အပြောင်းအလဲဟာအိပ်မက်လား
တနေ့တော့----ဆိုတဲ့ စကားတွေ
ကြားရတာ အဖန်တရာတေနေပီ
ဒီကြားထဲ ဘာနဲ့စားထားမလဲ။
ရော့ပတ္တမြား ရော့နဂါးပဲလိုချင်တယ်
ပရောဟိတ်တွေရဲ့ ဘုတ်အုပ်တွေလဲ
ခေါက်သိမ်းလိုက်စို့
ဘယ်သူပဲ ပေါက်ဆိန်တွေကိုင်ထားကိုင်ထား
ငါတို့ပါးစပ်တွေကို ပလာစတာလာမကပ်ဖို့အရေးကြီးတယ်။
ငါတို့က ကော်ဖီဆိုလဲ
အင်စတဲန် မှသောက်တာ
ရှေးစကားပုံတွေလဲရှိတယ်မဟုတ်လား
ကြံကို အရင်းကပဲစ စားတာလေ။
မင်းတို့ကျတော့ အမြဲတန်းလက်ငင်းပဲ
ယူထားတယ်မဟုတ်လား
လက်ထဲက အသူရာတွေ
အိပ်တာတောင်မင်းတို့နဘေးမှာ ချထားတယ်မဟုတ်လား။
နင်းပြားတွေကိုကျတော့
တဖြည်းဖြည်းပြောင်းလဲလာမှာပါ-----မျှော်----တဲ့။
စောင့်--- ဆိုတဲ့စကား
နှစ်ကာလတွေကို ဖြိုဖျက်တဲ့စွမ်းအား
ရှိသလားအောင့်မေ့ရတယ်
ဟော ဆယ်စုနှစ် တစု
နောက်ထပ် ဟော ဆယ်စုနှစ် တစု
ကျုပ် အမုန်းဆုံး ဝေါဟာရ ဟာ စောင့် ဆိုတာပဲ
ကျုပ် အချစ်ဆုံး စကားလုံးဟာ ခုချက်ချင်း ဆိုတာပဲ။
မလိုဘူး ခု ဆိုမှ ခု ပဲ။
နောက်ထပ်ဘာမှ လာ မပြောနဲ့တော့
ဘုတ်အုပ်တွေ ဥပဒေ တွေ
သီအိုရီတွေ
အိုဗျာ အားလုံး မီးသာ ပုံရှို့လိုက်ပါတော့
ကျုပ်တို့တွေ လိုချင်နေတာ လွတ်လပ်ခွင့်
အဲဒါတွေအတွက် ပထမဆုံး
အကျဉ်းသားတွေ လွှတ်။ လွှတ် အခုချက်ချင်းလွှတ်။
ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ
No comments:
Post a Comment