အိမ်ရှေ့ ကလမ်းက ကားမသွားဘူးလေတဲ့။ ကျနော်လည်း နော်ဝေလို အများကြီးမတတ်သေးပါ။ တကယ်က ကစားကွင်း ဟာကျနော်တို့ အိမ်နောက်ဘက်က နေသွားလို့ရတယ်။ ကစားကွင်းကို သွားတဲ့လမ်းဟာလည်း ဘယ်ကားမှ မသွားပါ။ အဲဒီမှာကစားကွင်းနဲ့ လဲနီးတယ် အန္တရယ်လည်းကင်းတယ် သူတို့ဆွဲခိုင်းပါလား ။ တကယ်က ကျနော်တို့နေတဲ့ Litleskoglia ဆိုတဲ့လမ်းမှာ dead end လမ်းတွေအများကြီး လူတော်ရုံတန်ရုံ မရောက်တဲ့ ပလက်ဖေါင်းတွေလည်း အများကြီး ကားဂိတ်ရယ် ကျနော်တို့အိမ်ရှေ့ကလမ်းရယ်ကလွဲပီး ဘယ်ကလေးမှ လျှောက်မဆွဲကြပါ။ သူတို့က ဒါအများပိုင်လမ်းကြီးပဲ ထပ်ပြီးရပ်ခံပြောဆိုတော့ ကျနော်ကမေးတယ် ဒီရပ်ကွက်မှာ ဘယ်သူလူကြီးလဲလို့ မေးတော့ ငါယောက်ျားပဲလို့ အဲဒီကားပေါ်က အမျိုးသမီးကပြန်ပြောပါသည် ။ ဟုတ်ချင်လဲဟုတ်မည် ဖြစ်ချင်မှလည်းဖြစ်မည် ကျနော်ကတော့ နောက်ဆုံးပြောလိုက်ပါသည် I love children , Be considerate ငါကလေးတွေ ကိုချစ်တယ် ဒါပေမဲ့ ကိုယ်ချင်းစာပါ လို့ပဲပြောလိုက်ပါတယ်။ ကျနော်အိမ်ရှေ့လိုမျိုး တခြားတဦးတယောက်၏ နော်ဝေအိမ်ရှေ့မှာ ရေးခြစ်ထားတာရှိတယ်ဆိုရင် ကျနော်ဘာမှမပြောပါဘူး။ အခုက သူတို့အားလုံးပိုင်တဲ့ လမ်းဆိုပေမဲ့ ကျနော်အိမ်ရှေ့က လမ်းကိုမှ ကလေး၅ ယောက်လောက်က ဆေးရောင်စုံ မြေဖြူပုံးတွေ ကိုယ်စီချပြီးသူ့ အမေက ကားပေါ်က ရီရီမောမော စကားပြောပြီး ဆွဲတာကို သဘောကျရယ်မော နေလေရဲ့ ။ကျနော်တို့အိမ်ရှေ့က ဘတ်စကားဂိတ် သာသာ နေရာမျိုးဖြစ်နေပါတယ်။ တရပ်ကွက်လုံးက အမှိုက်ပုံးတွေ လာစုပြီးထားရာ နေရာဖြစ်တယ် ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံသာ ဒီမိုကရေစီရှိမယ်ဆိုရင် တော့အကောင်းဆုံးပေါ့ဗျာ။

နောက်အဖြစ်အပျက်လေး တခု ကိုပြောပါရစေ နော်ဝေတွေကခွေးမွေး တတ်ကြပါတယ်။ ကျနော်တို့ရပ်ကွက်မှာ ကားမရှိတဲ့ အိမ်ဆိုတာလည်း မရှိသလောက်ပဲ ကျနော်တို့ သာလမ်းလျှောက် အသွားများဆုံးလို့ ပြောရင်မမှားပါဘူး နော်ဝေတွေလည်းလမ်းလျှောက်ကြပါတယ်။ ဒါပေမဲ့ သူတို့က လမ်းလျှောက်ထွက်မှ လမ်းလျှောက်တာ များပြီး ကိစ္စရှိလို့သွားရင်ကားနဲ့ပဲသွားလေ့ရှိကြပါတယ် ကျနော်တို့သာ ကိစ္စရှိလည်း လမ်းလျှောက် လမ်းလျှောက်ထွက် လည်းလမ်းလျှောက်ပါ အိမ်တအိမ်က ခွေးဟာ ကျနော်တို့ အဲဒီအိမ်နဘေးက ပလက်ဖေါင်းကနေ လမ်းလျှောက်သွားတဲ့ အခါမှာ ဟောင်လေ့ရှိတယ်။ တခါ ၂ ခါမကဘူး ကျနော်မှတ်မိတာ ကျနော်မှာလည်း သားသမီးတွေရှိတယ် ။ သူတို့ကခွေးဟောင်တဲ့အခါ နဲနဲတော့တွန့် သလိုမျိုးဖြစ်တာပေါ့ ။ အဲဒီခွေး ဟောင်နေတဲ့ အချိန်မှာ အဲဒီအိမ်ကအိမ်ရှင် တွေမရှိတာလည်း မဟုတ်ဘူး။ ကျနော်တို့ သူတို့ အိမ်ဝင်းထဲကိုလည်း တခါဘူးမျှ မ၀င်ဖူးဘူး ဒါပေမဲ့ အဲဒီခွေး ကျနော်တို့ သူတို့ အိမ်ဘေးတလျှောက် မလွန်သွားသရွေ့ ဆက်တိုက်ဟောင်နေတာကို အဲဒီအိမ်ရှင်က ဟန့်တားတာမျိုး တခါဘူးမှ မတွေ့ဘူးပါ ။ ဒီအတိုင်းပဲ ဆက်ဟောင်ခိုင်းထား ပါတယ်။ ဒါအများပြည်သူ ပိုင်တဲ့လမ်းမှာ ကျနော်လျှောက်သွားနေတာပါ ။ နော်ဝေတွေလည်း အဟောင်ခံရတာရှိပါတယ် ဒါပေမဲ့သူတို့က လမ်းလျှောက် ချင်လွန်းလို့ လျှောက်မှအဟောင်ခံရတာပါ ။ ကျနော်တို့မှာက မလျှောက်လို့ကိုမဖြစ်ဘူး လျှောက်ကို လျှောက်ရမှာ အဲဒီလိုလျှောက်တဲ့ အကြိမ်တော်တော်များများ မှာ အဟောင်ခံနေရမယ် ဆိုရင်တော့ စဉ်းစားသာ ကြည့်ကြပါတော့ဗျာ လို့သာပြောပါရစေဗျာ။ ကျနော်တို့လူ့အခွင့်အရေးရှိတဲ့တိုင်းပြည်မှာ လူ့အခွင့်အရေးတကယ်ရှိဖို့ အများကြီးကြိုးစားရဦးမယ်။ ကလေးအခွင့်အရေး၊ တိရစ္ဆာန်အခွင့်အရေး နဲ့ ကျနော်တို့အခွင့်အရေးဆိုတာကို နှိုင်းယှဉ်စဉ်းစားရင် ဘယ်တော့များမှ ငါတို့နိုင်ငံဒီမိုကရေစီရမလဲဆိုတာကိုသာ မေးခွန်းတွေအထပ်ထပ်ထုတ်နေမိပါတော့တယ်ခင်ဗျား။
ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment