ဒီတပတ် ဒ၀ယ်စကား (၂) မှာတော့ ဗမာစကားနဲ့ ကွဲလွဲကာ ဒ၀ယ်သားတွေ အသုံးပြုတဲ့ အချိန်ပြပုဒ်တွေကို တင်ပြပါ့မယ်။ အဲဒီစကားတွေကတော့
(၁)(ဒ၀ယ်) နတ်ကီးဒူးဝ (ဗမာ) မနေ့က
(၂)(ဒ၀ယ်) နတ်ကီးတယ်ဟာ (ဗမာ) မနက်ဖန်
(၃)(ဒ၀ယ်) နတ်ကီးဖတ် (ဗမာ) သဘက်ခါ
တို့ဖြစ်ပါတယ်။
ကျနော်တို့ ABSDF မှာ တော်လှန်ရေးလုပ်ခဲ့တဲ့ နေ့တွေတုန်းကဆိုရင် ဗမာစကားပြောတဲ့ ဗမာစစ်စစ်တွေက ဒ၀ယ်သားတွေကို နတ်ကီးတယ်ဟာ ပ္လန်မယ်။ နတ်ကီးတယ်ဟာ အီးခလယ်လာ အစသဖြင့် ဒ၀ယ်လိုပြောပြီးစလေ့ရှိပါတယ်။ အီးခလယ်လာကတော့ ဗမာစကားနဲ့ အသံပဲကွဲသွားတဲ့ စကားဖြစ်ပါတယ်။ အိမ်ကနေ အီ အဲဒီကနေ စကားအသံသဘောအရ အီး ဆိုတာဖြစ်သွားပီး ခလယ်ကတော့ အလည်သွားတယ် ဆိုတာကနေ လာတာဖြစ်တော့ စကားလုံးတတွဲလုံးကတော့ ဗမာစကားအသံကွဲ ဒ၀ယ်စကားလို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဗမာတွေက အလည်သွားမယ် ဟိုနားသွားလည်လိုက်ဦးမယ် ဆိုတာလောက်ကိုသာ အသုံးများတယ်ထင်တယ် အိမ်အလည်သွားဦးမယ် ဆိုတဲ့ စကားလုံးတွဲကိုတော့ ဟိုနားဒီနားသွားလည်တဲ့ အခါမျိုးတွေမှာ သိတ်သုံးတာ ကျနော်မကြာဖူးပါဘူး ဒ၀ယ်သားတွေကတော့ အများအားဖြင့် ဟိုနာဒီနား သွားလည်တာကို အီးခလယ်သွားဦးမယ် ဆိုတာမျိုး သုံးလေ့ရှိတတ်ပါတယ်။ အိမ်တအိမ်အိမ်ကို တိတိပပ သွားလည်တာမျိုး မဟုတ်ပေမဲ့ ဟိုနားဒီနာသွားလည်တာကိုပဲ အီးခလယ်သွားတယ်လို့ပြောတတ်ကြပါတယ်။ ဒါကြောင့် ဒ၀ယ်ဘက်ရောက်ရှိတဲ့ ဗမာစကားပြောသူများက ဒ၀ယ်ဖက်မှာ ကြားရဖန်များတော့ သူတို့က နတ်ကီးတယ်ဟာအီးခလယ်သွားမယ် အစသဖြင့် နောက်တတ်ကြတာဖြစ်ပါတယ်။
နောက်တခုကျနော်တင်ပြချင်တာက ဒ၀ယ်သားတွေက ဗမာတွေကို ဂန်လို ခေါ်တတ်ကြတဲ့ကိစ္စပါ။ အများအားဖြင့် ဗမာတွေက ဒီလိုခေါ်တာကို သိတ်သဘောတွေ့ပုံမရဘူးလို့ကျနော်ထင်ပါတယ်။ တကယ်ကတော့ ဒ၀ယ်တွေက ဗမာတွေကို ဂန်လို့ ခေါ်တာက ဗမာတွေက ပုဂံ ကလာတာလို့ဒ၀ယ်သားတွေက သိမှတ်ထားကြပြီး ဒ၀ယ်သားတွေက စကားကို အတိုပြောတတ်ကြတော့ ပုဂံ ကနေ( ဂန် ဖြစ်သွားတာပါပဲ၊ အဲဒါအပြင် ဗမာတွေမကြိုက်နိုင်တာတချက်က ဒ၀ယ်သားတွေက ဗမာတွေ (ဒ၀ယ်အခေါ် ဂန် တွေဟာ အ၀င်မကန်ရင် အထွက်ကန်တန်ကြတယ်လို့ )ဒ၀ယ်ဆိုရိုးစကားလိုဟာမျိုးတခုကို မျိုးရိုးတဆက်ပြီးတဆက် ပါးစပ်နဲ့ သယ်ဆောင်လာကြတဲ့အတွက် ဗမာတွေက ဒီလို ဂန် လို့ခေါ်တာကိုရော ဒီစကားပုံကိုရော မကြိုက်တာဖြစ်နိုင်ပါတယ်။
ဒ၀ယ်ကသားတွေ အတိုသုံးတတ်ပုံကိုဆက်ကြည့်ကြည့်ပါဥိး။ ဥပမာ ကျနော်တို့ ABSDF နေ့များကာလတုန်းက သုတေသနမှာလုပ်တဲ့ ဒ၀ယ်ရဲမေတယောက်က ရေဒီယိုကလာတဲ့သတင်းကို ဖမ်းယူရက်ကော့ လုပ်ပီးထွက်လာရင် ဗမာစကားပြောတဲ့ရဲဘော်တယောက်က ဒန်း ဖမ်း ပြီးပြီလား ဆိုပီးနောက်ပါတယ်။ သူတို့က သိတယ်။ သတင်းကို ဒ၀ယ်သားတွေ ဒန်း လိုခေါ်တာကို။ အရှေ့ က သ ပျောက်သွားပြီး အနောက်က တင်းက လဲ ဒ၀ယ်အသံခပ်မာမာ ဒန်း ဆိုပီးထွက်သွားပါတယ်။
ဒီတပတ် ဒ၀ယ် စကား မှတ်မိသမျှမှတ်တမ်းတင်ရေးသားမှုကို ဒီနေရာမှာပဲရပ်ပါရစေ။ ရှစ်ဟားနားအူးမယ်(ခနနားဦးမယ်)။ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ
No comments:
Post a Comment