Saturday, January 4, 2014

ကားသီအိုရီစကားလုံးများ ၂

ဒီတပါတ်မှာတော့ ကားသီအိုရီစကားလုံးများ ကိုပြန်ရေးဖို့ စိတ်ကူးရခဲ့းသလို တော်တော်လည်း ပြန်အားယူပီးရေးခဲ့ပါတယ်။ နှစ်သစ်ကူး အိမ်မှာ အတူတူစားကြသောက်ကြစကားစမြည်ကျကြရင်း လာလည်သူ ရခိုင်အမျိုးသား ကိုထွန်းရွှေက ကားသီအိုရီကို မြန်မာပြန်လေ လို့ တောင်းဆိုအားပေးရင်းပြောလာသည့်အတွက် ရေးလိုစိတ်တွေပြန်ပေါ်လာပါတယ်။ အများအကျိုးအတွက် တပြားတချပ်မှမရသောအလုပ်ကို စေတနာရှေ့ထား၍လုပ်တတ်သော စိတ်က တနေ့တချိန်မှာတော့ မိမိအတွက်လည်း တစုံတရာအကျိုးဖြစ်မည်ဟု ယုံကြည်မိပါသည်။ မဖြစ်လည်း အများတွက်အကျိုးရှိသွားသည်ကလည်း ရည်ရွယ်ချက်ပေါက်မြောက်သွားသည်မဟုတ်လား။ ရ့ည်ရွယ်ချက်တခု ပေါက်မြောက်အောင်မြင်အောင်လုပ်တတ်သော အကျင့်တခုမိမိတွင် ရလာသည်မဟုတ်ပါလား အခုကိုပင် ဒီစာရေးနိုင်အောင် ကောင်းမွန်သည့်အလုပ်တခုဖြစ်သည့် စာဖတ်ခြင်းစာရေးခြင်း အလုပ်တခုကို မိမိလုပ်ဖြစ်နေသည်မဟုတ်ပါလား။ ပြောနေတာကြာ ပါသည်။ နိဒါန်းတွေရှည်နေမည် လိုရင်းကိုသွားကြရအောင်။ ဒီတပါတ်မှာ ကျနော်ရေးသားတင်ပြမည့် စာလုံး ၂၇၀ ကျော်အနက်မှ တတိယစာလုံးကတော့ alkohol (alcohol) အရက် ဆိုသည့် စကားလုံးဖြစ်သည်။

 Alkohol
0,2 promille -grennse
Alkohol er det vanligste  rusmiddelet i vår kultur, og reduserer allerede ved 0,2 promille vår evne til å løse oppgaver. Effekten av alkohlol  øker med stigende konstrasjon i blodet.Følgende virkninger av alkohol er typisk:
  • Endret stemningsleie
  • Redusert konsentrasjonsevne og kortidshukommesle
  • Nedsatt læringsevne
  • Sløvet kritiske sans
  • Økt impulsivitet og aggressivitet 
    Bakrus er ettervirkninger av større alkoholinntak. Presentasjonsevnen nedsatt og kjøreferdighetene redusert, selv om alkoholen er ut av kroppen. Konsentrasjonen av alkohol i blodet minker med 0,1- 0,15 promille for hver time.
    Alcohol
    Alcohol and drug
    Alcohol is the most common intoxicant in our (Norwegian) culture and even with a blood alcohol content as low as 0,2 % our ability to solve problems is impaired. the effect of alcohol increases as its consentrasjon in the blood rises. The following are typical effects of alcohol. 
  • mood change
  • loss of concentration and short-term memory
  • loss of learnings
  • blunted critical sense
  • increased impulsiveness and aggressionA hangover is the result of a major intake of of alcohol the previous day. Performance is greatly reduced and drivingt skill impaired, although the alcohol is out of your body. The concentration of alcohol in the blood decreases by 0.1 to 0.15% per hour.
    အရက်
    ၁ ပရိုမီးလဲ (promille) ဆိုတာက အရက် ၁ ယူနစ်ရဲ့ တစ်ထောင်ပုံတပုံ ကိုခေါ်တာဖြစ်ပါတယ်။ အရက်လစ်မစ်ဟာ ၀.၂ ပရိုမီလဲပဲဆိုတော့ အရက် ၁ယူနစ်၇ဲ့ ၅၀၀၀ ပုံတပုံဟာ လစ်မစ်ကန့်သတ်ချက်ဖြစ်တယ်။ အရက်ဟာ ကျနော်တို့(နော်ဝေ)ယဉ်ကျေးမှုမှာ ကြုံတွေ့ရလေ့ရှိတဲ့ မူးယစ်စေတတ်တဲ့ယမကာတမျိုးဖြစ်ပါတယ်။ ၀.၂ ပရိုမီလဲ လောက်အရက် ခန္ဓာကိုယ်ထဲမှာရှိနေတာတောင် အဲဒီအရက်လေးတောင်မှ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ ကျနော်တို့ရဲ့စွမ်းရည်တွေကို အားနည်းစေပါတယ်။ (ဘာသာပြန်သူမှတ်ချက်-ဒါကြောင့် ကျနော်တို့နော်ဝေမှာ တွေ့ရတတ်တဲ့ lett øl လို့ခေါ်တဲ့ ပေါ့ပါးတဲ့ ဘီယာမှာတောင် အရက်ရာခိုင်နှုန်း ၄% ထိပါတော့ ဒီပေါ့ပါးတဲ့ဘီယာကိုသောက်ပီးအချိန်မှာတောင် ကားမောင်ဖို့အဆင်သင့်ပြန်ဖြစ်အောင် အတော်စောင့်ရမှာဖြစ်ပါတယ်။ ) သွေးထဲမှာ အရက်ပါဝင်မှုသိပ်သည်းဆမြင့်တက်လာတာနဲ့အမျှ အရက်၇ဲ့ထိရောက်မှုပမာဏဟာလည်း မြင့်တက်လာပါတယ်။ အောက်မှာဖေါ်ပြထားတာတွေကတော့ ကြုံတွေ့ရလေ့ရှိတဲ့အရက်၇ဲ့သက်ရောက်မှုတွေပါပဲ။
    ခံစားမှုပြောင်းလဲခြင်း။ အာရုံစူးစိုက်မှုနဲ့ရေတိုမှတ်ညဏ်ဆုံးရှူံးခြင်း။ လေ့လာသင်ကြားခြင်းစွမ်းရည်များဆုံးရှူံးခြင်း။ ဝေဖန်ပိုင်းခြားနိုင်
    သောစွမ်းရည်များ တုံးသွားစေခြင်း။ စိတ်လိုက်မာန်ပါလုပ်ခြင်းနှင့် ရန်လိုတတ်ခြင်းများကို တိုးပွားစေခြင်း။ စသည်တို့ဖြစ်သည်။
    နောက်တရက်တွင် အရက်နာကျနေတတ်ခြင်းသည် အရက်သောက်ထားခြင်း၏ အကျိုးဆက်ဖြစ်ပေသည်။ အရက်သည် ခန္ဓာကိုယ်ထဲမှထွက်သွားသော်လည်း လုပ်ကိုင်နိုင်ခြင်းများ ကြီးမားစွာ လျော့နည်းစေတတ်ပီး ယာဉ်မောင်းခြင်းစွမ်းရည်အား အားနည်းစေပါသည်။ သွေးထဲမှအရက်များတဖြည်းဖြည်း လျော့နည်းသွားခြင်းသည် တနာရီလျှင် ၀.၁ ပရိုမီလဲမှ ၀.၁၅ ပရိုမီလဲ အထိသာရှိပေသည်။ ထားမည့်စာကိုဒီနေရာမှာရေးပါ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment