Thursday, June 17, 2010

ကျနော်နော်ဝေရောက်ပြီးဘာတွေပေးလှူခဲ့ပါသနည်း

ကျနော်တို့မိသာားစု နော်ဝေသို့ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလတွင်ရောက်ရှိခဲ့ပါသည်။ ယင်းကဲ့သို့ ရောက်ရှိပြီးနောက် ကျနော်တို့နှင့်ဘ၀တူခံစားခဲ့သော နယ်စပ်ဒေသမှ ရဲဘော်ရဲဘက်များသို့ တတ်စွမ်းသမျှပေးလှူခဲ့ရာ ကျနော်တို့၏အလှူငွေများမှာ အောက်ပါအတိုင်းဖြစ်သည်ကို တွေ့ရှိရပါသည်။ ကျနော်ပြောတာ ဟုတ်တယ်ဆိုရင် မင်းမှာဘောင်ချာပြပါလားဆိုရင် ကျနော်လှူတော့ ဘယ်သူဆီမှာမှ ဘောင်ချာမတောင်းခဲ့ပါ။ ကျနော်ကိုယုံရင်တော့ ကျနော်ပြောတဲ့စာရင်းကို ယုံလိုက်ပေါ့ဗျာ။ မယုံရင်လည်းဘာမှမတတ်နိုင်ပါဘူး။ အဲဒါတွေကတော့အောက်ပါအတိုင်းပါပဲ။
၁။ နို့ဖိုးစခန်းနေ ABSDF ရဲဘော်ဟောင်းများသို့ပေးလှူငွေ (၂၀၀၉ ခုနှစ်တွင် ဘတ် ၃၀၀၀ တကြိမ်။ ဘတ် ၂၀၀၀ တကြိမ်၊)
၂။ ABSDF ပင်မအဖွဲ့အစည်းသို့ပေးလှူငွေ (၂၀၁၀ ခုနှစ်တွင် နော်ဝေခရိုနာ ၅၀၀)
၃။ NDD သို့ပေးလှူငွေ (၂၀၀၉ ခုနှစ်တွင် ခရိုနာ ၅၀၀၊ ၂၀၁၀ ခုနှစ်တွင် ခရိုနာ ၅၀၀)
၎။ မိတ်ဆွေအဖွဲ့အစည်းတခုသို့လှူငွေ (၂၀၁၀ ဇွန် ခရိုနာ ၂၀၀)
၅။ နို့ဖိုးစခန်းရှိဗုဒ္ဓ၀ိဟာရဘုန်းကြီးကျောင်းဆောက်ရန်လှူငွေ (၂၀၁၀ ခုနှစ် ၂၀၀၀ ဘတ်)
၆။ နို့ဖိုးစခန်းရှိPABအထက်တန်းကျောင်းသို့လှူငွေ (၂၀၁၀ ခုနှစ်ဇွန်လ ၂၀၀၀ ဘတ်)
၇။ တသီးပုဂ္ဂလပုဂ္ဂိုလ် A သို့ပေးလှူငွေ ၇၀၀၀ ဘတ်။
၈။ တသီးပုဂ္ဂလပုဂ္ဂိုလ် B သို့ပေးလှူငွေ ၃၃၀၀ ဘတ်။
၉။ တသီးပုဂ္ဂလ ပုဂ္ဂိုလ် C သို့ပေးလှူငွေ ၂၅၀၀ ဘတ်။
၁၀။ တသီးပုဂ္ဂလပုဂ္ဂိုလ် D သို့ပေးလှူငွေ ၁၀၀၀ ဘတ်၊
၁၁။ တသီးပုဂ္ဂလပုဂ္ဂိုလ် E သို့ပေးလှူငွေ ၅၀၀ ဘတ်။
၁၂။ တသီးပုဂ္ဂလပုဂ္ဂိုလ် F သို့ပေးလှူငွေ ၅၀၀ ဘတ်။
၁၃။ တသီးပုဂ္ဂလပုဂ္ဂိုလ် G သို့ပေးလှူငွေ ၅၀၀ ဘတ်။
စုစုပေါင်း ၃၂၈၀၀ ဘတ်ခန့်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ နော်ဝေခရိုနာအားဖြင့်ဆိုလျှင် ၆၅၀၀ ကျော်ကျော် ခန့်ုဖြစ်ပါတယ်။အဲဒီအတွက်ကျနော်တို့မိသားစုပီတိဖြစ်ပါတယ်။ အဲဒီငွေတွေကို ပို့ခသီးခြားကုန်ကျခံကာ ပို့လှူခဲ့တာဖြစ်ပါတယ်။ ပီတိကိုစားအားဖြစ်ပါတယ်။ ဒါပေမဲ့ကျနော်တို့ပြည်သူတွေဆီသို့တိုက်ရိုက်တပြားမှမလှူဒါန်းခဲ့သေးပါဘူး။ ရေလိုနေတဲ့ပြည်သူတွေ နည်းမျိုးစုံအခက်အခဲတွေ့နေတဲ့ပြည်သူတွေကို မပေးလှူနိုင်သေးတဲ့အတွက်စိတ်မကောင်းဖြစ်နေမိပါတယ်။ ကျနော်တို့မတတ်နိုင်သေးလို့ပါ။ ကျနော်တို့မှာစိတ်ကူးရှိပါသည်။ ကျနော် နော်ဝေမှာနေပြီး ဖိနပ်ဆိုရင် ၉၉ ခရိုနာတန်ဖိနပ် အနွေးထည်းပါး ဆွယ်တာဆိုရင်လည်း ဈေးချတဲ့အချိန် ၅၀ ခရိုနာတန် စတာတွေကိုပဲဝယ်ဝတ်ကာ ကိုယ့်ရဲ့တချိန်တုန်းက မိတ်ဆွေတွေ ရဲဘော်ရဲဘက်တွေကို ပြန်လည်ကြည့်ရုခဲ့တာဖြစ်ပါတယ်။ ကျနော်တို့မှာကားမရှိပါ။ ဆိုက်ကယ်တောင်မှမရှိပါ။ တောင်တက်နေရတုန်းပါ။ ကားဂိတ်က ၁၀ မိနစ်လောက်ဝေးတဲ့နေရာကို ကုန်းအတန်ငယ်မြင့်မြင့်လေးကို ကျနော်တို့ရဲ့စားစရာတွေ လက်ဆွဲလှည်းနဲ့သယ်ပြီး ဒုက္ခသည်စခန်းမှာနေတုန်းကလိုပဲ သယ်နေရဆဲပါ။ ကျနော်တို့တော်လှန်ရေးမပြီးသေးဘူးလေ။ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment