Monday, July 7, 2014

အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး (စိန်ခေါ်မှု အပိုင်း၁)

စိန်ခေါ်မှု

    အာဖရိကကဲ့သို့သော ရုန်းရင်းဆန်ခတ်ဖြစ်သော အထိန်းရအသိမ်းရခက်သောဒေသ တွင် ပေါ်ထွန်းလာနေသော ဒီမိုကရေစီနိုင်ငံများ၏ ဗဟိုကျသောပြဿနာမှာ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လုံလောက်သောတည်ငြိမ်မှုကို မည်သို့သေချာစေမည်နည်း ဟူသည်ပင်ဖြစ် သည်။တည်ငြိမ်မှုသည် တခြားများစွာများအကြား၌ ထိရောက်သောစစ်တပ်ဖွဲ့များအပါအ၀င် ဖြစ်သော သင့်တင့်လုံလောက်သော လူမှုရေးဆိုင်ရာထိန်းချုပ်ရေးယန္တရားများ (social-control mechanism) များလိုအပ်ပေသည်။ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးဆိုင်ရာပြဿ နာများသည် ပေါ်ထွက်လာနေသောဒီမိုကရေစီနိုင်ငံများတွင် ပို၍အရေးတကြီးအဆောတလျင် အရေးယူဆောင်ရွက်ရမည့်အရာဖြစ်လာနေပေသည်။ သို့သော်လည်းယင်းအရာများသည် ပို၍တည်ဆောက်ထားပြီးသောအစိုးရများတွင်ဖြစ်ပျက်နေသည့် ပြဿနာများတွင် ပုံစံအားဖြင့် တူညီပေသည်။ ယင်းပြဿနာမှာ နိုင်ငံအတွက်အမှုထမ်းဆောင်နေသော စစ်တပ်ဖွဲ့များသည် သူတို့အတွက်ရည်စူးသတ်မှတ်ထားသောရည်မှန်းချက်များကိုသာဖြည့်ဆည်း၍ နိုင်ငံ၏အုပ်ချုပ်ရေးကို မခြိမ်းခြောက်ရန်ဖြစ်ပေသည်။
    စစ်တပ်သည် ဆုံးဖြတ်ချက်များချမှတ်ခြင်းဗဟိုဌာနများနှင့် ၄င်း၏ နီးကပ်စွာတည်ရှိနေ မှုကြောင့် ၄င်း၏ လုပ်သက်ရင့်အမိန့်ပေးအရာရှိများ သက်ဆိုင်ရာကဏ္ဍဌာနများ တွင်ဦး ဆောင်နေသော အဆင့်ဆင့်သောအရာရှိများကို ဖြတ်သန်းလျက် မူဝါများအပေါ်တွင် သြဇာ လွှမ်းမိုးရန် စွမ်းအားအရှိဆုံးသောနေရာတွင် ရှိနေပေသည်။ သို့သော်ငြားလည်း ဖွံ့ဖြိုးတိုး တက်ဆံနိုင်ငံများ၌ စစ်တပ်တွင် ဗျူရိုကရေစီအဖွဲ့အစည်းများအားလုံးများကြား၌ စွမ်းအားအရှိ ဆုံးဖြစ်စေမည့် အရင်းအမြစ်များရှိနေပေသည်။ စစ်တပ်ဖွဲ့များ၏ ဖွဲ့စည်းထူထောင်မှုများက အောက်ပါအချင်းအရာများကို ရယူပိုင်ဆိုင်ထားတတ်ကြပေသည်။
    ၁။ အဖွဲ့အစည်းဆိုင်ရာနှင့် ထောက်ပံ့ဖြည့်တင်းရေးဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်မှုကဏ္ဍ များတွင် (organizational and logistical autonomy) လူ့အဖွဲ့အစည်း၏ကျန်သည့် အစိတ်အပိုင်းထက် အဆင့်မြင့်မြင့်ရယူထားခြင်း။
    ၂။ စီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်သည့်အစုအဖွဲ့များရှိနေခြင်။ နှင့်
    ၃။ နိုင်ငံ၏ အင်အားသုံး၍ အတင်းအကျပ်ပြုလုပ်စေနိုင်သောယန္တရားကဏ္ဍများအား အသုံးပြုမှုကို လွှမ်းမိုးနိုင်သည့် အနီးအနား၌ ရှိနေမှု။
    စစ်တပ်ဖွဲ့များသည် အင်အားကို အသုံးပြု၍ ( force majeure) အာဏာကို သိမ်းပိုက် ရန်ရည်ရွယ်သော တသီးပုဂ္ဂလများ အုပ်စုများ၏ လွှမ်းမိုးလိုမှုများအပေါ် လိုက်နာလုပ်ဆောင် လိုသော အညှာလွယ်မှုများ ရှိလာခဲ့ပြီးလည်းဖြစ်ပြီး ဆက်လက်၍လည်း ၇ှိနေလိမ့်ဦးမည်ဖြစ် ပေသည်။ အညီအမျှအားဖြင့် တသီးပုဂ္ဂလစစ်ဘက်အမိန့်ပေးအရာရှိများကလည်း သူတို့၏ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုပြီး သူတို့၏တပ်ဖွဲ့များကို အစိုးရအား အာခံ ဆန့်ကျင်သော တပ်ဖွဲ့များအဖြစ်ပြောင်းလဲနိုင်သော အန္တရာယ်တခုသည်လည်း စစ်တပ်သည် သာလျှင် တခုတည်းသော ထိထိရောက်ရောက်လည်ပတ်နိုင်သောအဖွဲ့အစည်းအဖြစ် တည်ရှိ နေသောနေရာများတွင် သိသိသာသာကြီးကြီးမားမားရှိနေသောအရာဖြစ်ပေသည်။
    ထိုမြင်နေရသောခြိမ်းခြောက်မှုများရှိနေသည့်အခြေအနေတွင် အရပ်ဘက်အုပ်ချုပ်မှု ကို အကောင်းဆုံးထူထောင်မည်နည်း။ ထိရောက်မှုဖြစ်အောင်မည်သို့ပြုလုပ်မည်နည်း။
တခုမှတ်မိရန်အရေးကြီးသည်မှာ သေချာ၍အဖွဲ့အစည်းပုံစံတကျလည်ပတ်လုပ်ဆောင် နိုင်သော အရပ်ဘက်စိုးမိုးမှု(securely institutionalized civilian control) တည်ရှိသောနေရာသည် အရှည်သဖြင့်တည်ရှိလာခဲ့ပြီဖြစ်သောတမျိုးသားလုံးဆိုင်ရာအစဉ် အလာများ၊ အြစိုးရ၊ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်း နှင့် စစ်ဘက်ကိုယ်တိုင်တို့အား သက်ရောက်သော ပုံစံတကျနှင့် ပုံစံတကျမဟုတ်သော လုပ်ဆောင်မှုအတိုင်းအတာများ (formal and informal measures) ပါဝင်သော ရောနှောတည်ရှိနေသည့် တစုံလုံး အခြေ အနေများ တို့မှ ထုတ်လုပ်လိုက်သော ရလာဒ်ဖြစ်ပေသည်။ ထိုအခြေအနေတစုံလုံးက စစ်ဘက်တို့လည်ပတ်လုပ်ဆောင်သော ဘောင်ကို သတ်မှတ်ပေးပေသည်။ လောလောဆယ် ရည်မှန်းချက်များအတွက် ထိုလုပ်ဆောင်မှုအတိုင်းအတာများကို အုပ်စု ၃ ခုခွဲခြားနိုင်ပေသည်။

၁။ နိုင်ငံတကာဥပဒေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် ဥပဒေပြဌာန်းမှုများ (ဖြစ်လေ့ရှိတတ်သည်မှာ တ၀က်တပျက်ဖွဲ့စည်းပုံဆိုင်ရာ နှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ သို့မဟုတ် ကာကွယ်ရေးဆိုင်ရာဥပဒေများ- a quasi-constitutional national-security or defense act) မှ ဆင်းသက်လာသော သို့မဟုတ် ပါဝင်သော လုပ်ဆေင်မှုအတိုင်းအတာများ သည် ပထမအမျိုးအစားဖြစ်ခြင်း။
၂။ ဒုတိယအမျိုးအစားအုပ်စုမှာ နိုင်ငံ၏ ပုံစံတကျဖြစ်သော အာဏာစက်ကွင်းဘောင်အပြင် သို့ကျရောက်နေတတ်သော လုပ်ဆောင်မှုများဖြစ်ပြီး အရပ်ဘက်လူ့အဖွဲ့အစည်း (civil society) နှင့်ပတ်သက်စပ်ဆိုင်ပေသည်။ ၄င်းတို့အနက် သိသာထင်ရှားသောအရာများမှာ သတင်းမီဒီယာ၏အခန်းကဏ္ဍ၊ လွတ်လပ်သောပညာရှင်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံ၏ နိုင်ငံရေးအစဉ်အလာများနှင့် ထိုကဲ့သို့သောအ၇ာများဖြစ်ပေသည်။
၃။ နောက်ဆုံးလည်းဖြစ်ပြီးအလွန်လည်းအရေးကြီးသည့်အရာမှာ ထိုအပေါ်ကတင်ပြခဲ့သောအရာများသည် စစ်ဘက်တို့ကိုယ်တိုင်နှင့်လည်းဆက်စပ်နေပြီး ။ စစ်ဘက်၏ ယဉ်ကျေးမှု၊ စစ်တပ်အတွင်း စည်းမျဉ်းစည်းကမ်းမျာ၏ စနစ်တို့၏ သဘာဝ နှင့် စစ်ဘက်တို့၏ တာဝန်နှင့် အခန်းကဏ္ဍများကို လမ်းညွှန်နေသော အဓိကလမ်းညွှန်မူဝါဒ များ စသည်တို့ဖြစ်ပေသည်။
(ယခင်က ကျနော်ဘာသာပြန်သည့်အရပ်ဘက်စစ်ဘက်ဆက်ဆံရေး အခန်းဆက်ဆောင်းပါးများကို စည်းလုံးခြင်းသည်အင်အား ၀က်ဘ်ဆိုက်တွင် အခန်းဆက် အပတ်ပေါင်းများစွာတင်ပြခဲ့ပါသည်။ ယခုအခါ ကျနော့ဘလော့တွင် ဆက်လက်တင်ပြပါမည်။)
ဖော်ထားမည့်စာကိုဒီနေရာမှာရေးပါ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment