Saturday, July 12, 2014

အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး (စိန်ခေါ်မှု အပိုင်း၂)

အရပ်ဘက်စိုးမိုးမှုသည် ထိုလုပ်ဆောင်မှုများအားလုံးစုစုပေါင်း၏ရလာဒ် (collective result) ဖြစ်သည်။ တစုံတခုသောအကန့်အသတ်နှင့်ဖြစ်သောအချက်အလက်တခုခု မရှိပျက်ကွက်သွားခြင်းသော်၎င်း အားနည်းသွားခြင်သော်၎င်း (ဥပမာအားဖြင့် စစ်ဘက်အရာရှိတပ်ဖွဲ့များအတွင်း နိုင်ငံရေးနှင့်ကင်းသောပညာရှင်ပီသမှုဝါဒထွန်းကားမှု ယဉ်ကျေးမှု သော်၎င်း၊ စွမ်းအားရှိသောလုံလောက်စွာဖွံ့ဖြိုးတိုးတက်သော အရပ်ဘက်လူမှု လူ့အဖွဲ့ အစည်း(civil society) စသည်တခုခုအားနည်းသွားခြင်း) အရပ်ဘက်စိုးမိုးမှုအား ဒုက္ခရောက်ပျက်စီးစေနိုင်ပါသည်။ ထို့အပြင် ထိုချွတ်ယွင်းအားနည်းချက်များတွင် ဥပဒေ ပညာရှင်များ၊ နိုင်ငံရေးသမားများက အရပ်ဘက်ထိန်းချုပ်မှုကို အားပေးဖြည့်စွမ်းသည့် ဥပဒေအချက်အလက်များကိုပို၍ရေးသားဖြည့်စွက်ခြင်းသက်သက်ဖြင့် ထိုလစ်ဟာချက်များကို မဖြည့်ဆည်းပေးနိုင်ဟူသည့် အချက်လည်းပါဝင်ကြောင်းအခိုင်အမာညွှန်ပြပေသည်။
    ထိရောက်သောအရပ်ဘက်ထိန်းချုပ်မှု၏အကျိုးသက်ရောက်မှုတခုမှာ စစ်ဘက်ခေါင်း ဆောင်များက တချို့သောစစ်ဘက်ဆိုင်ရာ ပညာရှင်ရေးရာကဏ္ဍများတွင် အရပ်ဘက်ရေး ခေါင်းဆောင်များ၏ ၀င်ရောက်စွက်ဖက်မှုများကို လက်ခံကောင်းလက်ခံလာနိုင်ခြင်းပင်ဖြစ် သည်။ ထင်ရှားသောဥပမာများမှာ တမျိုးသားလုံးဆိုင်ရာမဟာဗျူဟာနှင့်ကာကွယ်ရေးစီမံ ချက်များ။စစ်ဘက်တို့၏အခန်းကဏ္ဍနှင့်လုပ်ငန်းတာဝန်များ၊ စစ်ဘက်ဆိုင်ရာဘတ်ဂျက်၊ စစ်သားသစ်စုဆောင်းရေးနှင့်စစ်သင်တန်းဆိုင်ရာအလေ့အကျင့်များ၊ စစ်ဘက်ဆိုင်ရာဖွဲ့ စည်းပုံ၊ လက်နက်အမျိုးအစားနှင့် အရေအတွက်များ စသည်တို့ဖြစ်ပေသည်။ ဒီမိုကရေစီနိုင်ငံတနိုင်ငံတွင် အရပ်ဘက် ကြီးကြပ်မှု (civilian oversight) သည် ကျယ်ပြန့်သောအတိုင်းအတာရှိနိုင်ပြီး တဖြည်းဖြည်းနှင့် အစိတ်အပိုင်းအားလုံးလိုလိုသို့ ရောက်ရှိနိုင်ပေသည်။ သို့သော် ထိုအရပ်ဘက်ထိန်းချုပ်မှုသည် စစ်ဘက်ဆိုင်ရာပညာရှင် ပီသမှုဝါဒအား လိုအပ်ချက်တခုအဖြစ် လက်ခံမှုလည်းပြုရပေမည်။စစ်ဘက်တို့အခန်းကဏ္ဍ များနှင့်ပတ်သက်၍ကန့်သတ်ချက်များဆိုင်ရာ ထင်ရှားသောမျဉ်းကြောင်းများ နှင့် စစ်ဘက် တို့၏အခန်းကဏ္ဍအပေါ်ထိုအခန်းကဏ္ဍသည် သင့်တော်မျှတသည်ဟု စစ်သားများနှင့် လူ့အဖွဲ့အစည်းအကြား ကျယ်ပြန့်သော သဘော တူညီချက်များ ရှိခြင်းသည် မရှိမဖြစ်လို အပ်သောအရေးကြီးသည့်အချက်များဖြစ်ပေသည်။ များစွာသော အရပ်ဘက်-စစ်ဘက်ဆိုင် ရာနှင့်ပတ်သက်၍ လေ့လာသိကျွမ်းထားသူများကယခုအချိန်အခါ၌ တောင်အာဖရိကတွင် ထိုသို့သော သဘောတူညီချက်သည် အရေးကြီးသော အကြောင်းအရာအစ်ရှူး ဖြစ်သည်ဟု ထင်မြင်ကြသည်။
    ကမ္ဘာ့ဘဏ်(World Bank)၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund(IMF) နှင့် အမေရိကန်ပြည်ထောင်စု၊အင်္ဂလန်နှင့် ပြင်သစ်တို့ကဲ့သို့သော အလှူရှင်နိုင်ငံများက အာဖရိကလက်နက်ကိုင်တပ်ဖွဲ့များကိုပြုပြင်ပြောင်းလဲရန်၊ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကို တိုးတက်စေရန်နှင့် လက်နက်ကိုင်ရုန်းကန်တော်လှန်လှုပ်ရှားမှု ကာလများမှတိုက်ခိုက်ရေးစစ်သားအဟောင်းများအား လက်နက်များဖြုတ်သိမ်းရန် စသည် တို့အတွက်လုပ်ဆောင်မှုအတိုင်းအတာများကို လူမှုစီးပွားရေးဘ၀ပြန်လည်ဖွဲ့စည်းခြင်း (socialeconomic restructuring) အစီအစဉ်တခုလုံးလုပ်ဆောင်မှု၏ လိုအပ်သော အစိတ် အပိုင်းအဖြစ် သဘောပေါက်နားလည်လာပုံရပေသည်။ အတိုချုပ်အားဖြင့်ဆိုရလျှင် စစ်တပ်ဖွဲ့များအား စစ်တပ်လျားများသို့ပြန်ရန်သာငွေကြေးကို အသုံးပြု၍ ငွေကြေးကို သိမ်းဆည်းထားကာ လိုအပ်သောနေရာများတွင်သာကောင်းစွာအသုံးပြုရန်ဖြစ်ပေသည်။ ဖွံ့ ဖြိုးပြီးနိုင်ငံများသည် ၄င်းတို့၏စစ်တပ်ဖွဲ့များနှင့်အာဖရိကနိုင်ငံများ၏စစ်တပ်ဖွဲ့များအကြား နီးစပ်သောဆက်နွှယ်မှုကြိုးများကိုတိုးတက်စေခြင်းဖြင့်သော်၎င်း(အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းဆိုင်ရာယဉ်ကျေးမှုအရ နှစ်သက်ဖွယ်ရာမရှိသည့်ပုံပေါ်သော်လည်း စိတ်ေ၇ာကိုယ်ပါ အကျိုးရှိသောတာဝန်ရွှေ့ပြောင်းမှု(salutary transfer) ကိုအောင်မြင် စေခြင်း)၊စစ်ဘက်အရာ ရှိများအတွက် ပြီးပြည့်စုံသောအရပ်ဘက်ဆိုင်ရာပညာပေးရေးအစီအစဉ်များ (comprehensive civic-educations program)များဆောင်ရွက်ခြင်းဖြင့်သော်၎င်း၊၊ လက်နက် ဖြုတ်သိမ်းရေးလုပ်ငန်းအစီအစဉ်များ (demobilization programs) ကိုကူညီပေးခြင်း တို့ဖြင့် သော်၎င်း ကူညီပေသည်။
    ထို့အပြင် မဟာဗျူဟာပတ်ဝန်းကျင်ဆိုင်ရာတွင် အပြောင်းအလဲမြန်ဆန်နေ သောယ ခုလိုကာလမျိုးတွင် အာဖရိကသည် မဟာဗျူဟာဆိုင်ရာလေ့လာမှုများ၊ အမျိုးသားလုံခြုံရေး နှင့် ပဋိပက္ခဆိုင်ရာစီမံခန့်ခွဲမှု စသည်တို့တွင် ဗဟုသုတကွာဟချက်ရှိမှုကို ခံစားရလျက်ရှိပေ သည်။ လေ့လာရေးအဖွဲ့အစည်းများ သုတေသနပြုသူများသည် ထိုကဲ့သို့သောအရေးအရာ ကိစ္စများအပေါ်တွင် လက်တွေ့ဖြစ်ပျက်နေသောကွင်းပြင်နှင့်ချိန်ထိုးကြည့်သောလေ့လာမှုများ နည်းပါးလျက်ရှိနေပေသည်။ တောင်အာဖရိက (South Africa)၊ နိုက်ဂျီးရီးယား (Nigeria) နှင့် အီဂျစ် (Egypt) နိုင်ငံတို့မျှတွင်သာ ကာကွယ်ရေးဆိုင်ရာအစ်ရှူးနှင့်ပတ်သက်၍ ပညာရှင် ပီသစွာစနစ်တကျလေ့လာဆန်းစစ်ချဉ်းကပ်မှု တစုံတခုကိုပြုလုပ်ပုံရပေသေးသည်။ တောင်အာဖရိကသုတေသနအဖွဲ့အစည်းများသည် နှိုင်းယှဉ်ချက်အားဖြင့်ပြောရလျှင် တစုံတ ရာဖွံ့ဖြိုးတိုးတက်နေပြီဆိုနိုင်သော်လည်း အစိုးရကပေးသောသတင်းအချက်အလက်များ ကိုသာ လုံးဝမှီခိုလျက်ရှိနေပေသည်။ အရပ်ဘက်စိုးမိုးမှုနှင့် စစ်ဘက်တာဝန်ခံမှုတို့ကို မျှော် လင့်ချက်ထားရှိသော မည်သည့်နိုင်ငံတခုခုတွင်မဆို စစ်ဘက်ရေးရာအပါအ၀င်ဖြစ်သော မူဝါ ဒဆိုင်ရာအရေးအရာကိစ္စများနှင့်ပတ်သက်၍ လွတ်လပ်သော ရှင်သန်အားကောင်းသော ကျယ်ပြန့်ထိရောက်သော ဆွေးနွေးမှုများသည် မရှိမဖြစ်လိုအပ်ပေသည်။ စစ်ဘက်ရေးရာနှင့် ကာကွယ်ရေးအကြောင်းအချင်းအရာအစ်ရှူးတို့ကို လေ့လာသော အစိုးရမဟုတ်သောအဖွဲ့ အစည်းများ (Nongovenmental organizations NGOs) ၊တက္ကသိုလ်များ သုတေသနဌာန များ၏ လုပ်ဆောင်မှုများကို တိုးမြှင့်ပေးရန်မရှိမဖြစ်လိုအပ်လျက်ရှိနေပေသည်။ နိုင်ငံရေးအရ မှန်ကန်အောင် ထိန်းကျောင်းတည့်မတ်ပေးသည့် အဖွဲ့အစည်းများ အာဖရိကတိုက်ပေါ်တွင် ပိုလျှံစွာတည်ရှိနေပြီးဖြစ်ပေသည်။ လိုအပ်နေသောအရာမှာ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ အစည်းများနှင့်ပညာရပ်ပိုင်းဆိုင်ရာအရအကြံပြုပြောဆိုသောအဖွဲ့များ (advocacy groups) များကမလုပ်ဆောင်နိုင်သော လက်နက်ကိုင်တပ်ဖွဲ့များပါဝင်ပတ်သက်နေသော ကျယ်ပြန့် သောအရေးအရာများကို ထိတွေ့ကိုင်တွယ်လုပ်ဆောင်မည့် ပညာရှင်ဆန်သောမဟာဗျူဟာ မြောက်လေ့လာရေးဆိုင်ရာအဖွဲ့အစည်းများ (professional strategic -studies organizations) ပင်ဖြစ်ပေသည်။
မိမိဘာသာပြန်တင်ပြနေသော အရပ်ဘက်-စစ်ဘက်ဆိုင်ရာဘာသာပြန်ဆောင်းပါးများမှ ကူးယူအသုံးပြုခြင်းများပြုလုပ်ပါက မိမိ၏ ခွင့်ပြုချက်ယူ၍သော်၎င်း အနည်းဆုံး ကူးယူသူရေးသားဖေါ်ပြသော ဆောင်းပါး စာတမ်းစသည်တို့တွင် အောက်ခြေမှတ်စု footnote များဖြင့် မည်သည့်နေရာမှကူးယူဖေါ်ပြခဲ့ကြောင်းဖေါ်ပြပေးရန်။ ကျော်ထင် ဘာသာပြန်သူ ဖုံး ၀၀၄၇ ၉၉၂၅၁၉၈၈ နော်ဝေနိုင်ငံ။
ဖော်ထားမည့်စာကိုဒီနေရာမှာရေးပါ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment