Friday, March 5, 2010
ဖုန်းမော် ၂၂ နှစ်ပြည့်ပြီ
လာမဲ့ မတ် ၁၃ ရက်နေ့ဆိုရင် ကျနော်တို့ရဲ့ ရဲဘော်ကြီး ကိုဖုန်းမော် ကျဆုံးခဲ့တာ ၂၂ တောင်ပြည့်ပါပြီ။ ကျနော်တို့ရဲ့ အဲဒီ ၁၉၈၈ မတ် ၁၃ ရက်နေ့က စခဲ့တဲ့ တိုက်ပွဲဟာ အခုထိ မပြီးသေးဘူး၊ ကျနော်တို့ ကိုဖုန်းမော်ကျဆုံးခဲ့တဲ့ မတ် ၁၃ ရက်နေ့ ကစပြီးတောင်းဆိုခဲ့တဲ့ တောင်းဆိုချက်တွေဟာအခုထိ မရသေးဘူး၊ ကျနော်တို့ နောင် မျိုးဆက်တွေအတွက် တာဝန်ကျေချင်ပါပြီ။ ဒီမိုကရေစီအတွက် ကျောင်းသားထုအတွက် အသက်ပေးသွားတဲ့ ကိုဖုန်းမော် တို့လိုရဲဘော်တွေအားလုံးအတွက် သူတို့မျှော်မှန်းခဲ့တာတွေအတွက် တာဝန်ကျေချင်ပါပြီ၊ ကျနော့်ရဲ့ အပြင်းထန်ဆုံးဆန္ဒ။ ဆန္ဒတကယ်ပြင်းထန်ရင် တကယ်ဖြစ်နိုင်တဲ့ နည်းလမ်းတွေ တွေ့မယ်လို့လည်းယုံကြည်ထားပါတယ်၊ ကျနော်တို့ ကျနော်တို့ရဲ့ ဒီမိုကရေစီအရေးတော်ပုံ အတွက်အစွမ်းကုန် ကြိုးစားကြပါစို့။ There is still a chance that we can see. I believe this. Let"s find it!
Subscribe to:
Post Comments (Atom)
No comments:
Post a Comment