Thursday, June 26, 2014

ကျနော်လှန်လှောကြည့်မိသော အင်္ဂလိပ်စကားလုံးများ (၄)

ကျနော်ဘလော့ မရေးဖြစ်ခဲ့သည်မှာ ကြာပြီ။ ဒီနေ့တော့ အရပ်ဘက်စစ်ဘက်ဆက်ဆံရေး ကိုလည်း ဆက်၍ဘာသာပြန်ဖြစ်ပြီးနောက်တွင်တော့ ဘလော့ ဆီပြန်ကြည့်ဖြစ်မိ၍ ရေးသား လိုစိတ်ပေါ်ပေါက်လာသည့်အတွက် ကျနော်လှန်လှောကြည့်သော အင်္ဂလိပ်စကားလုံးများ  (၄) ကို ရေးရန် စိတ်ရှိလာပါသည်။ ဒီနေ့ကျနော်ရေးသားတင်ပြလိုသည့် အင်္ဂလိပ်စကားလုံးတခုမှာ window -dressing  ဆိုသော ဝေါဟာရ တလုံးဖြစ်ပေသည်။ ထိုဝေါဟာရကို Collins English Dictionary တွင် အောက်ပါအတိုင်းဘာသာပြန်ထားပေသည်။ 1. the art of arranging goods in shop windows in such a way to attract customers. ဖေါက်သည်များကို ဆွဲဆောင်ရန်အတွက် ဈေးဆိုင်ပြူတင်းပေါက်များတွင် ကုန်ပစ္စည်းများအစီအစဉ်ခင်းကျင်းသည့် အနုပညာ သို့မဟုတ် အတတ်ပညာ။ 2. an attempt to make something seem better than it is by stressing only its attractive features. ထိုအင်္ဂလိပ်စာဘာသာပြန်ချက်ကို သေသေချာချာ ပြန်ဖတ်ယူလျှင် အင်္ဂလိပ်စာနှင့်ပတ်သက်၍ များစွာတိုးတက်နိုင်ပါသည်။ အဓိပ္ပါယ်မှာ တစုံတရာအား ၄င်းတွင်ရှိသည်ထက် ပို၍ကောင်းသည့်ပုံပေါက်အောင် ၄င်း၏ ဆွဲဆောင်မှုရှိသည့်အပိုင်းများကိုသာ အဓိကဦးစားပေး ဖေါ်ပြခြင်းအားဖြင့် ကြိုးစားခြင်း။ ဟူ၍ အဓိပ္ပါယ်ရပေသည်။ ကျနော်ပဲအင်္ဂလိပ်စာအဖတ်နည်းသွားလို့လား မသိပါ။ ထိုစာကြောင်းကို ၂ ခေါက် ၃ ခေါက် ပြန်ဖတ်ယူမှ နားလည်သွားပေသည်။ ထိုအဓိပ္ပါယ်ရှင်းလင်းချက်တွင် make နောက်တွင် object ခံ၍ verb 1 လိုက်နိုင်သည်ကို ၄င်း။ seem တို့ appear , stay, get စသည်တို့နောက်တွင် adjective တခါတည်းလိုက်လာနိုင်သည်ကို၎င်း တပါတည်း လေ့လာသွားနိုင်ပေသည်။ ထို အဓိပ္ပါယ်ရှင်းလင်းချက် ၀ါကျရေးသားပုံလေးအား တအားသဘောကျနေမိသည်။
ထိုဒုတိယအဓိပ္ပါယ်ဖွင့်ဆိုချက်တွင် တကယ်ရှိသည်ထက် ဟု ဆိုသဖြင့် မရိုးသားသည့်သဘော ကိုလည်း စာဖတ်သူများရိပ်မိနိုင်ပါသည်။ ပါးနပ်စွာအလိပ်မခံရဖို့ ဈေးကွက်စီးပွားရေးစနစ်တွင် ဈေးဝယ်သူများ သတိချပ်ကြဖို့ဖြစ်သည်။ ထိုဒုတိယအဓိပ္ပါယ်ရှင်းလင်းချက်တွင် တွဲ၍ပါလာသော နမူနာဝါကျလေးကို လေ့လာကြည့်စေချင်ပါသည်။
Do you think that the president's calling for an investigation is window-dressing og do you think he actually means to do something? သမတ၇ဲ့စုံစမ်းစစ်ဆေးရေးပြုလုပ်ရန်ဖိတ်ခေါ်ချက်အပေါ် မင်းအနေနဲ့ အပြကောင်းအောင်ပြုလုပ်တယ်လို့ထင်သလား။ ဒါမှမဟုတ် သူ့အနေနဲ့ တခုခုကို ပြုလုပ်စေချင်လိုတဲ့ ဆန္ဒတကယ်ရှိတယ်လို့မင်းထင်သလား။ အဲဒီစာကြောင်းမှာလည်း that clause ပါတဲ့ မေးခွန်းကိုလေ့လာနိုင်ပါတယ်။ Do you think ကိုသာ မေးခွန်း word order ဖြင့်ရေးရန်ဖြစ်ပြီး that clause နောက်မှာပါလည်သည့် ၀ါကျကို affirmative sentence အပြုဝါကျသာရေး၇န်ဖြစ်သည်။ that clause ပါသည့် ၀ါကျတခုကိုလေ့လာကြည့်ပါ။ How long do you think (that) we should wait? ငါတို့ဘယ်လောက်ကြာကြာစောင့်သင့်တယ်လို့မင်းထင်သလဲ။ တကယ်က How long ဟာ we should wait နဲ့သာတွဲ၍ဒီမေးခွန်းကို မေးသင့်တယ်လို့ကျနော်တို့ထင်နိုင်ပါတယ်။ ဒါပေမဲ့ How long ဟာ do you think နဲ့တွဲမေးတာကို လေ့လာရမှာဖြစ်ပါတယ်။ျWhat did you say (that) you wanted for Christmas?ခရစ်စမတ်အတွက် ဘာတွေလိုတယ်လို့မင်းပြောခဲ့သလဲ။ အဲဒီမေးခွန်းတွေမှာ အရှေ့ဆုံးမှာ ပါတဲ့ အမေးစကားလုံးဟာ that clause မှာပါတဲ့ အကြောင်းအရာနဲ့ဆက်စပ်မေးခွန်းဖြစ်တာ ကျနော်တို့ သတိပြုကြရပါ့မယ်။ အဲဒီ that clause ပါတဲ့ မေးခွန်းမှာ တခါတလေမှာ that ကို ချန်ထားပစ်ခဲ့သလို တခါတရံထည့်ပါတယ်။ ဒါပေမဲ့ that ဟာ that နောက်မှာပါလာတဲ့ လက်အောက်ခံဝါကျရဲ့ subject ပေါက်သွားစေနိုင်ရင်တော့ that ကို ချန်ကိုချန်ပစ်ခဲ့ရပါ့မယ်။ Who do you think is outside? အပြင်မှာဘယ်သူလို့ မင်းထင်သလဲ။ What do you suppose will happen now? အခုအချိန်မှာဘာတွေဖြစ်လာမယ်လို့ မင်းထင်သလဲ။
စာကိုဒီနေရာမှာရေးပါ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment