နအဖ ဟာသူ့အတွက်ပဲသူလိုတာသိတ်များ သိတ်အတ္တကြီး မနေ့က NLD က နအဖ ရဲ့ ၂၀၀၈ ဥပဒေနဲ့ တဖက်သတ်ရေးဆွဲထားတဲ့ ရွေးကောက်ပွဲဥပဒေတွေကို လက်မခံဘဲ ပါတီမှတ်ပုံတင်တာမပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာ အင်မတန်မှ မှန်ကန်လှပါတယ်။ ဘာကြောင့်ကျနော်ဒီလိုပြောရပါသလဲ။ ယုတ္တိဗေဒကျတဲ့ အကျိုးအကြောင်းဆီလျော်တဲ့အချက်တွေအများကြီးရှိပါတယ်။ ကျနော်တင်ပြပါ့မယ်။ နအဖ ဟာ ဘယ်လောက်အတ္တကြီးသလဲ ကိုယ်လိုတာပဲသိသလဲဆိုရင် (၁) ၉၀ မေရွေးကောက်ပွဲ ရလာဒ်ကို အဆုံးတိုင်ပယ်ဖျက်ဖို့ကြိုးစားတယ် (၂) ၂၀၀၈ ကိုအတင်းလက်ခံခိုင်းပြီးပါတီိမှတ်ပုံတင်ခိုင်းတယ် (၃) အဲဒါတွေနဲ့တင်အားမရဘဲ ရွေးကောက်ပွဲမှာ ဒေါ်စုမပါရအောင် မတရားတဲ့ ဥပဒေတွေပြဌာန်းတယ်။ (၄) ရွေးကောက်ပွဲကိုလည်း သူတို့ရဲ့ စီမံမှုအခင်းအကျင်းအောက်မှာပဲ ကျင်းပတယ်။ (၅)ရွေးကောက်ပွဲ ပြီးရင်ကိုယ်လိုတဲ့အာဏာတွေယူထားဖို့လဲလုပ်ထားပြီးပြီ။ အားလုံးဟာ သူတို့အတွက် နအဖ ဟာ သိတ်သေချာအောင်လုပ်ထားတယ်။ NLD အတွက်လုံးဝမစဉ်းစားပေးထားဘူး။ ကိုယ့်အတွက်ဆိုတဲ့ ၀င်ရိုးစွန်း ကိုဘဲ ထွက်သွားတယ်။ အလယ်အလတ် moderate မကျင့်သုံးဘူး။ ဒါကြောင့် NLD က ဒီလိုဆုံးဖြတ်ခဲ့တာဟာ သွေးထွက်အောင်မှန်တယ်လို့ပြောလို့ရတယ်။
တကယ်လို့သာ နအဖ ဟာ ဗုဒ္ဓအယူအဆကိုလက်ခံသူတွေ မဇ္ဈိမပဋိပဋာ အလယ်အလတ်လမ်း moderate ကိုကျင့်သူတွေမှန်ရင် တကယ်လို့ ၉၀ မေကိုဖျက်ချင်တယ်။ ၂၀၀၈ ကိုလိုချင်တယ်ဆိုရင် အများဆုံးအဲဒီ ၂ ခုကိုယူပြီး ဂျပန်ကပြောနေသလို ပါသင့်ပါထိုက်သူတွေလို့ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးခွန်ထွန်းဦးတို့လိုပုဂ္ဂိုလ်မျိုးတွေကို ကောင်းမွန်တဲ့အနာဂါတ်ကိုလျှောက်လှမ်းချင်တယ် အမျိုးသားပြန်လည် သင့်မြတ်ရေးလည်း ရအောင်လို့ ပြောဆိုပြီးအခုကာလမှာပြန်လွှတ်ပေးကာ ရွေးကောက်ပွဲ ၀င်ခွင့်ပြုမယ်ဆိုရင် NLD ကလည်း အခုလိုမျိုးပြတ်ပြတ်သားသားဆုံးဖြတ်လို့ရလိမ့်မယ်မထင်ပါဘူး။ ဒီဖက်ကအင်အားစုတွေက လျှော့ချင်နေတာပါဗျာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ဆိုရင် မဆွတ်ခင်က ညွတ်ချင်သူတွေကြီးပါပဲ။ ဒါပေမဲ့ နအဖ ရဲ့ တင်းမာတဲ့တဖက်သတ် အတ္တ၀ါဒီလမ်းကြောင်းကြောင့်သာ အခုလိုမျိုး NLD ဆုံးဖြတ်တယ်လိုကျနော်ထင်ပါတယ်။ တကယ်လို့သာ နအဖ က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီးရွေးကောက်ပွဲမှာ ပြန်ပါဝင်ခွင့်ပြုမယ်ဆိုရင် NLD ရွေးကောက်ပွဲမှာ ပါတီမှတ်ပုံတင်ဖို့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ သေသေချာချာစဉ်းစားမှာပါ၊ ဂျပန်တို့လိုနိုင်ငံတွေ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း အဲဒီလိုလုပ်ဖို့အကြံပြုနိုင်ပါတယ်။ အခုတော့ နအဖ ဗိုလ်ချုပ်တွေရေ ခင်ဗျားတို့လိုတာ သိတ်များတယ်။ ခင်ဗျားတို့အတွက် သိတ်သေချာတယ်။ သိတ်သိလွန်းတယ်။ ပြည်သူတွေ တခြားတိုင်းပြည်အကျိုးဆောင်ရွက်ချင်သူတွေအတွက် ခင်ဗျားတို့ဘာမှ မစဉ်းစားတာ ရွေးကောက်ပွဲမလုပ်ခင်ကတည်းကကို သေချာနေတော့ ရွေးကောက်ပွဲအပြီးပေါ်လာတဲ့ လွှတ်တော်ဟာလည်း ခင်ဗျားတို့ပြောသလိုလုပ်တဲ့ လွှတ်တော်ပဲဖြစ်လာမယ်ဆိုတာ သိတ်သေချာနေပါတယ် မဟာ့မဟာဗိုလ်ချုပ်ကြီးများခင်ဗျား။ ခင်ဗျားတို့ဟာ တကယ် မနိုင်တဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေပါပဲ။
No comments:
Post a Comment