အစိုးရတရပ်အားလူအများစု၏ထောက်ခံမှု
ပြည်သူအများစု၏ထောက်ခံမှုသည် ခေတ်သစ်ဒီမိုကရက်တစ်အစိုးရများအတွက် အရေးကြီးသော စမ်းသပ်မှုတခုပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်ဒီမိုကရေစီစနစ်တွင် မူဝါဒပြုလုပ်သူများသည် မဲဆန္ဒရှင်များကပေးသော ကြိုတင်သဘောထားဆန္ဒအများစု၏ ထောက်ခံမှုအပေါ် အမှီပြုရသောကြောင့်ပင်ဖြစ်ပေသည်။ ခေါင်းဆောင်များအတွက် ၄င်းကို ထောက်ခံသူများကပေးသော အထက်ပါထောက်ခံမှုကို ဆက်လက်ထိန်းသိန်းထားရန်ဆိုသည်မှာ ဒီမိုကရေစီနိုင်ငံရေး၏ကျောထောက်နောက်ခံပင်ဖြစ်သည်။ ဒီမိုကရေတစ်နိုင်ငံများတွင် မည်သူမျှ အမွေအရ နိုင်ငံရေးအာဏာရှိသောရာထူးတခုကို ရယူပိုင်ခွင့်မရှိပေ။ အဆိုပါ နိုင်ငံရေးအာဏာရရှိသူ ယောက်ျား သို့မဟုတ် မိန်းမ တဦးဦးသည် ၄င်း၏နောက်လိုက်ပြည်သူများ၏ ဖွဲ့စည်းပုံအခြေခံဥပေဒနှင့်အညီ ရွေးချယ်တင်မြှောက်ခံထားရသူဖြစ်ရပေမည်။ အထက်ပါနည်းလမ်းနှင့်အညီ ပြည်သူကရွေးချယ်လိုက်၍ နိုင်ငံရေးအာဏာရရှိထားသော ပုဂ္ဂိုလ်များက ၄င်းတို့၏ တရားဝင်မှုကို ဆက်လက်ကာကွယ်ရန်အတွက် ဒီမိုကရက်တစ်နိုင်ငံရေးစနစ်က ပုံမှန်ဖြစ်သောအချိန်အတိုင်းအတာအကန့်အသတ်များအတွင်း(ဥပမာ အမေရိကန်ပြည်ထောင်စု) သို့မဟုတ် တစုံတခုသောအရှည်လျားဆုံးအချိန်အတိုင်းအတွင်း(ဥပမာ ဗြိတိန်) ရွေးကောက်ပွဲများကို ပြုလုပ်ခွင့်ပေးပေသည်။ စနစ်အများစုက ထပ်မံအရွေးချယ်ခံပိုင်ခွင့်ကို ခွင့်ပြုပေသည်။ သို့သော်ယင်းကဲ့သို့သောထပ်မံအရွေးချယ်ခံပိုင်ခွင့်ကို အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ၂၂ ခုမြောက်သောပြင်ဆင်မှု Twenty-second Amendment to the Constitution က သမတတဦးစီအား အချိန်ပြည့်သက်တမ်း ၂ ခုသာထမ်းဆောင်ရန်ကန့်သတ်ထားပေသည်။
No comments:
Post a Comment