၉၀ ဆိုတဲ့ ဂဏန်းကို တနိုင်ငံလုံး နေရာအနှံ့ရတဲ့နေရာရေးကြပါ။
နအဖ ဟာ ကျနော်တို့ဒီမိုကရေစီအင်အားစုများရဲ့လက်မှာ ပိုင်ဆိုင်ထားတဲ့ ၉၀ မေရွေးကောက်ပွဲက ပေးထားတဲ့ လူထုကတရားဝင်အပ်နှင်းထားတဲ့ တရားဝင်မှုတွေကို အပြီးတိုင်ချေဖျက်ဖို့ ၂၀၀၈ အခြေခံဥပဒေကို အခြေခံထားတဲ့ ရွေးကောက်ပွဲဥပဒေတွေနဲ့ ကြိုးပမ်းလာတာကို ကျနော်တို့အနေနဲ့ မဆုတ်တမ်းခံစစ်ကနေ ကာကွယ်ဖို့ နိုင်ငံရေးအရ ရပ်တည်ထားဖို့ တိုက်ကွက်တခုအနေနဲ့ ၉၀ မေရွေးကောက်ပွဲရလာဒ်ကို ဆက်လက်ဆုပ်ကိုင်ထားဖို့ သင်္ကေတအဖြစ် ၉၀ ဆိုတဲ့ ဂဏန်းကို တနိုင်ငံလုံးမှာ ရတဲ့နေရာ ငွေစက္ကူ နံရံ စာအုပ်စာစောင် မဂ္ဂဇင်း နအဖ ရဲ့ ဆိုင်းဘုတ်တွေ အစသဖြင့် ရသမျှ နေရာတွေမှာ ရေးကြဖို့ လူထုတရပ်လုံး ယင်းတိုက်ပွဲလုပ်ငန်းမှာ တတ်နိုင်သလောက်ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ခင်ဗျား၊ သိ၇ှိသူတွေအားလုံးယင်း အိုင်ဒီယာကို ထပ်မံဖြန့်ဖြူးပေးဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ခင်ဗျား။ လူထုတရပ်လုံးလက်မခံဘဲ အန်တုရင် နအဖ သူလုပ်ချင်သလိုလုပ်၍မရပါ၊ လူထုတရပ်လုံးယင်းတိုက်ပွဲလုပ်ငန်းအပြုအမူနဲ့ ညီညွတ်ကြပါစို့။
No comments:
Post a Comment