Sunday, March 10, 2013

ဖုန်းမော်နှိုးခဲ့မတ်၁၃ရက်

မေ့နေသူများမမေ့ဖို့ အိပ်ပျော်နေသူများ အိပ်မပျော်ကြဖို့ သင်နိုးထရုန်းကြွခဲ့လေသလား ဖုန်းမော်။ သင်ထာဝရလဲလျောင်းရာ ကျောင်းတော်ကြီး မင်းတို့ငါတို့ကို ထာဝရနှင်ခဲ့တာ ငွေရတုတိုင်ပြည့်ပါပကောလား။ ယုတ်မာသူတို့က မင်းရုပ်ခန္ဓာကိုဘယ်ကိုသယ်သွားသွား ငါတို့နဲ့မင်းနောက်ဆုံးရှိခဲ့တဲ့ ကျောင်းတော်ကြီးမှာ မင်းရှိနေသေးတာ ငါတို့ယုံ ငါတို့ပြန်အလာကို မင်းစောင့်များစောင့်နေသေးသလား။ ငါပြည်တော်ပြန်ခဲ့ရင် ပထမဆုံးသွားတွေ့ရမဲ့နေရာက မင်းထာဝရလဲလျောင်းသွားခဲ့တဲ့ နေရာလေးပေါ့သူငယ်ချင်း။ ပြည်တော်ပြန်သူများ သွားများတွေ့ဖြစ်ကြပါရဲ့လား မင်းများစောင့်နေသေးသလားရဲဘော်။ မင်းအပ်နှင်းခဲ့တဲ့ သမိုင်းအမွေ တာဝန် ငါတို့တတွေမကျေပွန်သေးပါရဲဘော်။ ထလော့မြန်မာ မြန်မာထလော့ လို့ နှိုးထခဲ့တဲ့ရဲဘော်ကြီး ကောင်းကင်ကြီးကိုထမ်းလို့ နေမင်းဆီ ခရီးဆက်သွားပေပြီ မဝေးသောတနေ့ မင်းရဲ့ထာဝရကျောက်တိုင် အာရ်အိုင်တီရင်ပြင်မှာတည်လိမ့်မည် သာဓု ၃ကြိမ်ခေါ်၇င် ဤကမ္ဘာပထ၀ီမြေကြီး သိမ့်သိမ့်တုန်ဟီးလိမ့်မည်။ တကယ့်လူ့အခွင့်အရေး အဲဒီအချိန်မှာစရမယ် မြန်မာပြည်သစ် ထာဝရတည်လိမ့်မယ်။ (ကျော်ထင် ၈၈ ပဉ္စမနှစ်လျှပ်စစ်စွမ်းအား RIT C49 ဘလော့အဆောင်ကျောင်းသား မတ် ၁၃ လှုပ်ရှားမှုတွင် ဖုန်းမော်တို့နှင့်အတူ ကိုယ်တိုင်ပါဝင်ခဲ့သူ) ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment