ဟိုး အဝေးကြီးကနေ
လေးညှို့ကလွှတ်လိုက်တဲ့
မြှားတစီးနှယ်
အပြင်းနှင်လာတဲ့
ဖြူနီဝါပြာ ခရီးသည်များ
ဟောဟိုေ၇ှ့က ညောင်ညိုပင်ရိပ်အောက်မှာ
ခရီးတထောက်နားပါလော့။
ရေကြည်တပေါက်လောက်
သောက်ပါလော့။
စေတနာ သတ္တိ ဂုဏ်သိက္ခာ
ငြိမ်းချမ်းရေး တောင်ပံခတ်သံများဖြင့်
တရားမျှတမှု မုဒ်ဦးဆီသို့
ဦးတည်ပျံသန်းအံ့။
တောင်တက်ခရီးအလှရှုခင်းများ
ခန့်ပြန့်ပြန့်တကွက်စာ
တောင်ကြောပေါ်မှ လှမ်းကြည့်လိုက်စမ်း
သတိတရ မှတ်တိုင်များ
အမှတ်တရ ပုံရိပ်များ
ေ၀၀ါးမသွား
အထင်အရှားနဲ့
အနာဂါတ်အတွက် အားဖြစ်ဆဲ။
ဆောင်းခိုငှက်တို့ တောင်ဘက်ဟုန်တဲ့အား
မျိုးဆက်ပွားတဲ့ ဆယ်လ်မွန်တို့ မြောက်ဘက်ဆန်တဲ့အား
ဂုဏ်ယူလိုက်စမ်းပါ တူညီလိုက်စမ်းပါ
တွဲလက်တွေ ညီလိုက်စမ်းပါ
ပေါင်းတာတွေ အမြှောက်ရလဒ်ဖြစ်လာရင်
ကြည်လင်တဲ့ အပြာရောင်မိုးသားအောက်က
ခမ်းနာထယ်ဝါတဲ့ အ၀ါရောင်မုဒ်ဦးအောက်မှာ
ကြေးညိုရောင်မြင်းညိုရှင်တွေ
ပန်းကုံးကိုယ်စီ အပြုံးကိုယ်စီနဲ့
ဝင်လုဆဲ နေရောင်အောက်မှာ
ရင့်ကျက်နေလိမ့်မယ် လှပနေလိမ့်မယ်။
စိမ်းလန်းစိုပြေနေတဲ့ နောက်ခံပတ်ဝန်းကျင်ကလည်း
အလှတွေ ထပ်ဆင့်ထားလိမ့်မယ်။
ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ
No comments:
Post a Comment