Sunday, July 25, 2010

ရေနံယိုဖိတ်မှုရဲ့သဘာဝပါတ်ဝန်းကျင်အပေါ်ရိုက်ခတ်မှု ၂

NOAA မှ ဆင်မဲန်သာဂျိုင်းယီး (Samanthe Joye) ၏ အဆိုအရ ပင်လယ်အောက်မှ ရေနံများက ငါး၊ငါးမန်း၊ cetacean ဟုခေါ်သော ဝေလငါး၊လင်းပိုင်တို့ကဲ့သို့သော ပင်လယ်နေ နို့တိုက်သတ္တ၀ါများ နှင့် မျောလေးများ၊ ပုဇွန်ဆိတ်ကလေးများ၊ သန္တာကောင်လေးများ၊ ဂဏန်းလေးများ နှင့် ပိုးကောင်ကလေးများအပါအ၀င်ဖြစ်သော ပင်လယ်နေ သတ္တ၀ါအငယ် လေးများ စသည်တို့ပါဝင်သော ကြီးမားသောပင်လယ်နေသတ္တ၀ါထုကြီးအား တိုက် ရိုက်ခြိမ်း ခြောက်မှု ဖြစ်စေလိမ့်မည်ဟုဆိုသည်။ ဒုတိယအုပ်စုဖြစ်သည့် ပင်လယ်နေသတ္တ၀ါအငယ်လေးများ အားအန္တာရယ်ဖြစ်စေမှုက ပင်လယ်အစားအစာအခြေခံတခုလုံးကို အပြောင်းအလဲဖြစ်စေပေ လိမ့်မည်။ ထိုဖိတ်စင် သောရေနံတို့သည် ကျယ်ပြန့်သော ပင်လယ်ကွေ့၏ ဂေဟစနစ်အား နာတာရှည်အကျိုးဆက်ကိုဖြစ်ပေါ်စေ လိမ့်မည်ဖြစ်သည်။ တခြားနေရာမှရသည်ထက် ထိုဒေသမှထွက်သော ပုဇွန်များ၊ ကမာကောင်မုတ်ကောင်များ အားအမှီပြုကာ ပင်လယ်ထွက်အစားအစာထုတ်လုပ်နေသော စက်ရုံများအားလည်း ရေရှည်အကျိုးဆက်သက် ရောက်စေလိမ့်မည် ဖြစ်သည်။
တခြားစိုးရိမ်စရာတခုမှာ ပင်လယ်အောက်ပျံ့မျောနေသောရေနံများကို ဖြိုခွဲအဆုံး သတ်ပစ်ရန်အသုံးပြု သည့် ဓါတုအမှုန်အမွှားအရည်စက်များက ပင်လယ်ကွေ့၏ဂေဟစနစ်နှင့် နေထိုင်သည့်သက်ရှိသတ္တ၀ါများကို မည်ကဲ့သို့ရိုက်ခတ်သက်ရောက်စေမလဲဆိုသည့်အချက် ပင်ဖြစ်သည်။ ဓါတုပစ္စည်းများတွင်ပါဝင်သည့် ပစ္စည်း များကိုထုတ်လုပ်သည့်ကုမ္ပဏီများက နီး နီးကပ်ကပ်ကိုင်တွယ်ကာ လျှို့ဝှက်ကုန်သွယ်အမှတ် တံဆိပ်ပြုလုပ် ထားသောကြောင့် ယင်း ပစ္စည်းများအမြောက်အမြားအသုံးပြုနေခြင်းအတွက်လုံခြုံမှုရှိမရှိကို အဏ္ဏ၀ါဇီဝဗေဒ ပညာရှင် များက ဆုံးဖြတ်ပြောဆိုနိုင်ရန်အတွက် မစိစစ်နိုင်သေးချေ။

(ဤဆောင်းပါးအားဘာသာပြန်ရာတွင် အဏ္ဏ၀ါဇီဝဗေဒအသုံးအနှုံးများ အတော်ပါလာသဖြင့် အချိန်ယူ၍ပြန် ဆိုရပါသဖြင့် အပိုင်းတပိုင်းချင်းအားခန့်နည်းနည်းသာပြန်ဆိုတင်ပြပေးနိုင်သည်ကို စာဖတ်သူများနားလည်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။ မူရင်းဆောင်းပါးအမည်မှာ Measuring Evironmental Impact of Gulf Oil Leak ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်ရေးရာမဂ္ဂဇင်း The Evironmental Magazine ကမ္ဘာမြေရေးရာပြောဆိုခြင်း Earth Talk အခန်းတွင်ရေးသားဖေါ်ပြထားသည်ကို အလျဉ်းသင့်သလို တတ်နိုင်သမျှတိကျစွာဘာသာပြန်ဆိုတင်ပြထားခြင်းဖြစ်ပါသည်။)


ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

1 comment:

  1. လာဖတ်သွားတယ် အကိုရေ..။
    အဆင်ပြေပါစေ။
    ကွန်းမန်း မရဘူးဆိုလို့ လာစမ်းရေးကြည့်တာလေ။

    ReplyDelete