Wednesday, July 28, 2010

ရေနံယိုဖိတ်မှုရဲ့သဘာဝပါတ်ဝန်းကျင်အပေါ်ရိုက်ခတ်မှု ၃

ဓာတုပစ္စည်းများအသုံးပြုမှုနောက်ပိုင်းတွင် ကျန်နေရစ်ခဲ့သော သေးငယ်သောရေနံအ ရည်စက်လေးများ၏ သက်ရောက်မှုမှာ မည်သည့်အရာတွေဖြစ်လိမ့်မည်နည်းဟူသည်မှာ လည်း ဆက်လက်ကြည့်ရှုရန် ကျန်ရှိနေ ပေသေးသည်။ ရေနံများကို ထိုသေးငယ်သောရေနံအ မှုန်စက်ကလေးများဖြစ်လာစေရန် ဖြိုခွဲရသည်မှာ ရေ အောက်သဘာဝပတ်ဝန်းကျင်အတွက် ပို ၍ဆိုးရွားလှပေသည်။ ထိုသေးငယ်သောရေနံ အမှုန်အမွှားလေးများ ရရှိစေရန်အတွက် ကြိုးပမ်း ပြုလုပ်ရခြင်းမှာ အဏုဇီဝပိုးမွှားများက ၄င်းတို့ကိုစားသောက်ရာတွင် အစာကျေ ညက်စေရာ တွင်လွယ်ကူစေရန်အတွက်ဖြစ်ပေသည်။
ပင်လယ်အောက်သဘာဝပတ်ဝန်းကျင်သက်ရောက်ရိုက်ခတ်မှုများအလွန်တွင် ထိုရေ နံတို့သည် ဖွံ့ဖြိုး တိုးတက်မှုလွန်လွန်းခြင်း၊ လေထုညစ်ညမ်းခြင်း နှင့် ကထရီးနားဟာရီ ကိန်းမုန်တိုင်း (Katrina Hurricane ) ၏နာတာ ရှည်သက်ရောက်မှုများက ၀ိုင်းအုံဒုက္ခပေး ထားပေးပြီးဖြစ်သည့် ကမ်းရိုးတန်းဒေသဖြစ်သော စိုစွတ် သောကုန်းမြေအပေါ်၌ သွားရောက် ကမ်းတင်နေခြင်းသည် စတင်ဖြစ်ပွားလာပေတော့မည်။ အကယ်၌သဘာဝ ကပ်ဘေးအန္တရယ် အတွက်ငွေရောင်အနားကွပ်လိုင်းများဖြစ်လာနိုင်မည်ဆိုပါက ၄င်းသည် ကျောက်ဖြစ်ရုပ် ကြွင်းလောင်စာ (fossil fuel) များမှ သန့်ရှင်းသောပြန်လည်ပြုလုပ်နိုင်သောစွမ်းအင်အနာဂါတ် (clean, renewable energy future) သို့လျင်မြန်စွာစတင်ရွှေ့ပြောင်းရန်လိုအပ်ပြီးဖြစ်နေမှု အား လုပ်ဆောင်ရန် အတွက် ပြန်လည်နိုးထလသော တောင်းဆိုမှုတခုဖြစ်ပေလိမ့်မည်။ ၄င်း ကိုစတင်ပြုလုပ်ရန်အတွက် ကျနော်တို့ သည် ကျနော်တို့ကိုယ်ပိုင်၏ စွမ်းအင်သုံးစွဲမှုများကို လျှော့ချရပေလိမ့်မည်။ ဖြစ်နိုင်သမျှအချိန်များတွင် သန့် ရှင်းသော အစိမ်းရောင်စွမ်းအင်များကို ရွေးချယ်သုံးစွဲရပေလိမ့်မည်။
(ဘာသာပြန်သူ၏အမြင်တချို့- သေဆုံးသွားနိုင်သည့် မြောက်မြားလှစွာသော ပင်လယ်နေ သတ္တ၀ါများ၏ ၄င်းတို့အသက်ရှင်နေထိုင်စဉ်တွင် ၄င်းတို့က ပြုလုပ်ထိန်းကျောင်းပေးနိုင်စွမ်း သော သဘာဝသတ္တစနစ် (ဂေဟစနစ်)အပေါ် ကောင်းကျိုးသက်ရောက်မှုများ ဂေဟစနစ်က ဆုံးရှုံးသွားနိုင်ခြင်း ၄င်းတို့ဆုံးရှုံးသွားခြင်း၏ ကွင်းဆက်အကျိုးသက်ရောက်မှုများ တို့သည် ဆက်ကာဆက်ကာ ဖြစ်ပျက်သွားနိုင်ပေသည်။)
ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment