Saturday, December 21, 2013

ကျနော်လှန်လှောကြည့်မိသော အင်္ဂလိပ်စကားလုံးများ (၃)

ကျနော်လှန်လှောကြည့်မိသော အင်္ဂလန်စကားလုံးများ(၃)တွင်တော့  ကျနော်တို့သိထားသည့် water ဆိုသည့် ဝေါဟာရကို ကျနော်တို့သိထားသည်မှာ ရေတွက်မရနာမ် (uncountable)  ရေအဖြစ်နှင့်သာ ကျနော်တို့နားလည်ထားကြပေသည်။ water ကို waters အများကိန်းနာမ်အဖြစ်အသုံးရှိသည်ကို ကျနော်ဒီတပတ်တွင်တင်ပြလိုပါသည်။
(1) waters (pl) the water in a particular lake river, sea or ocean( တစုံတခုသော မြစ်၊ ပင်လယ် သို့မဟုတ် သမုဒ္ဒရာတို့တွင် တွေ့ရသော ရေ။ : the grey water of the River Clyde. ကလိုက်မြစ်အတွင်းမှ အညိုရောင်အရေ ။  This species is found in coastal waters around the Indian Ocean.  ထိုမျိုးစုများကို အိန္ဒိယသမုဒ္ဒရာအနီးတ၀ိုက်ရှိ ပင်လယ်ကမ်းရိုးတန်းမှရေများတွင်တွေ့ရှိရသည်။
(2) waters (pl) an area of sea or ocean belonging to a particular country နိုင်ငံတနိုင်ငံက ပိုင်ဆိုင်သော ပင်လယ်သို့မဟုတ် သမုဒ္ဒရာဧရိယာတခု။  We were still in British waters. ကျနော်တို့အားလုံးဟာ အင်္ဂလိပ်ရေပိုင်နက်မှာရှိနေဆဲပဲဖြစ်တယ်။ Fishing in international waters နိုင်ငံတကာရေပိုင်နက်တွင် ငါးဖမ်းခြင်း။  territorial waters - noun (pl) the parts of a sea or an ocean which are near a country's coast and are legally under its control ပင်လယ်ရေပိုင်နက် - နိုင်ငံတနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းအနီးတွင်တည်ရှိသော၊ ၄င်းနိုင်ငံ၏ထိန်းချုပ်မှုအောက်တွင်ရှိသော ပင်လယ်တခု သို့မဟုတ် သမုဒ္ဒရာတခု အစိတ်အပိုင်းများ။
waters ဆိုသော စကားလုံးအား တင်ပြပြီးနောက် နောက်ထပ်တင်ပြလိုသော စကားလုံးတခုမှာ indiscriminate ဆိုသော စကားလုံးဖြစ်ပါသည်။ discriminate ကိုလူအများသိထားသည်မှာ ခွဲခြားဆက်ဆံခြင်း ဥပမာလိင်အရ ခွဲခြားဆက်ဆံခြင်း ယောက်ျားကို ဦးစားပေး၍မိန်းမကို နှိမ်၍ဆက်ဆံခြင်း။ ဘာသာရေး လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း။ အစသဖြင့် နားလည်ထားကြသဖြင့် ၄င်းအဓိပ္ပါယ်နှင့် ဆက်စပ်ကာ ပြောင်းပြန်အဓိပ္ပါယ်ဖြစ်သွားမည်လား စဉ်းစားကောင်းစဉ်းစားနိုင်ပါသည်။ ယင်းသို့စဉ်းစားပါက discriminate သည် အနှုတ်လက္ခဏာဆောင်သောအဓိပ္ပါယ်ကိုပေးသဖြင့် indiscriminate သည် လိင်၊ဘာသာရေးအရ၊လူမျိုးရေးအရ မခွဲခြားမဆက်ဆံခြင်း ဆိုသည့် အပေါင်းလက္ခဏာဆောင်သော အဓိပ္ပါယ်ကိုပေးမည်လားဟု အတွေးပေါ်လာနိုင်ပါသည်။ indiscriminate ဆိုသော စကားလုံးသည် ခွဲခြားမှုမပြုသည့် အဓိပ္ပါယ်ကိုတော့ပေးပါသည်။ သို့သော် ယင်းသည် မခွဲခြားသင့်သည်ကို မခွဲခြားခြင်း မဟုတ်ဘဲ ခွဲခွဲခြားခြား စဉ်းစားသင့်သည်ကို ခွဲခွဲခြားခြားမစဉ်းစားခြင်းဖြစ်သဖြင့် အနှုတ်လက္ခဏာဆောင်သော အဓိပ္ပါယ်ထပ်ထွက်ထားပြန်သည်။ အဓိပ္ပါယ်အတိအကျမှာ doing action without thought about what the result may be especially when it causes people to be harmed - တခုခု၏အကျိုးရလာဒ်ကို သေသေချာချာခွဲခွဲခြားခြား မစဉ်းစားဘဲ အထူးသဖြင့် လူအများထိခိုက်နာကျင်မည်ကို မစဉ်းစားဘဲ အပြုအမူများကို ပြုမူဆောင်ရွက်ခြင်း။ ဤနေရာတွင်မူ ခွဲခွဲခြားခြားစဉ်းစားသင့်သည်ကို မခွဲခြားတော့သည်ကို ကျနော်တို့သတိပြုမိမည်ဖြစ်ပါသည်။  indiscriminate attacks on motorists by youths throwing stones လူငယ်များ၏ယာဉ်မောင်းသမားများအပေါ်၌ကျောက်ခဲများဖြင့် ပစ်ပေါက်သည့် မဆင်မခြင်တိုက်ခိုက်မှု။ Doctors have been criticized for their indiscriminate use of antibiotics. ဆရာဝန်များသည် သူတို့၏ပဋိဇိဝဆေးများမဆင်မခြင်သုံးစွဲမှုအတွက် အဝေဖန်ခံနေရသည်။
ယခုနောက်ဆုံးတလုံးမှာ indeterminate ဆိုသည့်စကားလုံးဖြစ်ပါသည်။ determinate သည် ပိုင်းပိုင်းဖြတ်ဖြတ်ဆုံးဖြတ်ထားသည်။ သံန္နိဌာန်ရှိရှိဆုံးဖြတ်ထားသည်။ စသည့် အဓိပ္ပါယ်ကိုရသဖြင့် indeterminate သည် determinate ၏ဆန့်ကျင်ဘက်အဓိပ္ပါယ်အဖြစ် ပိုင်းပိုင်းဖြတ်ဖြတ်မရှိသော ဝေေ၀၀ါးဝါးနိုင်သောဟူသော အဓိပ္ပါယ်ထွက်နိုင်သည်ဟု အဘိဓာန်လှန်မကြည့်ဘဲ ခန့်မှန်းပြောဆိုနိုင်ပေသည်။ ဤတခါတွင်တော့ အမှန်တကယ်လည်းယင်းသို့သော အဓိပ္ပါယ်နှင့်နီးစပ်စွာထွက်သည်ကိုတွေ့ရပေသည်။ အဓိပ္ပါယ်ကိုကြည့်ကြ၇အောင် that cannot be identified easily or exactly - တိတိကျကျလွယ်ကူစွာအဓိပ္ပါယ်ဖွင့်ဆို၍မရနိုင်သော ဟုအဓိပ္ပါယ်ရပေသည်။ Her eyes were an indeterminate color. သူမ၏မျက်လုံးသည် မည်သည့်အရောင်ဖြစ်သည်ဟုပြောရခက်သော အရောင်ဖြစ်ပေသည်။ She was a tall woman of indeterminate age. သူမသည် အသက်အရွယ်မည်မျှဖြစ်သည်ဟု တိတိကျကျခွဲခြားမဖေါ်ပြနိုင်သော အရပ်ရှည်သည့် အမျိုးသမီးတဦးဖြစ်ပေသည်။
ထိုကြောင့် အင်္ဂလိပ်နာမ၀ိသေသန တလုံးအေ၇ှ့တွင် in (surfix) အဖြစ်ပေါင်းထည့်လာပါက နဂိုမူလ နာမ၀ိသေသနအဓိပ္ပါယ် အနှုတ်လက္ခဏာဆောင်သောအဓိပ္ပါယ်ထွက်သလို အနှုတ်လက္ခဏာဆောင်သောအဓိပ္ပါယ်လိုက်ထွက်သည်ရှိသလို မူလအဓိပ္ပါယ်နှင့် ဆန့်ကျင်ဘက်နီးနီးအဓိပ္ပါယ်ထွက်သည်လည်းရှိသဖြင့် adjective တလုံး၏အရှေ့တွင် in ပေါင်းထည့်လာပါက မူလအဓိပ္ပါယ်နှင့် ဆန့်ကျင်ဘက်ထွက်မည်ဟု အကြမ်းမျဉ်းအဓိပ္ပါယ်ကောက်မယူဘဲ အဘိဓာန်သေသေချာချာလှန်လှောကြည့်ရှုကာ ကိုယ့်နားလည်မှုနှင့် တိုက်ဆိုင်စစ်ဆေးကာ အဓိပ္ပါယ်ကို နားလည်ယူသင့်သည်ဟု ထင်မြင်မိကြောင်းထင်ပြလိုပါသည်။
 ဖော်ထားမည့်စာကိုဒီနေရာမှာရေးပါ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment