Saturday, April 10, 2010

ကျနော်လေ့လာမိသမျှ English Pronunciation

Decisive ဆိုတဲ့စကားလုံးကို ကျနော်တို့ ဘယ်လိုအသံထွက်ကြမလဲ အများအားဖြင့်တော့ ဒဆိဆစ်ဗ် လို့ပဲကျနော်တို့ထွက်ကြပါတယ် ကျနော်လည်း အဲဒီလိုပဲထွက်ခဲ့ပါတယ် ဒါပေမဲ့ ဒါမမှန်ဘူးလို့ သူ့ရဲ့ phonetic ကိုကြည့်တဲ့အခါကျတော့ တွေ့ပါတယ် သူ့ရဲ့ phonetic က /dΙsəΙsΙv/ ဆိုတာဖြစ်တာကို တွေ့ရပါတယ်။ s နောက်မှာပါကပ်ပါလာတဲ့ vowel က I တလုံးတည်းမဟုတ်ဘူး။ əΙ အိုက် လို့အသံထွက်စေတဲ့ dipthong ဖြစ်တာကိုတွေ့ရပါတယ် ဒါကြောင့် s နဲ့ပေါင်းလိုက်တော့ ဆိုက် ဖြစ်သွားတာပေါ့။ ဒါကြောင့် decisive ကို /dΙsəΙsΙv/ ဒဆိုက်ဆစ်ဗ် လို့ပဲကျနော်တို့ဖတ်ရင် ပိုမှန်မယ်လို့တင်ပြလိုက်ပါတယ် ကျနော်တို့က စကားလုံးတွေကို မသိတာမဟုတ်ဘဲ စကားလုံးတွေရဲ့အသံထွက်ကို မှန်အောင်မပြောနိုင်တဲ့အခါ ကြားရတဲ့ အနောက်တိုင်းသားတွေပဲဖြစ်ဖြစ် တခြားနိုင်ငံတနိုင်ငံက လူတွေပဲဖြစ်ဖြစ် နားမလည်နိုင်ဘဲ ဖြစ်သွားရတာပါလို့ ကျနော်ထင်မိပါတယ် ကျနော်တို့မြန်မာနိုင်ငံသားတွေ အင်္ဂလိပ်စကားပြောတဲ့နေရာမှာ တထောင့်တနေရာက အထောက်အကူပြုနိုင်ဖို့ ကျနော်ဒီကဏ္ဍလေးကိုလည်း အလျဉ်းသင့်သလိုတင်ပြသွားပါ့မယ်ခင်ဗျား ဆရာလုပ်တာမဟုတ်ပါနော့်။ သူ့ရဲ့အဓိပ္ပါယ်လေးကိုလည်း နည်းနည်းလေ့လာကြည့်ရအောင်



decisive /dΙsəΙsΙv/ adj 1. making sth certain or final (တခုခုကိုသေချာစေသော၊ နောက်ဆုံးပြုလုပ်ရသော) the decisive battle of the world (စစ်ပွဲကြီးရဲ့အဆုံးအဖြတ်ဖြစ်သောနောက်ဆုံးတိုက်ပွဲ) ဒုတိယကမ္ဘာစစ်ရဲ့နောက်ဆုံးတိုက်ပွဲအဆုံးအဖြတ်တိုက်ပွဲလို့ပြောလို့ရတဲ့ D Day တိုက်ခဲ့တဲ့ ပြင်သစ်နိုင်ငံနော်မန်ဒီ ကမ်းခြေတက်တိုက်ပွဲလိုမျိုးပေါ့။
2. having the ability to make clear decision quickly ရှင်းလင်းသောဆုံးဖြတ်ချက်ကို လျင်မြန်စွာပြုလုပ်နိုင်စွမ်းသော။
It's no good hesitating. Be decisive. နှောင့်နှေးနေတာမကောင်းဘူး။ ဆုံးဖြတ်ပါ။


No comments:

Post a Comment