Sunday, March 13, 2011
ကျွန်းနိုင်ငံတွေရဲ့အနာဂါတ်အလားအလာ၊သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ထိန်းသိမ်းမှုနဲ့ကပ်ဘေးများ
ဒီကနေ့ ဂျပန်မှာ ငလျင်လှုပ်တာ ဆူနာမီရေလှိုင်းဒဏ်ခံနေရတာတွေကို ကြည့်ပြီး ကမ္ဘာကြီးမှာ catastrophe ကပ်ဘေးတွေပိုဖြစ်လာတာ လူတိုင်းသတိပြုမိကြမှာပါ။ တချို့လူတွေက တော့ပြောကြတယ် ကမ္ဘာကြီးမှာ ကပ်ဘေးတွေဟာ အရင်ကတည်းကဖြစ်နေတာပါတဲ့။ ဒါပေမဲ့ အရင်က အခုလိုမျိုးသတင်းခေတ်မဟုတ်တော့ ဖြစ်လဲ ချက်ချင်းမသိတာ လက်တွေ့မမြင်ရတာတွေကြောင့် အခုလောက်မဖြစ်ဘူးလို့ ထင်ခဲ့ကြတာပါ လို့ပြောကြပါတယ်။ ဒါလည်းဖြစ်တော့ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျနော်ထင်တာကတော့ အခုဒီဖက်ခေတ်မှာ ပိုဖြစ်လာတယ်လို့ထင်ပါတယ်။ အထူးသဖြင့် ၂၀၀၆ ဒီဇင်ဘာ ၂၆ အရှေ့တောင်အာရှမှာ ဖြစ်ပွားခဲ့တဲ့ ဆူနာမီနောက်ပိုင်းမှာ သဘာဝကပ်ဘေးတွေက နှစ်မခြားဆိုသလို တခုပြီး တခု ဖြစ်လာနေတာသတိပြုမိကြမှာပါ။ အခုလိုမျိုးဖြစ်ပျက်နေတာတွေကို မဖြစ်အောင် ကျနော်တို့လူသားတွေ မကာကွယ်မတားဆီးနိုင်ကြတော့ဘူးလား။ ကျနော်တို့ကမ္ဘာကြီးကို ဘယ်လိုစောင့်ရှောက်ကြမလဲ ရေနံမထုတ်ဘဲနေမလား မရဘူး။ ထုတ်ရမှာပဲ။ မြေအောက်နူကလီးယားဖောက်ခွဲစမ်းသပ်မှုတွေမလုပ်ဘဲနေမလား မလုပ်ဘဲနေလို့ရနိုင်တယ်။ သမုဒ္ဒရာကြမ်းပြင်တွေကွဲထွက်တယ်ဆိုတာတွေက ကမ္ဘာ့မျက်နှာပြင်အောက်က ရေနံတွေအတောမသတ်ထုတ်နေတော့ ဒီမြေလွှာချပ်ကြီးတွေကြားထဲမှာ gap ကွာဟမှုတွေဖြစ်မယ် နူကလီးယား စမ်းသပ်ဖောက်ခွဲမှုတွေလုပ်တော့ တုန်ခါလှိုင်းတွေက ကမ္ဘာကျောက်ချပ်လွှာကြီးတွေကို ရိုက်မယ် ဒါကြောင့်ဒါတွေကို စဉ်းစားကြည့်တာပါ ကမ္ဘာမြေမျက်နှာပြင်အောက်က ကျောက်ချပ်လွှာကြီးတွေရွေ့ရှားမှုဖြစ်တိုင်း မြေငလျင်လှုပ်တာဖြစ်နိုင်တယ် ပို၍ဆိုးတဲ့ ပြင်းထန်တဲ့ရွေ့ရှားမှုတွေဖြစ်မယ်ဆိုရင် အခုလိုမျိုး သမုဒ္ဒရာကြမ်းပြင်မှာ ကွဲအက်တာတွေဖြစ်နိုင်တယ် အဲသလိုသမုဒ္ဒရာမျက်နှာပြင်မှာ အပြောင်းအလဲကြီးကြီးမားမား ဖြစ်လာရင်အဲဒီတုန်ခါမှုလှိုင်းဂယက်ဒဏ်ကို ကမ္ဘာ့တိုက်ကြီးတွေ (continent)တွေနဲ့တွဲလျက်တဆက်တစပ်တည်းရှိမနေတဲ့ အဲဒီကျွန်းနိုင်ငံတွေက ပို၍ခံနိုင်ရည်နည်းပါးလာတာတွေကို တွေ့လာရပါတယ် အခုတလောဖြစ်နေတဲ့ ငလျင်လှုပ်တာမီးတောင်ပေါက်တာဆူနာမီဖြစ်တာတွေကို ကြည့်ရင် မနှစ် အိုက်စလန်ကျွန်းနိုင်ငံမှာဖြစ်တယ် သိတ်မကြာသေးမီက နယူးဇီလန်မှာဖြစ်တယ် အခု ဂျပန်မှာဖြစ်တယ် အဲဒီကျွန်းနိုင်ငံတွေဟာ သဘာဝကပ်ဘေး catastrophe ကျရောက်ဖို့အတွက် risk အန္တရယ်ပိုရှိတဲ့ နေရာတွေ ကမ္ဘာကြီးရဲ့အစိတ်အပိုင်းတွေဖြစ်လာနေပါတယ် ဒါပေမဲ့ ကျနော်တို့မြန်မာနိုင်ငံတို့လို တိုက်တွေနဲ့ တဆက်တည်းရှိနေတဲ့ နိုင်ငံတွေက မဖြစ်ဖူးလားဆိုတော့ ဖြစ်တာအထင်အရှားရှိခဲ့တာ နာဂစ်မုန်တိုင်းက သက်သေခံနေတာပဲလေ။ ဒါပေမဲ့ မုန်တိုင်းလိုဟာမျိုးတော့မပြောတတ်ဘူး ကမ္ဘာ့မျက်နှာပြင်အတွင်းသား တွေကြီးကြီးမားမားတုန်ခါမှုဖြစ်လို့ရိုက်ခတ်မှုမျိုးကိုတော့ ကျနော်တို့နိုင်ငံတွေပိုခံနိုင်ပါတယ် ငလျင် ဆူနာမီ မီးတောင် မုန်တိုင်း စတာတွေဟာ အပြန်အလှန် ဆက်စပ်ပတ်သက်နေတဲ့ သဘာဝကပ်ဘေးတွေသာဖြစ်ပါတယ် ecologist သက်ရှိနဲ့သဘာဝပတ်ဝန်းကျင်ဆက်စပ်မှု ဆိုင်ရာပညာရှင်များက ပို၍နားလည်ရှင်းပြနိုင်ပေလိမ့်မယ်လို့ထင်မိပါတယ် အခုဂျပန်မှာ ငလျင်လှုပ် ဆူနာမီဖြစ်နေတုန်း မီးလောင်ရာလေပင့်ထပ်ဖြစ်တာက နူကလီးယားဓါတ်ပေါင်းဖို ပေါက်ကွဲထွက်တာပဲဖြစ်တယ်ဆိုတာတွေ့နေရတော့ ဒီသဘာဝကပ်ဘေးအန္တရာယ်ဖြစ်တန်စွမ်း catastrophe risk possibilities ပိုရှိတဲ့ နိုင်ငံတွေဟာ ဒီလိုမျိုး နူကလီးယားဓါတ်ပေါင်းဖိုလိုမျိုးတည်ဆောက်တာကို သက်ဆိုင်ရာနိုင်ငံတွေက မလုပ်သင့်တော့ပါ။ ဒါပေမဲ့ ကမ္ဘာ့ကုလသမဂ္ဂကလည်း ဒီနိုင်ငံတွေဟာ သဘာဝကပ်ဘေးအန္တရာယ်ပိုရှိတဲ့နိုင်ငံဖြစ်တယ် လို့သတ်မှတ်ထားတာမျိုးမဟုတ်တော့ မလုပ်နဲ့လို့လဲဘယ်သူကမှ မတားနိုင်ပါဘူး။ အခုလိုမျိုး ဂျပန်နိုင်ငံက နူကလီးယား ဓါတ်ပေါင်းဖို ပေါက်ထွက်မှုကနေထွက်လာတဲ့ ရေဒီယိုဓါတ်သတ္တုကြွပစ္စည်းတွေဟာ ဂျပန်တနိုင်ငံတည်းကိုပဲ ထိခိုက်မှုဖြစ်စေနိုင်တယ် တခြားနေရာတွေကို မထိခိုက်ဘူးလို့ကော ဘယ်သူက ကံသေကံမပြောနိုင်မှာလဲ။ အတွေးတိမ်တိမ်နဲ့လုပ်ခဲ့ကြတဲ့အရာတွေရဲ့ ဆိုးကျိုးသက်ရောက်မှုတွေက အခုလိုမျိုးကပ်ဘေး တွေကို ဖြစ်စေခဲ့တယ်ဆိုတာတွေဟာ မှန်သလောက်နီးနီးဖြစ်လာနေပြီမဟုတ်လား။ ကျနော်တို့ သုံးပြီးသားဓါတ်ခဲတွေကို မြေကြီးပေါ် ဖြစ်သလို လွှင့်ပစ်လိုက်မိတယ် ဒါမှမဟုတ် စွန့်ပစ်သင့်တဲ့ နေရာမစွန့်ပစ်ဘဲ ဖြစ်သလိုစွန့်ပစ်လိုက်တယ် ဆိုတာတွေရဲ့ဆိုးကျိုးသက်ရောက်မှုတွေကို ကျနော်တို့လူသားတွေပဲခံစားနေကြရတာပဲမဟုတ်ပါလား ဒါကဥပမာတခုသာဖြစ်ပါတယ် ကျနော်တို့သဘာဝပတ်ဝန်းကျင်ကို စောင့်ထိန်းနိုင်တဲ့အရာတွေလုပ်ဆောင်နိုင်ရဲ့သားနဲ့မလုပ်ခဲ့ကြတာတွေ ကျနော်တို့တွေ့ကြရမှာဖြစ်ပါတယ် ဥပမာ လျှပ်စစ်ကို လိုတာထက်ပိုသုံးတာတို့ ဥပမာ ဖုန်းအားသွင်းထားရင် ဘက်ထရီအားပြည့်သွားလည်း connection ကိုမဖြုတ်ဘဲဆက်ထားထားတာ။ extension မီးခလုတ်ခုံတွေရဲ့ ခလုတ်တွေကို တညလုံးမလိုအပ်ဘဲထွန်းထားတာ ဒါတွေက မိမိမှာလည်း ငွေကုန်ကြေးကျပိုများပြီး ကမ္ဘာကြီးကထုတ်ပေးရတဲ့ အရင်းအမြစ်တွေလည်း ပိုကုန်စေကာ ကမ္ဘာကြီးကို ပင်ပန်းမှုပိုဖြစ်စေတာပါ။ ကမ္ဘာကြီးရဲ့အရင်းအမြစ်တွေကို ကမ္ဘာပေါ်က လူသန်းပေါင်း ၇ ထောင်ကျော်တို့က မလိုအပ်ပါဘဲလျက် သုံးစွဲမှုတွေတယောက်နည်းနည်းချင်းလုပ်တာတွေကို စုလိုက်ရင် ပမာဏဟာ သန်းနဲ့ချီဖြစ်သွားတယ်ဆိုတာကို ကျနော်တို့သတိပြုမိကြမယ်ဆိုရင် ကျနော်တို့ လမ်းလျှောက်သွားလို့ရတဲ့ နေရာမှာ ဆီဖိုးငါ့ပိုက်ဆံနဲ့ငါပေးတာပဲဆိုတာမျိုးမစဉ်းစားဘဲ လမ်းလျှောက်သွားကာ ကမ္ဘာ့ရေနံထုတ်လုပ်မှုကို လျော့နည်းလာစေနိုင်တာ စတာတွေကို စဉ်းစားလက်တွေ့လုပ်ဆောင်လာကြမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်တဲ့ အပြုအမူတွေကို ကျနော်တို့လူသားအားလုံးက တညီတညွတ်တည်းနိုင်ငံ့တကာ့စိတ်ဓါတ် လူသားစိတ်ဓါတ်ဖြင့်လုပ်ဆောင်မှုများကသာ သဘာဝကပ်ဘေးအန္တရာယ်ကို ကျနော်တို့တတ်နိုင်သမျှလျော့ချလာနိုင်လိမ့်မည်ဟု ထင်မြင်ယူဆမိပါတယ်။ ကမ္ဘာ့ကြီးရဲ့အရင်းအမြစ်တွေကို လူသားတွေဟာ အကန့်အသတ်ရှိတဲ့ကမ္ဘာကြီးကို အကန့်အသတ်မရှိဘူးလို့ထင်ယောင်ထင်မှားဖြစ်ကာ သုံးစွဲနေထိုင်နေကြတယ် We live in a finite world but behave as if it were infinite လို့ Time to eat the dog? the real guide to sustainable living ဆိုတဲ့ စာအုပ်က မှတ်ချက်ကလေးတခုကို ကောက်နှုတ်တင်ပြရင်း ပိုးဖလံမျိုးမို့မီးကိုတိုးနေကြသော ကျနော်တို့လူသားများသတိပြုနိုင်ကြရန် တင်ပြလိုက်ရပါတယ်ခင်ဗျား။ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment